Thursday, January 24, 2013

မွေးနေ့ အထိမ်းအမှတ် မိဘမဲ့ကလေး ၅ဝ ကို တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ပေးတဲ့ ဇော်ဝင်းထွဋ်

0 comments
ဇန်န၀ါရီ(၂၄)

တေးသံရှင် ဇော်ဝင်းထွဋ်က သူ၏ မွေးနေ့ ဇန်နဝါရီ ၂၁ ရက်တွင် စီးရီးသစ် ‘လူ’ကို ဖြန့်ချိလိုက်ပြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် မိဘမဲ့ကလေး အယောက် ၅ဝ ကို တိရစ္ဆာန် ဥယျာဉ်သို့ ပို့ဆောင်ပေး ခဲ့ကြောင်းသိရသည်။
စီးရီးဖြန့်ချိခြင်း အမှတ်တရ အဖြစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ က တိရစ္ဆာန် ဥယျာဉ်ရှိ အပျော်စီးလှေ အနီးတတွင် စာနယ်ဇင်း ရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး မွေးနေ့ အတွက် အမှတ်တရ အနေဖြင့် မိဘမဲ့ ကလေးများကို တိရစ္ဆာန် ဥယျာဉ်သို့ လိုက်လံပို့ဆောင်ခဲ့ ကြောင်း သိရသည်။ စီးရီးသစ် ‘လူ’တွင် ဇော်ဝင်းထွဋ် ပရိသတ် အကြိုက် သီချင်း ပုံစံများဖြစ်ပြီး စီးရီးတစ်ခုလုံးကို ဆောင်းဦးလှိုင်က ရေးသားကြောင်း သိရသည်။

”ဆောင်းဦးက ကျွန်တော့် အတွက် သီချင်းလေးတွေ ဖယ်ဖယ်ထားတယ်။ အခုအဲဒါလေးတွေ များလာတော့ ဆောင်ဦး သီချင်းတွေနဲ့ တစ်ခွေ လုပ်မယ်ဆိုပြီး လုပ်တာ။ ဒီအခွေ ထဲမှာ လက်ရှိ အနေအထားအရ အစွမ်းကုန် လုပ်ထားတယ်။ ‘လူ’ လို့ပေးတာကတော့ လူအချင်းချင်း လူလိုမြင်စေချင်တယ်။ လူမှာ စဉ်းစားဥာဏ် ရှိတယ်။ လူ အချင်းချင်း လေးစားမှုရှိ သင့် တယ်။ အဲဒီလို မက်ဆေ့ခ်ျလေး ပေးတာပါ”ဟု ဇော်ဝင်းထွဋ်က ပြောသည်။ ဇော်ဝင်းထွဋ်က စီးရီးသစ် ထွက်ပြီးနောက် Show  ပွဲတွေပြန်လုပ် ဖို့ စီစဉ်ထားပြီး ဖေဖော်ဝါရီ လမှာ ပြုလုပ်မည်ဟုဆိုသည်။ ထို့အပြင် သင်္ကြန် မတိုင်ခင် အင်ပါယာ တီးဝိုင်းနှင့် လက်တွဲခဲ့ကြသည့် တေး သံရှင်များ အားလုံးနဲ့ စုစည်းပြီးလည်း Rock Concert ကြီးတစ်ခုလည်း ပြုလုပ် ဖို့စီစဉ်ထားကြောင်းပြောသည်။                        
ရဲရဲ -popularmyanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here