ဧပြီ(၁၀)
၉-၄-၂၀၁၃ ရက်နေ့ ၁၃၄၅ အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့၊ ပန်ခမ်းတံတားအနီးတွင်စောင့်ဆိုင်းနေစဉ်မူဆယ်မှနမ့်ခမ်းသို့မူဆယ်မြို့၊ တော်ရွက်အုပ်စု၊ ခွေဟုန်းကျေးရွာနေ အေးဖွယ်
(၃၇)နှစ်မောင်းနှင်ပြီး မူဆယ်မြို့၊ ကောင်းမှုတုံရပ်နေ အောင်မြင့်မြတ်(၂၈)နှစ်လိုက်ပါလာသည့် N-52706 တရုတ်နိုင်ငံလုပ် ပေါင်မုန့်ကားအနီရောင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ ကျောက်စိမ်းဟုယူဆရသော အလေးချိန် (၉၂)ကီလိုဂရမ်ခန့်ရှိ ကျောက်တုံး ၁ တုံး၊ (၈၃)ကီလိုဂရမ်ခန့်ရှိ ကျောက်တုံး ၁ တုံး၊ (၉၅) ကီလိုဂရမ်ခန့်ရှိ ကျောက်တုံး ၁ တုံး၊ (၇၇) ကီလိုဂရမ်ခန့်ရှိကျောက်တုံး ၁ တုံး၊ စုစုပေါင်းကျောက်တုံး (၄)တုံး၊ အလေးချိန်(၃၄၇)ကီလိုဂရမ်အား သိမ်းဆည်းရမိခဲ့သဖြင့် အေးဖွယ်နှင့် အောင်မြင့်မြတ်တို့ (၂)ဦးအား မူဆယ်ရဲစခန်း(ပ)၈၇/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
၉-၄-၂၀၁၃ ရက်နေ့ ၁၃၄၅ အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့၊ ပန်ခမ်းတံတားအနီးတွင်စောင့်ဆိုင