Thursday, May 9, 2013

သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

0 comments


မေ ၉ ရက်
သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့   ရောက်ရှိ လာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲ   ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ RCSS/SSA အဖွဲ့မှ အင်အား(၅၀)ဦးခန့်သည် ကချင်နှင့် ရှမ်းနယ်စပ်ဖြစ်သည့် နန့်ခမ်း မြို့နယ် သို့ ရောက်ရှိလျက်ရှိပြီး စခန်းတည်ဆောက်ပြီး ဒေသခံများထံမှ ဆက်ကြေးများ   ကောက်ယူ လျက်ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့နှင့် အစိုးရ စစ်ကြောင်းများ နယ်မြေရှင်းလင်းရင်း ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရစစ်တပ်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နန့်ခမ်း   ဆေးရုံ တွင် ကုသလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူ (၈၀၀)ဦးခန့် တရုတ်နိုင်ငံ နောင်တောင်းဘက် သို့ ထွက်ပြေး လျက်ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်စစ်တပ်မှ အင်အားဖြည့်ဆည်း ထားကြောင်း     နန့်ခမ်းဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။


၎င်းဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ နယ်လှည့်ရောင်းချနေသော စစ်မှုထမ်းဟောင်း (၄)ဦးအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှစတင်ပြီး ၎င်းဒေသတွင် အစိုးရ တပ်နှင့် RCSS/SSA အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု နန့်ခမ်းဒေသသို့   ရောက်ရှိ   နေသော   RCSS/SSA  အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ နယ်စပ် လွယ်တိုင်းလျံတွင်ရှိပြီး UWSA “၀”   ဒေသ၊   ရှမ်းပြည်မြောက်ပိုင်းတပ်မတော် ၀မ်ဟိုင်းအဖွဲ့နှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ  ထိန်းချုပ်ရာ   ဒေသများကို ကျော်လွန်ကာ KIA နှင့် ဆက်စပ်နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here