Thursday, August 16, 2012

အင်းလေးသူများ ဝင်ငွေတိုးစေရေး စက်ချုပ်သင်တန်းပေး

0 comments
အင်းလေးဒေသရှိ အမျိုးသမီးများ ဝင်ငွေတိုးစေရန်အတွက် စက်ချုပ်ပညာ သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သီရိမေ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမ အသင်းမှ သိရသည်။ ယင်း စက်ချုပ် သင်တန်းကို ညောင်ရွှေမြို့နယ်၊ မြေနီကုန်းကျေး ရွာတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အင်းလေးကန် ထိန်းသိမ်း ကာ ကွယ်ရေးနှင့် ပြန် လည် ထူထောင်ရေး စီမံကိန်း၌ ပါဝင်သော ကလော၊ ပင်း တယ၊ ညောင်ရွှေမြို့နယ် ၃ ခု၊ ကျေးရွာပေါင်း ၆ ရွာမှ အမျိုးသမီး သင်တန်းသူ ၁၄ ဦးအား စက်ချုပ် ပညာ အခမဲ့ သင်ကြားပေးနေခြင်း ဖြစ်သည်ဟု သီရိမေ အမျိုးသမီး ဖွံ့ဖြိုးရေး တိုးတက်ရေး သမဝါယမ အသင်းမှ ဒေါ်အေးအေးဝင်းက ပြောသည်။ အဆိုပါ စက်ချုပ် သင်တန်း သည် ၄၅ ရက်သင်တန်းဖြစ်ပြီး သင်တန်းတွင် တက်ရောက်နေသူ များသည် စက်ချုပ် ပညာကို အမှန် တကယ် တတ်မြောက်လိုသူ၊ ၄င်း ပညာဖြင့် အသက်မွေး ဝမ်းကျောင်း ပြု မည့်အပြင် လက်ဆင့်ကမ်း ပညာ အမွေပေးမည့်သူ၊ အနည်းဆုံး အခြေခံပညာ မူလတန်းအဆင့် အောင်မြင်ပြီးသူ၊ ကျေးရွာလူထု များနှင့် အုပ်ချုပ်ရေး အဖွဲ့မှ ထောက် ခံပြီး စေလွှတ်ပေးသူများသာ ဖြစ် သည်ဟု ဒေါ်အေးအေးဝင်းက ပြော သည်။ ”အင်းလေး ဒေသမှာရှိတဲ့ အမျိုးသမီးတွေ ဝင်ငွေတိုး တဲ့ အပြင် ဒေသ ဖွံ့ဖြိုးဖို့ ကိုပါ ရည် ရွယ်ပြီး ဒီ သင်တန်းကို ဖွင့်ခဲ့တာပါ” ဟု ၄င်း က ဆက်လက်ပြောသည်။ ထို့အပြင် စက်ချုပ်သင်တန်း ပြီးမြောက် သွားသည့် အခါတွင် လည်း ၄င်းပညာဖြင့် ဆက်လက် အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင် ရန်နှင့် ပညာကို ဆက်လက်လေ့ ကျင့်ပြီး တိုးတက်အောင် ပြုလုပ်နိုင် ရန်အတွက် သင်တန်းတွင် အသုံးပြု ခဲ့သော အထောက်အကူပြု ပစ္စည်း များနှင့် အပ်ချုပ် စက်တစ်လုံး စီကိုပါ အပိုင်ပေး လိုက်မည်ဖြစ်သည့်အပြင် သင်တန်းတွင် ထူးချွန်သူအား ဓား စက်တစ်လုံး ကိုပါ ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့နောက် စက်ချုပ် လုပ်ငန်းများ လုပ်ကိုင်သည့် အခါ တွင်လည်း ဈေးကွက် ထိုးဖောက်နိုင် ရန်အတွက် ဈေး ကွက်လေ့လာရေး ခရီးစဉ်ကိုပါ စီစဉ်ပေးသွား မည်ဖြစ် ကြောင်း အဆို ပါအသင်း မှ သိရ သည်။ အထက်ပါ စက်ချုပ်ပညာ သင်တန်းနှင့်ပတ်သက်၍ အင်းလေး ဒေ သ၊ တောင်ကြားထက်ရွာမှ သင်တန်း လာရောက် တက်နေ သူ မမေစံပယ်က ”ကျွန်မတို့ တက်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာ တယ်။ ကိုယ့် အသက်မွေး ဝမ်း ကျောင်း အတွက် အလုပ် လုပ်မယ့် အပြင် ရွာမှာ မတတ်သေး တဲ့ သူ တွေအတွက်လည်း ပြန်သင်ပေးသွားမယ်” ဟုပြောသည်။ အဆိုပါ သမဝါယမ အသင်း ကို ၁၉၉၄ ခုနှစ်တွင် စတင် တည် ထောင်ခဲ့ပြီး အမျိုးသမီးများ တတ်သင့် တတ်ထိုက်သော ဝင်ငွေတိုး သင်တန်းများ၊ အသေးစားချေးငွေ လုပ်ငန်းများ၊ HIV/AIDS ရောဂါ ကာ ကွယ်ရေး ဟောပြောပွဲများနှင့် အခြား အသေးစား ဝင်ငွေတိုး သင်တန်း များကို ဆက်တိုက်ပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှ င့် ပြန်လည် ထူထောင်ရေး စီမံကိန်း၌ အင်းလေး ဒေသ အမျိုး သမီးများ ဝင်ငွေတိုး စေရန် စက်ချုပ်သင်တန်းကို ဖွင့် လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းချစ်နိုင်
ref: popular news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here