Sunday, February 10, 2013

ဟင်္သာတမြို့တွင် ရဲသတင်းပေးတစ်ဦးရဲ့ လိုင်စင်မဲ့ကားတစ်စီးအား ဖမ်းဆီး

0 comments
ဖေဖော်ဝါရီ(၁၀)

ဟင်္သာတမြို့တွင် ရဲသတင်းပေးတစ်ဦးရဲ့ လိုင်စင်မဲ့ကားတစ်စီးအား ဖမ်းဆီး  ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၀ ။  ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ် အင်္ဂပိုလ်လမ်း ချောင်းဖျားကြီးနေ ခင်မောင်မြင့် (ရဲ သတင်းပေး) ပိုင်ဆိုင်သော လိုင်စင်မဲ့ဆလွန်းကား (၁ခ/၁၁၂၁) ကို ယမန်နေ့ည (၉-၂-၂၀၁၃)နေ့ ည ၁၁ နာရီ ၀န်းကျင်က အမှတ်(၁) ရဲအုပ် ဇော်မိုးနိုင် နှင့် အမှတ်(၂) ရဲအုပ် ၀င်းနိုင်ထွန်းတို့မှ ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ယမန်နေ့ညက ခင်မောင်မြင့် (ရဲ သတင်းပေး) နှင့် သင်ဇော်ထွန်း (White Club စားသောက်ဆိုင်၊ သစ် ကုန်သည်)တို့ နှစ်ဦး (ယခင် သစ်ကိစ္စအရူပ်အထွေးများကြောင့်) စကားများ ရန်ဖြစ်ကြရာ မှ အစပြုကာ ရဲများရောက်လာပြီး ခင်မောင့်မြင့်၏ကားမှာ လိုင်စင်မဲ့ဖြစ်သည် ဟု သိရှိရသောကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။   ဟင်္သာတခရိုင် ဒ/န ရဲတပ်ဖွဲ့၏ သတင်းပေး ဟု ခေါ်သော ခင်မောင်မြင့် ဆိုသူကြောင့် ဟင်္သာတခရိုင် အတွင်း ရှိ ပြည်သူများစွာ ထိခိုက် ဒုက္ခ ရောက်ခဲ့ကြရပြီး လက်ရှိတာဝန်ထမ်းဆောင်နေသော ခရိုင် ဒ/န ရဲတပ်ဖွဲ့ တာဝန်ခံ ရဲအုပ် မြင့်ခိုင် ဟင်္သာတသို့ ရောက်ရှိတာဝန်ကျချိန်မှ စ၍ ခင်မောင်မြင့် သတင်းပေး လုပ်ခဲ့ကြောင်း၊ အဆိုပါ သတင်းပေး လုပ်နေသူ ခင်မောင်မြင့် သည် ကောင်းမွန်စွာ စီးပွားရှာခဲ့သော လူကောင်း တစ်ဦး မဟုတ်ဘဲ ယခင်က သူကိုယ်တိုင် လောင်းကစားဒိုင် ဖြင့် စီးပွားရှာခဲ့သူ ဖြစ်ရာ ယင်း ဒ/န တာဝန်ခံ ရောက်ရှိရာမှ ဖော်ကောင် လုပ်ခြင်း၊ လာဘ်ငွေများ အား ဒ/န အမည်သုံးကာ တောင်းယူခြင်း၊ သစ်မှောင်ခို များ ထံ ဆပ်ကြေးတောင်းခြင်း၊ ဖမ်းမိပါက သူနှင့် ညှိနှိုင်းရခြင်း တို့ ရှိနေကြောင်း မြို့ခံများက ပြောပြပါသည်။ ဖမ်းဆီးရရှိမိခဲ့၍ တရားစွဲဆိုရာတွင် ဟင်္သာတခရိုင် ဒ/န ရဲတပ်ဖွဲ့ ပါဝင် ဖမ်းဆီးသည့် အမှု ဖြစ်ပါက များသော အားဖြင့် ဦးခင်မောင်မြင့် အား သက်သေစာရင်းတွေ ပါဝင်ခဲ့ကြောင်း ကြုံတွေ့ခဲ့ရသူများက ဆိုသည်။  “ဒ/န က ရဲက ဘယ်ဟာမှန်းတော့ အသေအချာ မသိဘူး။ ခင်မောင်မြင့် ကတော့ နေရာတိုင်း ပါတယ်။ ပြောနေလည်း အရေးမယူရင် သိမှာ မဟုတ်ပါဘူး။ ပြောလည်း မောတာပဲ ရှိမှာ။ သူတို့ ခေတ်ကိုး။ ဒ/န က ဖမ်းတဲ့ အမှု ဆိုရင် အရင်ဆုံး သူနဲ့ ညှိရတယ်။ ပြေလည်ရင်တော့ အလျှော့အတင်း လုပ်လို့ ရတယ်။ တောင်းတဲ့ငွေက သိန်း ချီပြီး တောင်းတော့ တတ်နိုင်တဲ့သူ လောက်ပဲ ပြီးသွားတာ။ ဥပဒေ အရ ရင်ဆိုင်လည်း သူတို့တွေဘဲ ပါနေတော့ ရှုံး တာပါဘဲ ဗျာ”ဟု အမှုနှင့် ဆက်ဆံခဲ့ရသူ တစ်ဦးက ပြောပြသည်။  “အခုလို ခင်မောင်မြင့်ရဲ့ ကားကို ဖမ်းလိုက်တာ တော်တော် အံ့သြဖို့ကောင်းတယ်၊ တမြို့လုံးက ဒီကောင်ကို ကြည့်မရတာကြာပြီ၊ ဖမ်းပြီးနောက်ပိုင်း တရား ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးဆုံးပဲ” ဟု မြို့ခံတစ်ဦးက ပြောဆိုပါသည်။ ဟင်္သာတမြို့သူ၊ မြို့သားအားလုံးက ဤအမှုဖြစ်စဉ်အား စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း သတင်းရရှိပါသည်။ ACM Re-post Time: 2013 Feb 10  News from: Hinthata HumanRights  အေးချမ်းမွန်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ် အင်္ဂပိုလ်လမ်း ချောင်းဖျားကြီးနေ ခင်မောင်မြင့် (ရဲ သတင်းပေး) ပိုင်ဆိုင်သော လိုင်စင်မဲ့ဆလွန်းကား (၁ခ/၁၁၂၁) ကို ယမန်နေ့ည (၉-၂-၂၀၁၃)နေ့ ည ၁၁ နာရီ ၀န်းကျင်က အမှတ်(၁) ရဲအုပ် ဇော်မိုးနိုင် နှင့် အမှတ်(၂) ရဲအုပ် ၀င်းနိုင်ထွန်းတို့မှ ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညက ခင်မောင်မြင့် (ရဲ သတင်းပေး) နှင့် သင်ဇော်ထွန်း (White Club စားသောက်ဆိုင်၊ သစ် ကုန်သည်)တို့ နှစ်ဦး (ယခင် သစ်ကိစ္စအရူပ်အထွေးများကြောင့်) စကားများ ရန်ဖြစ်ကြရာ မှ အစပြုကာ ရဲများရောက်လာပြီး ခင်မောင့်မြင့်၏ကားမှာ လိုင်စင်မဲ့ဖြစ်သည် ဟု သိရှိရသောကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


