Tuesday, September 25, 2012

ဆက်သွယ်ရေး ကဏ္ဍ တိုးတက်စေရန်,ပြိုင်ဆိုင်မှူရှိစေရန် ပြည်သူပိုင် ဖြစ်စေရန် ပြုလုပ်မည်

0 comments

နိုင်ငံတော်သမ္မတကြီး၏ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများနှင့် အညီ ဆက်သွယ်ရေး ၊စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနသည် လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ကို ပြုလုပ်လျက်ရှိပြီး ပြိုင်ဆိုင် မှုရှိသော ဆက်သွယ်ရေးကဏ္ဍဖြစ် စေရေးအတွက် ဝန်ကြီးဌာနနှင့် နိုင်ငံတော်မှ စီမံလျက်ရှိသည်ဟု နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးနှင့် အိုင်စီတီ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆိုင်ရာ ဆွေးနွေး ပွဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းထွန်းက ပြော ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပါရှိသည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြိုင်ဆိုင်မှုရှိသော ဆက်သွယ်ရေး ကဏ္ဍဖြစ်ပေါ်လာလျှင် ဆက်သွယ် ရေးဝန်ဆောင်မှုဆိုင်ရာ ဈေးနှုန်း များကျဆင်းလာပြီး အရည်အသွေး များလည်း မြင့်မားလာမည်ဖြစ် ကြောင်း၊ မကြာမီရွေးချယ်တော့ မည့် တင်ဒါခေါ်ယူရေးအကြံပေး လုပ်ငန်းအဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံ တကာတင်ဒါခေါ်ယူရန် ပြင်ဆင် ခြင်း၊ တင်ဒါဖိတ်ခေါ်ခြင်း၊ တင်ဒါ တင်သွင်းမှု စိစစ်အကဲဖြတ်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍပြုပြင် ပြောင်း လဲရေးအတွက် ရင်းနှီးမြှုပ်နှံမှုအ တိုင်းအဆ ကြီးမားသလို နည်းပ ညာဆိုင်ရာ ကျွမ်းကျင်မှု အတွေ့ အကြုံလည်း လိုအပ်ကြောင်း စ သည်ဖြင့် ပြောကြားခဲ့သည်။
"ပြုပြင်ပြောင်းလဲမှုလုပ်တော့ မယ်ဆိုရင် ကျွန်တော်တို့ဘက်က သေသေချာချာစဉ်းစားပြီး ပြင်ဆင် ရပါမယ်။ အကုန်အကျ သက်သာ အောင် လမ်းကျဉ်းကျဉ်းလေးပဲ ဖောက်မလား၊ ဒါမှမဟုတ် ၂ လမ်း သွား၊ ၃ လမ်းသွားလမ်းအကျယ် ကြီးတွေကို စနစ်တကျအချိန်ယူ ပြီးဖောက်မလား စဉ်းစားကြပေါ့။ ကျွန်တော်တို့ကတော့ လမ်းကျယ် ကျယ်၊ ကောင်းကောင်းဖောက်ဖို့ ရည်ရွယ်ထားတဲ့အတွက် အခုလို တင်ဒါခေါ်တာကအစ တစ်ဆင့်ချင်း လုပ်ဆောင်နေရတာဖြစ်ပါတယ်" ဟု ကြေးနန်း၊ ဆက်သွယ်ရေးနှင့် စာ တိုက်သင်တန်းကျောင်းမှ ကျောင်း အုပ်ကြီး ဦးကျော်စိုးက အကြံပေး လုပ်ငန်းအဖွဲ့ စတင်ရွေးချယ်ရန် စီစဉ်လျက်ရှိကြောင်းက ပြောကြား ခဲ့သည်။ လက်ရှိ အခြေအနေတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာနသည် အဓိကပြုပြင် ပြောင်းလဲမှုများအနေဖြင့် တယ်လီ ဖုန်းသိပ်သည်းဆ တိုးမြှင့်ရေး၊ ဆက်သွယ်ရေး ကဏ္ဍဝန်ဆောင်မှု အရည်အသွေးမြင့်မားရေးနှင့် ပြည် သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲ နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
ref: Mobile Guide

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here