Saturday, August 4, 2012

ရှမ်းလက်နက်ကိုင် ၂ဖွဲ့ပေါင်းပြီ

0 comments
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့က စစ်ရေးအရ ပူးပေါင်း၍ တိုက်ပွဲဝင်သွား မည်ဖြစ် ကြောင်း prachatai ထိုင်းသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။

ပြီးခဲ့သည့် စနေနေ့က SSA-S ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပသည့် ၅၃ ကြိမ်မြောက် ရှမ်းပြည် တော်လှန်ရေး နေ့ အခမ်းအနားကို SSA-N ခေါင်းဆောင် တချို့ တက်ရောက်ခဲ့ပြီး မဟာဗျူဟာအရ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းရန်သဘော တူ ခဲ့ကြောင်း ဆိုသည်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က SSA-N နှင့် စကားပြောဆိုထားပြီး နားလည်မှုရရှိ ထားကြောင်း နှင့် ယခုအချိန်၌ ရှမ်းပြည်နယ်ရှိ တခြားအဖွဲ့အစည်းများကိုလည်း လက်တွဲသွားမည် ဖြစ်ကြောင်း prachatai သတင်း၌ ရေး သားထားသည်။

SSA-N မြောက်ပိုင်းမှ ဗိုလ်မှူးကြီး စိုင်းထူးကလည်း ၁၉၈၉ ခုနှစ်ခန့်က နိုင်ငံရေး နည်းလမ်းအရ အဖြေရှာရန် စစ် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို သဘော တူညီခဲ့ကြောင်း၊ သို့သော် အစိုးရက နိုင်ငံရေး ပြဿနာအား နိုင်ငံရေး နည်းအရ ဖြေရှင်းမှုကို လက်မခံသည့်အပြင် စစ်ရေးအရ ခြိမ်းခြောက်နေကြောင်း ဆိုသည်။

“တိုက်တာကတော့ ဆက်ပြီး တိုက်ရမယ်၊ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိတော့ဘူး”ဟု ဗိုလ်မှူးကြီး စိုင်းထူးက ဆက်ပြော သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက် ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ ခြင်း ဖြစ်သည်။ 

စစ်အစိုးရတပ်နှင့် SSA -N တပ်ဖွဲ့များ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း SSA -S တပ်ဖွဲ့ ၀င်များက စစ်ရေးအရတချို့အကူ အညီများ ထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် SSA-S တပ်ဖွဲ့ဝင်များကလည်း ရှမ်းပြည် တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိက လှုပ်ရှားနေသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော်(MTA) မှ ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေး တပ် (SURA) ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA-Sသည် အင်အား ၇ ထောင်ကျော် ရှိသည်ဟု စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here