Friday, August 16, 2013

ကင်တားနား ကချင်ရောက်၊ ကေအိုင်အေနဲ့ ကချင်အစိုးရကို တွေ့ခဲ့

0 comments

သြဂုတ်လ(၁၆)ရက်

Photo: ကင်တားနား ကချင်ရောက်၊ ကေအိုင်အေနဲ့ ကချင်အစိုးရကို တွေ့ခဲ့

15.8.2013

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားဟာ သြဂုတ်လ ၁၄ ရက်နေ့က ကချင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို KIO ကချင်ပြည်လွတ်မြောက်ရေး နည်းပညာ အကြံပေး အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ သောမတ်စ် အိုဟေး ကင်တာနား ဦးဆောင်တဲ့ အဖွဲ့ ကနေပြီး တွေ့ဆုံ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ KIO ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ နည်းပညာအကြံပေး အဖွဲ့က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါး က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

ဒီနေ့ကတော့ ထွေထွေထူးထူး ဆွေးနွေးတာတော့ မရှိပါဘူး ဒါပေမယ့် အခုလို ကချင်ပြည် နယ်ထဲက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သူစိတ်ဝင်တစား လာပြီးတော့ စုံစမ်းတယ် ပြီးရင် KIO ရဲ့ အနေအထားတွေကို သိချင်တဲ့ ဆန္ဒနဲ့ လိုင်ဇာ အထိသွားမယ်ဆိုတော့ ဒါ ကျနော်တို့ ပေါ့စတစ် ပေါ့ ဒါ ကျနော်တို့ ၀ယ်လ်ကမ်း လုပ်ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်တာဝန်ရှိသူတွေအပြင် အရပ်ဖက် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း ဆက်ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ ကချင်ပြည်နယ်ကို ဒုတိယအကြိမ်မြောက် လည်ပတ်တာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို လာလေ့လာတာဟာ ၇ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

ကချင်ပြည်နယ် ခရီးမစတင်ခင် သြဂုတ်လ ၁၃ ရက်နေ့ကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချူပ် ၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်၊ ရှေ့နေများကွန်ယက်၊ တိုင်းရင်းသားလူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချူပ်မှာ ခေါ်ယူတွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေး အခြေအနေတွေ မေးမြန်းခဲ့ပါတယ်။

မစ္စတာ သောမတ်စ် ကင်တာနားဟာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကနေ မထွက်ခွာခင် သတင်းစာရှင်းလင်းပွဲလုပ်မှာ ဖြစ်ပြီး လာမည့်အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းမယ့်အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ ထားပါတယ်

ABC Radio Australia

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here