Friday, September 7, 2012

လွှတ်တော် ဥက္ကဌ က ခုံရုံး ဥက္ကဌ နှင့် အဖွဲ့  ၀င်များ အားလုံး နှုတ် ထွက် ပေး ရန် ပြောပြီ

0 comments

A still image from a video footage shows lawmakers sitting in parliament in Naypyitaw
ယနေ့ကျင်းပလျက်ရှိသည့် ပြည်သူ့လွှတ်တော် ရက် (၄၀)မြောက်နေ့ နေ့လည်ပိုင်းအစီအစဉ်တွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး
လက်ရှိထမ်းဆောင်နေသော ရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မသင့်တော့ကြောင်း
ကြေညာပါသည်ဟု ပြောကြားသွားကြောင်း လွှတ်တော်ရှိ 7Day News သတင်းထောက်က
သတင်းပေးပို့သည်။
သတင်း အား  7 Days News Journal ၏ Facebook မှ ကူးယူဖော်ပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ကိုးဦး၏ အမည် မှာ ဦးသိန်းစိုး၊ ဒေါက်တာတင်အောင်အေး၊
ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်နှင့် ဒေါ်မိမိရီတို့ ဖြစ်သည်။
ဦးသိန်းစိုးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို
ဦးဆောင်ခဲ့သော ဥက္ကဋ္ဌဖြစ်ပြီး ယခု အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရာတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ
ထား သည်။
ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ ဖူး သူက အခြေခံ ဥပဒေ ခုံရုံး ဥက္ကဌ အဖြစ်
တာ ၀န် ယူ ခြင်း သည် ဥပဒေ နှင့်မညီ ဟု ဥပဒေ လေ့လာ သူ တို့  က ဆို ကြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here