Wednesday, February 13, 2013

ထိုင်းနိုင်ငံရှိ တရားဝင်ရွှေ့ပြောင်းလုပ်သားအချို့ ဥပဒေမှပေးသော အကာအကွယ်မှ လက်လွတ်လျက်ရှိနေ

0 comments




ထိုင်းနိုင်ငံသို့တရားဝင် ရွှေ့ ပြောင်းလုပ်ကိုင်နေသော မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ရှိ 
အလုပ်သမား ၀န်ကြီးဌာနမှ တရားဝင်လိုင်စင် ဖြင့် သွားရောက်လုပ်ကိုင်ခြင်းဖြစ် သည့်အတွက် တစ်ဖက်နိုင်ငံ၏ အလုပ်သမားအခွင့်အရေးများ အတိုင်း ခံစားခွင့်ရှိသည်ဟု ဆို ထားပါသော်လည်း လက်တွေ့ တွင်မူ တရားဝင်ရွှေ့ပြောင်း လုပ် သားများဘ၀မှာ လုပ်အားအပေါ် အမြတ်ထုတ်ခံရခြင်းများ၊ အနိုင် ကျင့်ခံရမှုများ ရှိနေကြောင်း Hot News သတင်းထောက်နှင့်တွေ့ ဆုံစဉ် တရားဝင်ရွှေ့ပြောင်း မြန်မာ လုပ်သားများက ရင်ဖွင့်ပြောကြား ကြသည်။
““ကျွန်တော်တို့ မြန်မာလုပ် သားတွေမှာ မြန်မာပြည်ဝန်ကြီး ဌာနမှာ လေဘာကဒ်တွေလုပ်ပြီး တရားဝင်လာကြတာ ဒီမှာက မြန်မာလုပ်သားဆို အရမ်းနှိပ်ကွပ် တယ်။ ကိုယ်ရတဲ့လစာ မြန်မာ တစ်ယောက်ကိုပေးတဲ့ လုပ်ခငွေ က ထိုင်းတစ်ယောက်ရဲ့ လေးပုံပုံ တစ်ပုံစာပဲရှိတယ်နော်။ မလိုရင် မလိုသလို အပြစ်ရှာပြီး လုပ်အား ခတွေ  ဖြစ်သေးတယ်။  ဒီလို မတရားခံနေရပေမယ့် ကိုယ့်နိုင်ငံ မှာကလည်း ဘာအလုပ်အကိုင် အခွင့်အလမ်းမှ မရှိတာ။ ဒီလိုပဲ ကြိတ်မှိတ်လုပ်နေရတာပေါ့ဗျာ”” ဟု ပူကင်းပြည်နယ် Superchit စက်ရုံမှ မြန်မာရွှေ့ပြောင်းလုပ် သားတစ်ဦးက ဆိုသည်။
မကြာသေးမီက Hot News ဂျာနယ်သတင်းထောက်နှင့် အလုပ်သမားဝန်ကြီးဌာန အဆင့် မြင့်အရာရှိကြီးတစ်ဦးနှင့်တွေ့ဆုံ ၍လည်း ယင်းအရာရှိကြီးမှ တရားမ၀င်သွားရောက် လုပ်ကိုင် သူများသာ လုပ်အားအပေါ် အမြတ်ထုတ်ခံရခြင်းများ၊ ညှဉ်း ပန်းနှိပ်စက်ကလူပြုခြင်းများ ခံရ လေ့ရှိပြီး တရားဝင်အထောက် အထားဖြင့် သွားရောက်သူများ မှာမူ သက်ဆိုင်ရာနိုင်ငံမှ ထုတ် ပြန်ထားသည့် ဥပဒေများအရ အခွင့်အရေးများ၊ ရပိုင်ခွင့်နှင့် ဥပဒေ၏ အကာအကွယ်ပေးမှု များရှိကြောင်း ပြောကြားခဲ့ပြီး လက်တွေ့တွင်မူ တရားဝင်မြန်မာ အလုပ်သမားများအဖြစ်မှာ တရားဝင်ပါသော်လည်း ဥပဒေမှ ပေးသော ခံစားခွင့်များ ဆုံးရှုံးနေ ရလျက်ရှိကြောင်း သိရသည်။
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here