Thursday, February 7, 2013

၆၆ နှစ်ပြည့် ရှမ်းပြည်နယ်နေ့ ပြည်တွင်းပြည်ပတွင် ကျင်းပ

0 comments
ဖေဖော်ဝါရီ(၇)
ဒီနေ့ကျရောက်တဲ့ ၆၆ နှစ်ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်အပါ အ၀င် မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျင်းပခဲ့ကြပါတယ်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တပ်မတော်ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ရှမ်းပြည်နယ်နေ့ကျင်းပရာ ရှမ်းပြည် တပ်မတော်မြောက်ပိုင်းနဲ့ မိုင်းလားအဖွဲ့၊ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့၊ ကေအန်ပီပီ ကရင်နီတပ်ဖွဲ့၊ ကလလတ ကရင်နီ လူမျိုးပေါင်းစုံ တပ်ပေါင်းစုအဖွဲ့၊ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ စတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်။

ဒီနေ့ အခမ်းအနားမှာ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က စည်းလုံးညီညွတ်ရေးဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ တည်ဆောက်ရတာ ခက်ခဲတယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမရသေးကြောင်း ပြောဆိုသွားပါတယ်။

“အစိုးရနဲ့ ကချင်တိုက်ခိုက်နေတာ ကျနော်တို့ သဘောမတူပါဘူး။ တဖက်ကို အပစ်ရပ်ပြီး တဖက်ကိုတိုက်ခိုက်နေတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးရနိုင်မှာ မဟုတ်ပါဘူး။ အစိုးရက ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်ခတ်ရပ်ရမယ်။မြန်မာပြည်ငြိမ်းချမ်းရေးကို ကျနော်တို့လိုလားတယ်။ ဒါပေမယ့် မြန်မာပြည်ငြိမ်းချမ်းရေးမရသေးပါဘူး။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်အတိုင်း မလိုက်နာဘူး။”

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ မြို့တော်ခန်းမမှာလည်း ရှမ်းပြည်နယ်အစိုးရက ဦးစီးပြီး ဒီနေ့ မနက် ၇ နာရီက ပြည်တော်စု အလံနဲ့ ရှမ်းပြည်နယ်အလံတွေ လွှင့်ထူပြီး အခမ်းအနားကျင်းပပါတယ်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် စ၀်အောင်မြတ်က ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းနဲ့ တိုင်းရင်းသားအသင်းအဖွဲ့ကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၄၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ရှမ်းပြည်နယ်နေ့ ကျင်းပရေးကော်မတီအဖွဲ့ဝင်ဦးခင်မောင်စိန် က ပြော ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်နေ့ကို
ရွေးချယ်ပြီး တောင်ကြီးမြို့မှာ ပါတီရုံးခွဲဖွင့်လှစ်ခဲ့ပြီး ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ နိုင်ငံရေးပါတီ မိတ်ဆွေတွေနဲ့ ရပ်မိရပ်ဖ လူထု အခြေပြုအဖွဲ့အစည်းတွေက လူပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးအပါအ၀င် ရှမ်းပြည်နယ် မိုးနဲ၊ လဲချား၊ တာချီလိတ်၊ မူဆယ် စတဲ့နေရာတွေမှာလည်း ကျင်းပခဲ့ပြီး တောင်ကြီးမြို့ အေးသာယာမြို့သစ်က နည်းပညာတက္ကသိုလ်မှာလည်း ရှမ်းကျောင်းသူ၊ ကျောင်းသားတွေ ဦးစီးပြီး ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ အုပ်ချုပ်သူ စော်ဘွားနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ရှမ်းပြည်လွတ်လပ်ရေးအတွက် ညီလာခံ ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်က စော်ဘွားနဲ့ပြည်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ စည်းလုံး ညီညွတ်မှုရခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းပြည်နယ်သူ
ပြည်နယ်သားအားလုံးနဲ့သက်ဆိုင်တဲ့ ရှမ်းပြည်နယ်နေ့အဖြစ် ရှမ်းပြည်ကောင်စီဥက္ကဋ္ဌ စ၀်ခွန်ပန်းစိန်က သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။


