Friday, February 8, 2013

ဆိုင်ကယ်(၂)စီးပျောက်ဆုံးမှုကို စစ်ဆေးရာမှ ယခင်ခိုးထားခဲ့သော ဆိုင်ကယ်(၇)စီး ထပ်မံဖော်ထုတ်ရရှိခဲ့သည့် ရွှေကျင်မြို့ကဖြစ်ရပ်

0 comments
ဖေဖော်ဝါရီ(၈)

ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၅)နာရီအချိန်တွင် ရွှေကျင် မြို့၊ ရှမ်းကြေးရပ်ကွက်နေသူ ကိုစိုးထွန်းအောင်ဆိုသူမှာ ၄င်း၏ ဆိုင်ကယ်များဖြစ်သည့် ထိုင်းနိုင်ငံ လုပ် (HONDA WAVE 110)မီး ခိုးရောင် တန်ဖိုး(၈)သိန်းနှင့် တရုတ်လုပ် (NEWANBO)နီ+ နက်ရောင်တန်ဖိုး(၆)သိန်းရှိ ဆိုင် ကယ်(၂)စီးအား နေအိမ်ခြေရင်း ရှိ ဂိုဒေါင်အတွင်း သိမ်းထားခဲ့ စဉ် ပျောက်ဆုံးသွားကြောင်း သိရှိရသည်ဆို၏။
ကိုစိုးထွန်းအောင်က ရွှေကျင်ရဲစခန်း၌ဆိုင်ကယ် ပျောက်ဆုံးမှုကို သွားရောက် တိုင်တန်းသဖြင့် (ပ)၁၉/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၈ဝ အရ တိုင်ချက် ရေးဖွင့်ထားရှိပြီး စုံစမ်းထောက် လှမ်းခဲ့ရာ ရွှေကျင်မြို့နယ် သောင် လယ်ကျေးရွာ ကားလမ်းနံဘေးရှိ ကျော်ဝင်းထွန်းဆိုသူထံသို့ အမည်မသိ လူ(၃)ယောက်က အခင်းဖြစ်ညက ဆိုင်ကယ်တစ်စီး ပျက်နေ၍ ပြုပြင်ပေးရန် လာ ရောက်အပ်နှံထားကြောင်းသိရ၍ ဆိုင်ရှင်နှင့်ဆက်သွယ်ပြီး ဆိုင် ကယ်လာယူသောနေ့တွင် အဆို ပါ လူ(၃)ယောက်ကို ဖမ်းဆီးခဲ့သည်ဆို၏။
ဖမ်းဆီးရမိသူအောင်ကြီး(၁၉) နှစ် ရွှေကျင်မြို့ ကျွဲတဲရပ်ကွက်၊ ရန်ကုန်မြို့၊ လှိုင်သာယာမှ ကျော်သူ(၂၃)နှစ်နှင့် စိုးမင်းထူး (၂၃)နှစ်တို့ (၃)ဦး၏အစစ်ခံထွက်  ဆိုချက်အရ ရွှေကျင်မှ ပျောက် သောဆိုင်ကယ်(၂)စီးအနက် (၁) စီးမှာ ၄င်းတို့ခိုးသွားသောညက ပျက်သွား၍ ဆိုင်တွင်အပ်ထား သော ဆိုင်ကယ်ဖြစ်ပြီး ကျန်တစ် စီးမှာ ပဲခူးမြို့တွင် ရောင်းချထား ကြောင်း ပေါ်ပေါက်သည့်အပြင် ယခင်ရွှေကျင်မြို့ပေါ်မှ ခိုးယူခဲ့ သော ဆိုင်ကယ်(၇)စီးပါ ဖော် ထုတ်အစစ်ခံခဲ့သည်ဟုသိရသည်။
ပဲခူးမြို့ ဟင်္သာကုန်း(၁၉) ရပ်ကွက်နှင့် လှိုင်သာယာတွင် ၄င်းတို့ ခိုးယူရောင်းချခဲ့သော ဆိုင်ကယ်(၈)စီးကို သိမ်းယူနိုင် ခဲ့သည်ဆို၏။
အမှုစစ်ဒုရဲအုပ်ကျော်ကျော် လင်းက ဆိုင်ကယ်ပိုင်ရှင်များထံ စုံစမ်းဆက်သွယ်လျက်ရှိပြီး ဖမ်း ဆီးထားသော အောင်ကြီး၊ ကျော်သူ၊ စိုးမင်းထွန်းတို့အပေါ် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိခဲ့ရပါ သည်။


The Hot News Weekly Journal
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here