Tuesday, September 25, 2012

Virtual Private Server (VPS) များကို အွန်လိုင်းမှ တဆင့် မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူနိုင်မည်

0 comments
ဩစတြေးလျနိုင်ငံရှိ Data Center တွင် တိုက်ရိုက်ထား ရှိ သည့် Hyper-V Windows Virtual Private Server (VPS) နှင့် UK Based Cloud Server များအား ဝန်ဆောင်မှုများ ပေးနေ သည့် MyanmarVPS.comတွင် စက်တင်ဘာလကုန်ပိုင်းမှ စတင်၍ လစဉ်ကြေးများအားMyanPay ပေးချေမှုအသုံးပြုပြီး ပေးသွင်းနိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဝန်ဆောင်မှုများအတွက် ယခင်က အွန်လိုင်းငွေပေးချေမှုမ ရှိဘဲရုံးသို့ တိုက်ရိုက်လာရောက်ပြီး လစဉ် ကြေးပေးသွင်းမှုများကို ပိုမိုလျင် မြန်လာပြီး Customers များအချိန်ကုန်သက်သာမှုများ ရရှိ နိုင်စေရန်အတွက်လည်းကောင်း၊ ဝန်ဆောင်မှုကို ဝယ်ယူလိုပါက လည်းလျင်မြန်စွာဝယ်ယူပြီး ဝန် ဆောင်ခများကို လွယ်ကူမြန်ဆန် စွာ ပေးသွင်းနိုင်ရန် ရည်ရွယ်၍ MyanPay Online Payment ဖြင့် ဝန်ဆောင်မှုကို စတင် ထည့်သွင်းလိုက်ခြင်းဖြစ် ကြောင်းသိရှိရသည်။ “ကျွန်တော်တို့ အနေနဲံ့Hyper-V နည်းပညာသုံး Window Virtual Private Server (VPS) နဲ့  နဲ့ Cloud Server တွေကို သက်ဆိုင်ရာ Data Center တွေ မှာ တိုက်ရိုက်ထားရှိပြီး ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ User တွေ အနေနဲ့လည်း ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံး ဒါမှမဟုတ် ကိုယ်ပိုင်ဆာ ဗာတစ်လုံးကို Data Center မှာ ထားရှိ သလိုမျိုး အသုံးပြုသူ ကိုယ် တိုင် တိုက်ရိုက်အပြည့်အဝ ထိန်း ချုပ်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။
ကိုယ်ပိုင် ကွန်ပျူတာလိုပဲ ကြိုက် သလို စီမံခန့်ခွဲလို့ရပါတယ်။ User တွေအနေနဲ့ ကွန်ပျူတာတိုင်းမှာ ပါရှိတဲ့ Remote Desktop Software အသုံးပြုပြီး အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ကိုယ့်ရဲ့ VPSကို ဝင်သုံးနိုင်ပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာကို အလေး ခံပြီး သယ်ယူဖို့လည်း မလိုတော့ ဘူး။ အသုံးပြုသူရဲ့ VPS မှာရရှိမယ့် အင်တာနက် မြန်နှုန်းကတော့ Data Center ရဲ့ Network Backbone မှာ တိုက်ရိုက်ချိတ်ဆက်ထားလို့ Git Speedကို Download/upload လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဆာဗာဝန်ဆောင်မှု တွေဖြစ်တဲ့ Virtual Private Network (VPN) တည်ဆောက် လိုသူတွေ၊ Web Hosting ဝန်ဆောင်မှုတွေကို ဆောင်ရွက်လို သူတွေလည်း အသုံးပြုနိုင်ပါတယ်။ အင်တာနက် နှေးကွေးနေတဲ့ အ ချိန်မှာတောင် ကျွန်တော်တို့ ဝန် ဆောင်မှုပေးတဲ့ ဆာဗာတွေကို ချိတ်ဆက် အသုံးပြုလို့ ရနိုင်ပါ တယ်” ဟု ၄င်းစနစ်ကို ဝန်ဆောင်မှု ပေးနေသည့် Myanmar VPS မှ တာဝန်ရှိသူက ပြောသည်။
၎င်းဝန်ဆောင်မှု အ တွက် ယခင်က နှစ်စဉ်ကြေး၊ လစဉ်ကြေးများကို Myanmar VPS ရုံးခန်းသို့ သွားရောက်ပေးသွင်း ရသော်လည်း ယခုအခါ အွန်လိုင်း မှ MyanPay ဝန်ဆောင်မှုကို အသုံးပြု၍ ပေးသွင်းနိုင်ကာ၊ ယခင်အတိုင်း ရုံးသို့ လာရောက် ပေးသွင်းလို သူများလည်း ပေးသွင်းနိုင်ကြောင်း သိရှိရသည်။ ယခုအခါ MyanPay အွန် လိုင်းငွေချေစနစ်အား VPS ဝက်ဘ် ဆိုက်တွင် စတင်ထည့်သွင်းနေပြီး အဆင်သင့်ဖြစ်ပါက Customer များအား email ပို့၍ အကြောင်း ကြားပေးမည်ဖြစ်ကြောင်းသိရ သည်။ VPS ဝန်ဆောင်မှုအတွက် ဝက်ဘ်ဆိုက်ထားရှိပြီး www.myanmarvps.com ဖြစ်ပြီး၊ အသေးစိတ် စုံစမ်းသိရှိလိုသူများ အနေဖြင့် ဖုန်းနံပါတ် ဝ၁၅၁၀၅၅၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရ သည်။
ref: Mobile Guide

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here