Saturday, March 16, 2013

TNLA တပ်ရင်း (၂၅၆)မှ အေးချမ်းစွာလုပ်ကိုင်စားသောက်နေသော ပလောင်လူငယ်(၇)ဦးအား တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောာင်း

0 comments
မတ်(၁၆)

 



TNLA ပလောင်သောင်းကျန်းသူများသည် ၄င်းတို့တွင် လိုအပ်နေသော အင်အားများရရှိရန်အတွက် ဇယန်းမန်မိုင်ကျေးရွာ၊ ပန်စရီကျေးရွာ၊ စိန်စိရွာ၊အနောက်ကင်းရွာမှ ပလောင်လူငယ်ကလေးများအား ၄င်းတို့ အဖွဲ့အစည်းအတွင်း ၀င်ရောက်ရန်အတွက် ထိုကဲ့သို့ လူငယ်ကလေးများကို တွေ့လျင် `` မင်းက ပလောင်လား၊မင်းကဘယ်ရွာကလဲ၊မင်းတို့အဖေအမေတွေကဘယ်သူတွေလဲ၊မင်းတို့ညီအစ်ကို  မောင်နှမ   တွေက ဘယ်သူတွေလဲ ´´ ``မင်း ငါတို့အဖွဲ့ထဲ ကိုဝင်ရမယ်၊ မ၀င်ရင်မင်းတို့ကိုသတ်မယ်´´
ဟုခြိမ်းခြောက်ပြောဆိုကာပလောင်လူငယ်(၇)ဦးအားအတင်းအဓမ္မစုဆောင်းခဲ့သည်ဟုသိရပါသည်။ထိုလူငယ်   ကလေးများသည် TNLA အဖွဲ့နှင့်လိုက်ပါနေစဉ် အတင်းအဓမ္မ စုဆောင်းခြင်းခံရသောကြောင့်၎င်းတို့အဖွဲ့ အစည်းအတွင်းမှထွက်ပြေးတိမ်းရှောင်နေစဉ်တပ်မတော်စစ်ကြောင်းများနှင့် တွေ့၍ အောက်ပါ ပလောင် လူငယ်(၇)ဦးအားမိဘများထံသို့ပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရပါသည်။

** မောင်ကြာထွန်း(ဘ)ဦးလှဆိုင် ၊ ဇယန်း(မန်မိုင်)ကျေးရွာ **မောင်အိုက်အောင် (ဘ)ဦးခမ်းလှိုင် ၊ ပန်စရီရွာ **မောင်အောင်ခင် (ဘ)ဦးအိုက်ကွန်၊ ပန်စရီရွာ ** မောင်ကျော်သိန်း (ဘ)ဦးအိုက်ကျုံး **မောင်အောင်သိန်း (ဘ)ဦးကြံအေး ၊ ပန်စရီရွာ **မောင်အိုက်ဖုန်း(ဘ) ဦးအိုက်လုံး၊ အနောက်ကင်းရွာ **မောင်အောင်မြတ် (ဘ) ဦးအိုက်ဆူး စိန်စိရွာ 

ထိုပလောင်လူငယ်ကလေးများသို့ပင် TNLA အဖွဲ့အတွင်းတွင် ဆန္ဒမပါဘဲ ၊ တာဝန်ထမ်းဆောင်နေရသူ များစွာရှိကြောင်း ၄င်းတို့နှင့် နီးစပ်ရပ် သတင်းရပ်ကွက်မှ ပြောပြချက်ရသိရပါသည်။ 

လားရှိုးသား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here