အောက်တိုဘာ(၂၂)
ကုလသမဂ္ဂ
အပါအ၀င် နိုင်ငံတကာ အဖွဲ့ အစည်း များက လှူဒါန်းသော ပစ္စည်း များကို ရခိုင်
ပြည်နယ် အစိုးရ အဖွဲ့က စစ်ဆေး ပြီးမှသာ ဖြန့်ဝေ ပေးရန် ရခိုင်ပြည်နယ်
အတွင်းရှိ သံဃာတော် များက ညှိနှိုင်း သဘော တူ ညီ ခဲ့ကြောင်း စစ်တွေ မြို့ခံ
သံဃာတော် များ ထံမှ သိရသည်။
အောက်တိုဘာ လ ၁၈ရက် နေ့က ပြုလုပ် ခဲ့သော အဆိုပါ အစည်းအဝေး တွင် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံ သား ဖြစ်မှု ဥပဒေ ကို ပြည်ထောင်စု
အစိုးရ အနေဖြင့် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် ရန်နှင့် နိုင်ငံတော် သမ္မတ ၏ ဆုံးဖြတ်ချက် ကို အမြန်ဆုံး အကောင် ထည်ဖော်
ဆောင်ရွက်ရန် စသည့် အချက် (၁ဝ) ချက်ကို ဆွေးနွေး ညှိနှိုင်း အတည် ပြုခဲ့ကြောင်း သံဃာတော် များက မိန့်ကြား သည်။
"တစ်မြို့နယ်
မှာပြဿနာ ဖြစ်ရင် တစ်မြို့နယ် က ကူညီဖို့ အတွက်ပါ" ဟု အစည်းအဝေး ကျင်းပ
ရခြင်း နှင့် ပတ်သက် ၍ ရဟန်းတော်များ အဖွဲ့ ၏ နာယက ဆရာတော် အသျှင် စန္ဒာဝရ က
မိန့်ကြား သည်။
ရခိုင် ပြည်နယ် လုံး ဆိုင်ရာ သံဃာ ညီညွတ်ရေး
အစည်းအဝေး ကို စစ်တွေ မြို့ စည်းကမ်း ထိန်းသိမ်း ရေး နှင့် ကူညီ
စောင့်ရှောက် ရေး ရဟန်းတော် များ အဖွဲ့ က ဦးစီး ကျင်းပခြင်း ဖြစ်ပြီး
ဘူးသီးတောင် မြို့၊ မောင်တော မြို့၊ ကျောက်တော် မြို့၊ မြောက်ဦး မြို့၊
မင်းပြား မြို့၊ ရသေ့တောင် မြို့၊ ပေါက်တော မြို့ စသည့် ရခိုင် ပြည်နယ် ၁၃
မြို့နယ် မှ သံဃာတော် များ က တင်ပြ ဆွေးနွေး ခဲ့ကြောင်း စစ်တွေမြို့
ရဟန်းပျိုများ သမဂ္ဂ အသင်း မှ အတွင်းရဲမှူး ဆရာတော် က မိန့်ကြား သည်။
ယင်းသို့
ရခိုင် ပြည်လုံး ဆိုင်ရာ သံဃာ ညီညွတ် ရေး အစည်းအဝေး ကို စစ်တွေ၊
ကျောက်ဖြူ၊ သံတွဲ စသည့် မြို့နယ် များတွင် ၂လ တစ်ကြိမ် ကျင်းပ သွားမည်
ဖြစ်သည် ဟု သံဃာတော် များ ထံမှ မိန့်ကြားသည်။
From : The voice
Monday, October 22, 2012
Subscribe to:
Post Comments (Atom)