၆၆ နှစ်ပြည့် ရှမ်းပြည်နယ်နေ့ ပြည်တွင်းပြည်ပတွင် ကျင်းပ
Thursday, February 07, 2013

ဒီနေ့ကျရောက်တဲ့ ၆၆ နှစ်ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ ကျင်းပခဲ့ကြပါတယ်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တပ်မတော်ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ရှမ်းပြည်နယ်နေ့ကျင်းပရာ ရှမ်းပြည်တပ်မတော်
မြောက်ပိုင်းနဲ့ မိုင်းလားအဖွဲ့၊ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့၊ ကေအန်ပီပီ ကရင်နီတပ်ဖွဲ့၊ ကလလတ ကရင်နီ လူမျိုးပေါင်းစုံ တပ်ပေါင်းစုအဖွဲ့၊ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ စတဲ့ လက်နက်ကိုင်
တော်လှန်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်။

ဒီနေ့ အခမ်းအနားမှာ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က စည်းလုံးညီညွတ်ရေးဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ တည်ဆောက်ရတာ ခက်ခဲတယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး
မရသေးကြောင်း ပြောဆိုသွားပါတယ်။

“အစိုးရနဲ့ ကချင်တိုက်ခိုက်နေတာ ကျနော်တို့ သဘောမတူပါဘူး။ 
တဖက်ကို အပစ်ရပ်ပြီး တဖက်ကိုတိုက်ခိုက်နေတာဟာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးရနိုင်မှာ မဟုတ်ပါဘူး။ 
အစိုးရက ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်ခတ်ရပ်ရမယ်။
မြန်မာပြည်ငြိမ်းချမ်းရေးကို ကျနော်တို့လိုလားတယ်။ ဒါပေမယ့် မြန်မာပြည်ငြိမ်းချမ်းရေးမရသေးပါဘူး။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်အတိုင်း မလိုက်နာဘူး။”

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ မြို့တော်ခန်းမမှာလည်း ရှမ်းပြည်နယ်အစိုးရက ဦးစီးပြီး ဒီနေ့ မနက် ၇ နာရီက ပြည်တော်စုအလံနဲ့ ရှမ်းပြည်နယ်အလံတွေ လွှင့်ထူပြီး အခမ်းအနားကျင်းပပါတယ်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် စ၀်အောင်မြတ်က ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာနဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းနဲ့ တိုင်းရင်းသားအသင်းအဖွဲ့ကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၄၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ရှမ်းပြည်နယ်နေ့ ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်စိန်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်နေ့ကို
ရွေးချယ်ပြီး တောင်ကြီးမြို့မှာ ပါတီရုံးခွဲဖွင့်လှစ်ခဲ့ပြီး ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ နိုင်ငံရေးပါတီ မိတ်ဆွေတွေနဲ့ ရပ်မိရပ်ဖ လူထု အခြေပြုအဖွဲ့အစည်းတွေက လူပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးအပါအ၀င် ရှမ်းပြည်နယ် မိုးနဲ၊ လဲချား၊ တာချီလိတ်၊ မူဆယ် စတဲ့နေရာတွေမှာလည်း ကျင်းပခဲ့ပြီး တောင်ကြီးမြို့ အေးသာယာမြို့သစ်က နည်းပညာတက္ကသိုလ်မှာလည်း ရှမ်းကျောင်းသူ၊ ကျောင်းသားတွေ ဦးစီးပြီး ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ အုပ်ချုပ်သူ စော်ဘွားနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ရှမ်းပြည်လွတ်လပ်ရေးအတွက် ညီလာခံ ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်က စော်ဘွားနဲ့ပြည်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ စည်းလုံး ညီညွတ်မှုရခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းပြည်နယ်သူ
ပြည်နယ်သားအားလုံးနဲ့သက်ဆိုင်တဲ့ ရှမ်းပြည်နယ်နေ့အဖြစ် ရှမ်းပြည်ကောင်စီဥက္ကဋ္ဌ စ၀်ခွန်ပန်းစိန်က သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

နန်းမြနဒီ DVB
DVB TV News
DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here