ဟင်္သာတခရိုင် ဒ/န ရဲတပ်ဖွဲ့၏ သတင်းပေး ဟု ခေါ်သော ခင်မောင်မြင့် ဆိုသူကြောင့် ဟင်္သာတခရိုင် အတွင်း ရှိ ပြည်သူများစွာ ထိခိုက် ဒုက္ခ ရောက်ခဲ့ကြရပြီး လက်ရှိတာဝန်ထမ်းဆောင်နေသော ခရိုင် ဒ/န ရဲတပ်ဖွဲ့ တာဝန်ခံ ရဲအုပ် မြင့်ခိုင် ဟင်္သာတသို့ ရောက်ရှိတာဝန်ကျချိန်မှ စ၍ ခင်မောင်မြင့် သတင်းပေး လုပ်ခဲ့ကြောင်း၊ အဆိုပါ သတင်းပေး လုပ်နေသူ ခင်မောင်မြင့် သည် ကောင်းမွန်စွာ စီးပွားရှာခဲ့သော လူကောင်း တစ်ဦး မဟုတ်ဘဲ ယခင်က သူကိုယ်တိုင် လောင်းကစားဒိုင် ဖြင့် စီးပွားရှာခဲ့သူ ဖြစ်ရာ ယင်း ဒ/န တာဝန်ခံ ရောက်ရှိရာမှ ဖော်ကောင် လုပ်ခြင်း၊ လာဘ်ငွေများ အား ဒ/န အမည်သုံးကာ တောင်းယူခြင်း၊ သစ်မှောင်ခို များ ထံ ဆပ်ကြေးတောင်းခြင်း၊ ဖမ်းမိပါက သူနှင့် ညှိနှိုင်းရခြင်း တို့ ရှိနေကြောင်း မြို့ခံများက ပြောပြပါသည်။
ဖမ်းဆီးရရှိမိခဲ့၍ တရားစွဲဆိုရာတွင် ဟင်္သာတခရိုင် ဒ/န ရဲတပ်ဖွဲ့ ပါဝင် ဖမ်းဆီးသည့် အမှု ဖြစ်ပါက များသော အားဖြင့် ဦးခင်မောင်မြင့် အား သက်သေစာရင်းတွေ ပါဝင်ခဲ့ကြောင်း ကြုံတွေ့ခဲ့ရသူများက ဆိုသည်။

