Friday, February 8, 2013

အုစ်စုဖွဲ့ ဓားနှင့် ထိုးသတ်၍ လူငယ်တစ်ဦး သေဆုံး

0 comments
ဖေဖော်ဝါရီ(၈)

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ ကန်သာယာ မြို့သစ်တွင် လူငယ် တစ်စုက ဓားနှင့် ထိုးသတ်ခဲ့ သောကြောင့်လေဘေးထည် ရောင်းသူ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။

ကန်သာယာ မြို့သစ် ဗ-၂၆ ရပ်ကွက် ဘုရားပွဲခင်း အရက်ဆိုင်တွင် ဇန်န၀ါရီ ၂၈ ရက် ညက ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ ကောင်းဇံနှင့် လူငယ် ၁၀ ဦးသည် သေဆုံးသူ သန့်စင်ထွန်းနှင့် အတူ အရက်ဆိုင် တွင်ရှိနေစဉ် သေဆုံးသူကြောင့် ကောင်းဇံ အင်္ကျီ စုတ်ပြဲခဲ့သဖြင့် အလျောတောင်းရာမှ ခိုက်ရန် ဖြစ်ပွားခဲ့ ကြောင်း အောင်ပင်လယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

“ကောင်းဇံက ကျွန်မ မောင်လေးကို ဓားနဲ့ ထောက်ပြီး အင်္ကျီဖိုးငွေ တစ်သောင်းခွဲ တောင်းတယ်။ မောင်လေး က ဘောင်းဘီ ထဲကနေ ပိုက်ဆံ ထုတ်ပေးလိုက်တယ်။ ပိုက်ဆံရတော့ ကောင်းဇံက ဓားနဲ့ ထောက် ချုပ်ထားရာ ကနေ လွှတ်ပေးလိုက်တဲ့ အချိန်မှာ မောင်လေး လဲကျသွားတယ်။ အူတွေလည်း ထွက်နေတယ်။”ဟု သေဆုံးသူ၏ အမဖြစ်သူ ဒေါ်ချမ်းမြေ့စန္ဒာက ယခုလ ၃ ရက်နေ့မှာ မီဒီယာ တွေ့ဆုံပွဲတွင် ပြောဆိုသည်။ သေဆုံးသူ သန့်စင်ထွန်းသည် ဆီးစပ် အထက် ဘယ်ဘက် ၀မ်းဗိုက် အူထွက် ဒဏ်ရာများဖြင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင်ပင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်ပြီး ကောင်းဇံနှင့် လူငယ် ၁၀ ဦးကို အောင်ပင်လယ် ရဲတပ်ဖွဲ့ စခန်းက (ပ)၄၄/၂၀၁၃၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ- ၃၀၂/၁၄၄ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရပ်တပ်ဖွဲ့ စခန်းထံမှ သိရသည်။
 
From :           The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here