မေ
၉ ရက်
ညောင်ရွှေမြို့ ကန်သာရပ်ရှိ စက်လှေဆိပ်တွင်ယမန့်
ညနေ ၆နာရီခန့်က စက်လှေတစ်စီးပေါ် တွင် ပါလာသောငါးခြောက်အိတ်များအတွင်းမှ ဘိန်းမဲများဖမ်းဆီးရရှိကြောင်းသိရှိရပါသည်။
စက်လှေဆိပ်တွင် ညောင်ရွှေရဲစခန်းမှအဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများက ပူးပေါင်းပြီး
စစ်ဆေးစဉ် အင်းတန်ရွာ ကုန်းသာရွာ ငါးဝယ်စခန်းမှ တင်ဆောင်လာသော ဆလားဗီးယား ငါးခြောက်အိပတ်များအတွင်းမှ
ဘိန်းမဲ (၁)ပိဿာ အလုံး (၄၆) လုံးအားဖမ်းဆီးရမိခဲ့ကြောင်း ဘိန်းမဲ ၁ပိဿာလျှင် ၇သိန်းနှုန်းခန့် ရှိသောကြောင့်
ငွေ သိန်း ၃၀၀ ကျော်ဖိုး ရှိကြောင်းသိရှိရသည်။
“ ရဲနှင့် ရပ်ကွက်လူကြီးများက သတင်းရလို့စောင့်တာဖြစ်မှာပါ
သူတို့က ညနေပိုင်းလောက် ကတည်းက စောင့်နေကြတာလေ ငါးခြောက်အိတ်အတွင်း ထည့်လာတော့ဘယ်သူက
ထင်မှာလည်း အဲဒီလို တာဝန်ရှိသူ တွေက ရှာဖွေဖမ်းဆီးပေးတော့ကောင်းတာပေါ့ ဖမ်းမိတဲ့သူကို
ကောင်းကောင်း အပြစ်ပေးသင့်တယ်လေ အခုတော့ သယ်လာတဲ့ စက်လှေသမားကို ညောင်ရွှေရဲစခန်းက ဖမ်းပြီး
အမှုစစ်မှပေါ့ ” ဟု စက်လှေဆိပ်မှ ကုန်ထမ်းသမား ကိုစိုင်းနောင်မှပြောပြခဲ့ပါသည်။