Friday, October 5, 2012

လက်ရှိ ဂီတ အစည်းအရုံးသစ်က ပွင့်လင်းမြင် သာမှု ရှိတယ် ထင်ကြောင်း ကျားပေါက်ပြော

0 comments

လက်ရှိ ဂီတ အစည်းအရုံးသစ်က ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ထင်တဲ့ ကျားပေါက် (ဟန်ထူးလွင်) တို့ Big Bag ရဲ့နောက်ထပ် တီးဝိုင်း တစ်ခုဖြစ်တဲ့ Blood Sugar Politik တီးဝိုင်းက စက်တင်ဘာ ၂၉ရက်နေ့ မှာတော့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ rock on the lake ဖျော်ဖြေပွဲ မှာလည်း ဖျော်ဖြေခဲ့ပါတယ်။ အဲဒီ ပွဲကတော့ Blood Sugar Politikt အနေနဲ့ ပြင်ပက လာခေါ်ပြီးဆိုဖြစ်တာ ပထမ ဆုံး ပွဲပဲဖြစ်ပါတယ်။ အဲဒီနေ့ပွဲ မှာလည်း ပရိ သတ်ကို အကောင်းဆုံး တင် ဆက်နိုင်ခဲ့ တဲ့ ကျားပေါက်က လတ်တလော မှာတော့ ဂီတ အစည်းအရုံး ကိစ္စတွေ နဲ့ အလုပ်ရှုပ်နေတယ် လို့လည်း သိရပါတယ်။


“ကျွန်တော်က နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ယူထားတာ ဆိုပေမယ့် ကိစ္စအားလုံး ကို အတူတူ ပေါင်းရှင်းနေရတုန်းပဲ။ တစ်ယောက်စီ လုပ်ချင်တာလေးတွေ ရှိပေမယ့် အားလုံး အရင်အရေးကြီးတာတွေ ရှိသေးတယ်။ FM တွေနဲ့ ညှိရတာတို့၊ ပိုက်ဆံပေး စရာ ကျန်တာတို့ အဲဒါတွေ ရှိသေးတယ်။ ပြီး တော့ ကျွန်တော်တို့မှာ Laws တို့၊ Rules တို့ အခိုင်အမာ မရှိသေးဘူး။ အဲဒါကိုလည်း ဥပဒေပြု ကော်မတီဖွဲ့ဖို့ကို တစ်ဆင့်ချင်း လုပ် ရမှာပဲ” လို့ ကျားပေါက်က ပြောပါတယ်။ ကျားပေါက် အနေနဲ့ ရုံးကိစ္စ လုပ်ငန်း တွေကို သိပ်နားမလည်ပေမယ့် လုပ်စရာရှိ တာတွေ အားလုံးကိုတော့ တတ်နိုင်သ လောက် လုပ်မှာဖြစ်ပြီး အားလုံးက ပွင့်ပွင့်လင်း လင်း ရှိကြတဲ့အတွက် တအားကြီး ရုံးကိစ္စ တော့ မဆန်ပါဘူးလို့လည်း ကျားပေါက်က ပြောပါတယ်။


အနုပညာ အလုပ်တွေ အပြင် အစည်းအရုံး ကိစ္စတွေပါ တွဲပြီး လုပ်နေရတဲ့ ကျားပေါက်ကို အနုပညာ ဖန်တီးမှုမှာ အရင် ထက် အားလျော့သွားနိုင်မလား ဆို တော့.. “အားကတော့ ဒီအလုပ်တွေမလုပ် လည်း လျော့နေတာပါပဲ။ ဒါတွေကတော့ မလုပ်လို့ မရတဲ့ အရာတွေဆိုတော့ လုပ်နေရ တာပါပဲ။ အရင်ကလည်း လျော့တယ် ဆိုတာ က မိန်းမနဲ့ ကလေး နဲ့ဖြစ်လာတော့ ကျောင်းပို့ ကျောင်းကြို ကိစ္စတွေနဲ့ ဘာနဲ့ဆိုတော့ ဟိုးလူငယ် ဘဝလောက်တော့ ဘယ်ဟုတ်တော့မလဲ။ ဒါပေမဲ့ တကယ်လုပ်ပြီ ဆိုရင်တာ့ အားလုံး ကိုမေ့ပြီး စိတ်နှစ်ပြီး လပ်ရမှာပဲ” လို့ ကျားပေါက်က ပြောပါတယ်။


ကျားပေါက် က အသက်အရွယ် ရလာတာ နဲ့အမျှ အရာရာ ပြီး စလွယ် မလုပ်တော့ ဘဲ သီချင်းတီးတဲ့ အပိုင်း ကအစ တူရိယာ တစ်ခုချင်းရဲ့အသံကို သေ သေချာချာ စိစစ်ပြီးတော့ ဖန်တီးဖြစ်တယ်လို့ လည်းပြောပါတယ်။ ဆက်လက်ပြီး ကျားပေါက် က အခု ဂီတ အစည်းအရုံး အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတယ်လို့ ထင်မိပြီး အကုန်လုံးကို အချိန်နဲ့ တစ်ပြေးညီ မီဒီယာတွေမှာ ဖော်ပြ နေတဲ့ အတွက် အဲဒီအချက် ကတော့ အကြီး အကျယ် အားသာတယ်လို့ မြင်မိပါတယ်လို့ လည်းဆိုခဲ့ပါတယ်။

THE VOICE JOURNAL

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here