Thursday, January 24, 2013

၂ဝ၁၂-၂ဝ၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့

0 comments
ဇန်န၀ါရီ(၂၄)

Photo: ၂ဝ၁၂-၂ဝ၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ Thursday, January 24, 2013   ၂ဝ၁၂-၂ဝ၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေ ဖျက်ဆီးလျက်ရှိရာ ၁-၉-၂ဝ၁၂ ရက်နေ့မှ ၁၄-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅ဝ၉.၈ဝ ဧက (၂၈၉၃၉.၆၂)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။  ဆက်လက်၍ ၁၅-၁-၂ဝ၁၃ ရက်နေ့မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်းဖျက်ဆီးမှုများမှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၄၆၆)ဧက၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၄၂.၅ဝ)ဧက၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ဘိန်းခင်း (၅၈)ဧက၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိန်းခင်း (၂၅)ဧက၊ လားရှိုးမြို့နယ် အတွင်းရှိ ဘိန်းခင်း (၂၉.၅ဝ)ဧက၊ တန့်ယန်းမြို့နယ် အတွင်းရှိ ဘိန်းခင်း (၁၂၂.၅ဝ)ဧက၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိဘိန်းခင်း (၁၁.၁၅)ဧကနှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂.၃ဝ)ဧက ပေါင်း (၈၆၆.၉၅)ဧက ထပ်မံ ဖျက်ဆီးနိုင်ခဲ့ရာ ၁-၉-၂ဝ၁၂  မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။  Myanmar Police Force
 

















၂ဝ၁၂-၂ဝ၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေ ဖျက်ဆီးလျက်ရှိရာ ၁-၉-၂ဝ၁၂ ရက်နေ့မှ ၁၄-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅ဝ၉.၈ဝ ဧက (၂၈၉၃၉.၆၂) ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ၁၅-၁-၂ဝ၁၃ ရက်နေ့မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်းဖျက်ဆီးမှုများမှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် အတွင်း ရှိ ဘိန်းခင်း (၄၆၆)ဧက၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၄၂.၅ဝ)ဧက၊ ဖယ်ခုံမြို့နယ်အတွင်း ရှိ ဘိန်းခင်း (၅၈)ဧက၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိန်းခင်း (၂၅)ဧက၊ လားရှိုးမြို့နယ် အတွင်းရှိ ဘိန်းခင်း (၂၉.၅ဝ)ဧက၊ တန့်ယန်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂၂.၅ဝ)ဧက၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိဘိန်းခင်း (၁၁.၁၅)ဧကနှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂.၃ဝ)ဧက ပေါင်း (၈၆၆.၉၅)ဧက ထပ်မံ ဖျက်ဆီး နိုင်ခဲ့ရာ ၁-၉-၂ဝ၁၂ မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇) ဟက်တာ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Police Force

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here