ဂီတ ချန်နယ်လိုင်းနဲ့
ရုပ်ရှင် ချန်နယ်လိုင်း
ဆိုပြီး သီးသန့်
ရှိပေမယ့် သဘင်
ချန်နယ်လိုင်း ဆိုပြီး
သီးသန့် မရှိသေးဘဲ ဒီလို
သဘင်ချန်နယ် လိုင်းသီး
သန့် ရှိလာဖို့ အတွက်
ဆိုရင် သဘင် သမားတွေက
ပွဲတွေ အမြဲတမ်းကပြဖို့
လို ကြောင်း
တင်မောင်ဆန်းမင်းဝင်းက
အကြံပြု စကားဆိုပါ တယ်။
သဘင် ချန်နယ်လိုင်းဖြစ်
ပေါ်လာဖို့ အတွက် ဆိုရင်
သဘင်ကို ချစ်မြ
တ် နိုး တဲ့ သူတွေက
ပံ့ပိုးပေးဖို့လိုကြောင်း၊
သူတို့ သဘင်မင်းသားတွေ
အနေနဲ့ ကတော့ အကောင်
အထည်ဖော်ဖို့ အဆင်အသင့်
ပါပဲလို့ တင် မောင်ဆန်း
မင်းဝင်းက ပြောပါတယ်။
"ဖြစ်ချင်တာက
အနုပညာစိတ်ပေါ့။ ဖြစ်
လာဖို့အတွက်
ပံ့ပိုးပေးမယ့် သူတွေ
ရှိလာမယ်
ဆိုရင်ကျွန်တော်တို့
သဘင်သမားတွေ စည်းရုံး နေ
ပါ တယ်။ သဘင် အတွက်
လိုင်းတစ်လိုင်း အနေနဲ့
ချန်နယ် တစ်ခု
ချပေးနိုင် မယ် ဆိုရင်
တော့ ကျွန်တော်တို့
အနေနဲ့ ဒီအပေါ်မှာ မူတည်
ပြီး ဘာလုပ် သင့် လဲဆိုတာ
ကြိုးစားပြီးတော့
လုပ်ဆောင် ကြမှာပါ။
ဖြစ်သင့် တဲ့အတွက် လည်း
ကျွန်တော် ဒီအကြောင်းကို
အင်တာဗျူးဖြေလိုက်
ခြင်းဖြစ်ပါတယ်။
ကျွန်တော့် သဘင်ပွဲ လည်း
စတော့မယ်။ ဒီပွဲကို လည်း
ချန်နယ် တစ်ခုခု က ယူမယ်။
ချန်နယ် တစ်ခုခု
ယူတော့မယ်ဆို ပေမယ့်
ယူတဲ့ချန်နယ် မှာ က သဘင်
ဆိုပြီး သီးသန့်
ထွက်လာမှာ
မဟုတ်သေးဘူးလေ။ ကျန်တဲ့
ဟာတွေနဲ့ ဆက်စပ်ပြီး
ထွက်လာမှာ။ အဲဒီတော့
သဘင်ပွဲလေးတွေ စု ပြီးေ
တာ့ သဘင် ချန်နယ်လေး
တစ်ခု ဖြစ်
စေချင်တယ်"လို့ တင်မောင်
ဆန်း မင်း ဝင်းက
သဘင်နဲ့ပတ်သက်ပြီး
သူဖြစ် စေချင် တာကို
ပြောပြ လာခြင်း ပဲ
ဖြစ်ပါတယ်။
တင်မောင်ဆန်းမင်း ဝင်းက
သူ့ရဲ့သံဖရိန် ဇာတ်ရုံ
ဖွင့် ပွဲ အဖြစ်
သဘင်ဖျော်ဖြေပွဲ ကို
ပြည်သူ့ရင်ပြင် မှာ
ဖျော်ဖြေတင် ဆက် မှာဖြစ်
ပါတယ်။
Popular Journal
Friday, October 5, 2012
Subscribe to:
Post Comments (Atom)
