Monday, September 24, 2012

ရေတိုက်စားခံရ၍ ရှမ်း/မြောက်မှ မွေးမြူရေးအစာထုတ် ပြောင်းဆန်ဈေး ထက်ဝက်နီးပါးမြင့်တက်

0 comments
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြောင်းစိုက်ခင်းများရေတိုက်စားခံခဲ့ရပြီး ပြောင်းထွက်နှုန်း နည်းသောကြောင့် ပြောင်းဆံဈေးကွက်တွင် ယခင်နှစ်ဈေးနှုန်းများထက် ထက်ဝက်နီးပါး မြင့်တက်လာကြောင်း ဒေသခံများထံက သိရသည်။
"ဇူလိုင်လတုန်းက ပြောင်းစိုက်ချိန်မှာ မိုးရွာတာကအရမ်းများသွားလို့ အပင်တွေရေထဲပါကုန်တယ်၊ နှစ်ခါပြန်စိုက်ရတော့ စိုက်စရိတ် က(၂)ဆနီးပါကုန်တယ်၊ အထွက်နှုန်းကလည်း နည်းတယ်လေ၊ ဒါကြောင့် ဈေးတင်ပြီးရောင်းရတယ်''ဟု ပြောင်း စိုက်တောင်သူ တစ်ဦးဖြစ်သူ ဦးစိုင်းမောင်က ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ စီပီစပ်မျိုးပြောင်းများကို ရှမ်းမြောက်တွင် အများဆုံးစိုက်ပျိုးခြင်း ဖြစ်ပြီး မွေးမြူရေးအစာ ထုတ်လုပ် ရန်အတွက် အဓိကထားစိုက်ပျိုးခြင်းဖြစ်ကြောင်းကိုလည်းသိရသည်။
“၂၀၁၁ ခုနှစ်က ပြောင်းဆန်အစိုတစ်ပိဿာကို နှစ်ရာ၊ အခြောက်တစ်ပိသာကို သုံးရာဝန်းကျင်ပဲရှိတယ် ဒီနှစ်တော့စိုက်စရိတ် များပြီး ပြောင်းထွက်နှုန်းနည်းလို့ တောင်သူတွေက ဈေးတင်တယ် ပြောင်းဆန်အစို တစ်ပိဿာကို သုံးရာ့ငါးဆယ်ဝန်းကျင်နဲ့ အခြောက် တစ်ပိသာကို ငါးရာဝန်းကျင်ထိ ဈေးတက်တယ်” ဟု ဒေသခံပြောင်းပွဲစားတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်က ပြောသည်။
၂၀၁၂ ခုနှစ်ဇူလိုင်လတွင် မိုးရွာသွန်းမှုများပြားခဲ့သောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မွေးမြူရေး အစာထုတ်ပြောင်းစိုက်ခင်း များတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး နှစ်ခါပြန် စိုက်ပျိုးရခြင်းများကြောင့် အထွက်နှုန်းနည်းကာ ဈေးတက်လာရခြင်း ဖြစ်သည်။
စီပီစပ်မျိုးပြောင်းများကို မွေးမြူရေးအစာထုတ်လုပ်ငန်းများနှင့် ဒေသတွင်း စုပေါင်းမွေးမြူရေးလုပ်ငန်း များမှ ပြန်လည်ဝယ် ယူကြပြီး အချို့ပြောင်းပွဲစားများမှာ တရုတ်ပြည်သို့ပြန်လည်တင်ပို့ရောင်းချ လေ့ရှိကြောင်းကိုလည်း သိရသည်။
မွေးမြူရေးအစာထုတ်ပြောင်းဆန်များ ဈေးတက်နေခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် မွေးမြူရေး အစာများပါ ဈေးနှုန်းမြင့် တက် နိုင်ကြောင်း မွေးမြူရေးနှင့်ပက်သက်ဆက်နွယ်သော လုပ်ငန်းရှင်များက သုံးသပ်သည်။

from -  မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here