Saturday, February 9, 2013

လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် စိတ်ကြွဆေးပြားများနှင့် လက်နက်(၅)မျိုး ဖမ်းဆီးသိမ်းဆည်း

0 comments
ဖေဖော်ဝါရီ(၉)

ဖေဖော်ဝါရီ(၄)ရက်နေ့ နံနက်(၇)နာရီခန့်က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု အခါဆေးခန်းကျေးရွာမှာ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။

တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် မြင့်လွင် နှင့် မူးယစ်(အထူး)တပ်ဖွဲ့အပါအ၀င် ပူးပေါင်းဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေဝရမ်း အမှတ်(၇/၂၀၁၃)ဖြင့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းအုပ်စု အခါဆေးခန်းကျေးရွာရှိ
 နေအိမ်တစ်ခုကို ၀င်ရောက်ရှာဖွေရာမှာ နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ အ၀ါရောင် ဖယောင်းပါရှမ်းစက္ကုဖြင့် ထုပ်ထားသော အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၂၀၀၀)ပြားစီပါရှိသော (၃)ထုပ်၊ (၂၀၀)ပြားစီပါရှိသော (၁၉)ထုပ် စုစုပေါင်း ဆေးပြား(၉၈၀၀)ပြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ပလပ်စတစ်အိတ်ဖြင့် ထည့်ထားလျှက် ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန်(၁၅၀)ဂရမ်ပါ (၁)ထုပ်၊ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် တမင်း ဟုယူဆရသည့် အဖြူရောင်အမှုန့် အလေးချိန်(၁.၃)ကီလိုဂရမ်၊ ထိုင်းဘတ်ငွေအနည်းအငယ်အပြင် လက်ဝတ်ရတနာတချို့လည်း သိမ်းဆည်းရမိကြောင်းသိရပါတယ်။ 

ဆက်လက်ပြီး ရှာဖွေရာမှာ အိပ်ခန်းအတွင်း အိပ်ယာနဘေးထောင့်ဘက်ရှိ ကြမ်းပြင်ပေါ်နှင့် အ၀တ်ဘီဒိုအံဆွဲအတွင်းများတွင် ကာဘိုင်သေနတ် (၁)လက်၊ M16 သေနတ်(၁)လက်၊ ပွိုင့်-၂၂ (၁)လက်၊ ပါရာ ပစ္စတို သေနတ်(၁)လက်၊ ၉မမ ပစ္စတို သေနတ်(၁)လက်၊ စနိုက်ပါ မှန်ပြောင်း (၁)ခု နှင့် လက်နက်မျိုးစုံ(၅)မျိုး၏ ကျည်ဆံ အတောင့်(၁၇၀)၀န်းကျင်တို့ကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းများကို ခမရ(၃၃၁)သို့ လွှဲပြောင်းအပ်နှံထားရှိပြီး တရားခံအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here