“ဒ/န က ရဲက ဘယ်ဟာမှန်းတော့ အသေအချာ မသိဘူး။ ခင်မောင်မြင့် ကတော့ နေရာတိုင်း ပါတယ်။ ပြောနေလည်း အရေးမယူရင် သိမှာ မဟုတ်ပါဘူး။ ပြောလည်း မောတာပဲ ရှိမှာ။ သူတို့ ခေတ်ကိုး။ ဒ/န က ဖမ်းတဲ့ အမှု ဆိုရင် အရင်ဆုံး သူနဲ့ ညှိရတယ်။ ပြေလည်ရင်တော့ အလျှော့အတင်း လုပ်လို့ ရတယ်။ တောင်းတဲ့ငွေက သိန်း ချီပြီး တောင်းတော့ တတ်နိုင်တဲ့သူ လောက်ပဲ ပြီးသွားတာ။ ဥပဒေ အရ ရင်ဆိုင်လည်း သူတို့တွေဘဲ ပါနေတော့ ရှုံး တာပါဘဲ ဗျာ”ဟု အမှုနှင့် ဆက်ဆံခဲ့ရသူ တစ်ဦးက ပြောပြသည်။

“အခုလို ခင်မောင်မြင့်ရဲ့ ကားကို ဖမ်းလိုက်တာ တော်တော် အံ့သြဖို့ကောင်းတယ်၊ တမြို့လုံးက ဒီကောင်ကို ကြည့်မရတာကြာပြီ၊ ဖမ်းပြီးနောက်ပိုင်း တရား ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးဆုံးပဲ” ဟု မြို့ခံတစ်ဦးက ပြောဆိုပါသည်။ ဟင်္သာတမြို့သူ၊ မြို့သားအားလုံးက ဤအမှုဖြစ်စဉ်အား စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း သတင်းရရှိပါသည်။

by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here