Thursday, May 9, 2013

မိုင်းယန်းမြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

0 comments


မေ ၉ရက်
          မိုင်းယန်းမြို့နယ် ဈေးတန်းရပ်ကွက် အတွင်းရှိ အိမ်တစ်အိမ်မှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို မိုင်းယန်းရှိ ရဲစခန်းမှအဖွဲ့နှင့် မူးယစ်အထူးအဖွဲ့မှ ပူးပေါင်းပြီးဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပါသည်။ ယမန်နေ့   နေ့လည် ၁၂နာရီခန့်တွင် မူးယစ်အဖွဲ့တွေက ရပ်ကွက်အတွင်းမှ သူများ၏ပြောပြချက် အရ ဈေးတန်း ရပ်ကွက်အတွက်ရှိ မူလတန်းကျောင်းအနီးရှိအိမ်အားရှာဖွေရာ ဘုရားခန်းအတွင်းမှ ဘိန်းဖြူမှုန့်များနှင့် စိတ်ကြွဆေးပြားကိုရှာဖွေ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။


          ကျွန်မရှမ်းပြည်မှာက အဲဒီလိုခိုးရောင်းတဲ့သူတွေကရှိနေတာပါအခု ဖမ်းဆီးတဲ့အတွက်   ရောင်းမယ့်သူ တွေလဲ နည်းသွားမယ် သုံးစွဲတဲ့သူတွေလည်းရှားသွားမှာပေါ့၊ ဒီလိုအမြဲရှာဖွေဖမ်းဆီးပြီး အပြစ်ပေးမှုများရင်တော့ မူးယစ်ဆေးဝါးပပျောက်သွားမှာပါ ”ဟု ဈေးတန်းရပ်မှ ဒေါ်မီးငယ် မှပြောပြ ခဲ့ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here