Monday, February 11, 2013

မင်းပြားမြို့နယ်တွင် ပျောက်ဆုံး ရခိုင်မိန်းကလေး၏ အလောင်းကို မြစ်ကမ်းပါးမှ ရရှိ

0 comments
ဖေဖော်ဝါရီ(၁၁)


ပြီးခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့ မှ စတင်ပျောက် ဆုံးသွားသော မင်းပြားမြို့နယ် ကြမ်း တိုက်ကျေး ရွာမှ ရခိုင် အမျိုး သမီးငယ်၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်က ယင်းေ ကျး ရွာ အုပ်စု ပတ်ဝန်းကျင် ချောင်းကမ်းပါးတစ်နေရာ ကြိုးတံတားတစ်ခုအောက်၌ ရှာဖွေတွေ့ ရှိခဲ့ပြီးနောက်၊ ယခုအခါ မင်းပြားမြို့ ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။

စမ္ပလေ ကျေးရွာအုပ်စု ကြမ်းတိုက်ကျေးရွာသူ မဌေးဌေးမြင့်(အသက် ၁၈-နှစ်)၏ မိသားစုဝင်များက ယခု အမ်း သားကျေး ရွာအနီး ကမ်းစပ်တွင်တွေ့ရသော ရုပ်အလောင်းမှာ မဌေးဌေးမြင့်၏ ရုပ်အလောင်းဖြစ် သည် ဟု အတည်ပြုကြပြီး၊ အလောင်းရှိအ၀တ်အစားများမှာ မဌေးဌေးမြင့် ပျောက်ဆုံးသွားစဉ်က အ၀တ် အစား များ ပင်ဖြစ်သည် ဟု အတည်ပြုကြသည်။ 

မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ် ကာလက ဆံပင်ရှိ သူဖြစ်သော်လည်း ရှာေ ဖွသူများက အလောင်းကို တွေ့သော အခါ ၄င်း၏ အလောင်းတွင် ဆံပင် လုံးဝမရှိဘဲ ခေါင်းတုံး ရိတ်ခံထားရသည်ကို တွေ့ရသည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ ကျောကုန်းတွင် ထိုးသွင်း ဒဏ်ရာတစ်ချက် နှင့် ခြေသလုံး တစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည် ကိုတွေ့ရသည် ဟု အလောင်းကို မင်းပြားမြို့သို့ သယ်ဆောင်လာ သူတစ်ဦးက Coral Arakan အား ပြောကြားသည်။ 

သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ပလေကျေးရွာအုပ်စုတွင် စမ္ပလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ် ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက စက်ရုံမော်(ရခိုင်)ရွာမှာ မူ လနေ အိမ် များတွင် မနေ၀ံ့ပဲထွက်ပြေးကာ ရခိုင်အိမ်များ ရှိရာ သေကန်ကျေးရွာဘက်တွင် ယာယီ အမိုး အကာ များ ထိုးကာ နေကြရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ဒုက္ခသည်များအဖြစ် အသိ အမှတ်ြ ပုခြင်း ကို မခံရဘဲ မည်သည့်နိုင်ငံတကာအဖွဲ့အစည်း မည်သည့် အစိုးရအဖွဲ့အစည်းများ၏ အထောက် အပံ ကိုမျှ မရဘဲ ကုလားများ၏ နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာ နေထိုင်ကြရသည်။ 

စမ္ပလေရွာသား ကုလားများမှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက် ခိုက်လေ့ရှိသည်။

ပထမအကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ပလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော ရခိုင် အမျိုးသား တစ်ဦး ပြန်ထွက် မလာတော့ဘဲ ပျောက်ဆုံး သွားဖူးသည်။

ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန် ရွာသား တစ်ဦး စက်ရုံမော်ချောင်း ငယ် အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ပလေ(ကုလား)ရွာမှ ကုလား အယောက်(၂၀)ခန့်တို့က တိုက်ခိုက်ေ သာေ ကြာင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ 



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here