Tuesday, January 22, 2013

“ငါးမန်းကို အမြီးမှကိုင်ကာ သောင်ပြင်ပေါ်ဆွဲတင်ခဲ့သည့် ဗြိတိန်သား”

0 comments

Photo: “ငါးမန်းကို အမြီးမှကိုင်ကာ သောင်ပြင်ပေါ်ဆွဲတင်ခဲ့သည့် ဗြိတိန်သား”

ဩစတြေးလျ နိုင်ငံတွင် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တစ်ဦးသည် ကလေးများထံ ဦးတည်သွားသော ငါးမန်းတစ်ကောင်ကို အမြီးမှကိုင်ကာ သောင်ပြင်ပေါ် ဆွဲတင်လာခဲ့ကြောင်း သိရှိရသည်။

အသက်(၆၂)နှစ် ရှိပြီဖြစ်သော ပေါလ်မာရှယ်လ်ဇီသည် သူရဲကောင်းဆန်သော အဆိုပါ လုပ်ရပ်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့ပြီး ယင်းကို ဩစတြေးလျ ရုပ်မြင်သံကြား မှတ်တမ်းအဖွဲ့ တစ်ခုကလည်း အမိအရ ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့သည်။ 

ငါးမန်းဆူးတောင်ကို မြင်တွေ့ရပြီးနောက် လူအများက ကြောက်လန့်တကြား အော်ဟစ် သတိပေးနေချိန်တွင် ပေါလ်သည် တစ်စက်ကလေးမျှ တုံ့ဆိုင်းမနေခဲ့ချေ။ ၎င်းသည် ကမ်းခြေတွင် အသားကင် ပြုလုပ်နေရာမှ ရေထဲပြေးဆင်းကာ ရေတိမ်ပိုင်းထိ ကျူးကျော်ဝင်ရောက်လာသည့် ငါးမန်းကို ရှာဖွေခဲ့သည်။

ထို့နောက် အဆိုပါ ငါးမန်းသည် ရော်ဘာလှေစီးနေသည့် ကလေးငယ်များဘက် ဦးတည်နေကြောင်း တွေ့ရှိပြီးနောက် ပေါလ်သည် တစ်စက္ကန့်မျှ မစိုင်းဘဲ ငါးမန်း၏ အမြီးကို ပြေးဆွဲခဲ့သည်။ မိမိကိုယ်တိုင် အန္တရာယ် ရှိနိုင်သည်ကိုပင် မတွေးတော၊ မစိုးရိမ်နိုင်ဘဲ ပေါလ်သည် အရှည်(၆)ပေကျော်ရှိသော သတ္တဝါကြီးကို ပင်လယ်ထဲမှ ဆွဲတင်လာခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/20783

Planet Myanmar Network

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here