Monday, November 4, 2013

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို

0 comments

Monday, November 4, 2013

ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့် ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

CESR (Comprehensive Education Sector Review) ရဲ့ ပထမအဆင့် အစီရင်ခံစာကို မြန်မာနိုင်ငံ မှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေအားလုံးကို ဖြန့်ဝေပြီးဖြစ်ပြီး နောက်နှစ်စပိုင်းမှာ ဒုတိယအဆင့် အစီရင်ခံစာ ထွက်ရှိမယ်လို့ ဗြိတိသျှကောင်စီရဲ့ ပညာရေးဒါရိုက်တာ Susana Galvan ကစကားပြန်မှ တစ်ဆင့်ပြောပါတယ်။ တတိယအစီရင်ခံစာကိုတော့ ရှေ့ကထုတ်ခဲ့တဲ့အစီရင်ခံစာကိုတော့ ရှေ့က ထုတ်ခဲ့တဲ့ အစီရင်ခံစာနှစ်ခုအပေါ် အခြေခံပြီးထောက်ခံချက်တွေပေးကာ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါရှိပါမယ်လို့ သိရတယ်။

CESR ကိုမြန်မာအစိုးရက အကောင်အထည်ဖော်နေပြီး ဗြိတိသျှကောင်စီကလည်း အဖွဲ့ဝင်တစ်ခုအ နေနဲ့ ကူညီပံ့ပိုးပြီး လက်တွဲဆောင်ရွက်နေတယ်လို့ ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie ကစကားပြန်မှတစ်ဆင့် ပြောပါတယ်။ CESR ကိုအခြေခံပြီး ဆက်လက်ကာနိုင်ငံမှာ အဆင့်မြင့် ပညာရေး ဥပဒေကို ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ သိရတယ်။

ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie က 'CESR ကိုအကောင်အထည်ဖော်တဲ့နေ ရာမှာ အလယ်အလတ်ပဲရှိပါသေးတယ်၊ သတင်းအချက်အလက်က မစုံလင်သေးပါဘူး။ ကျွန်တော်တို့ ကိုလဲ ဒီလုပ်ငန်းစဉ်မှာ ပံ့ပိုးဖို့ပဲဖိတ်ခေါ်တာပါ။ CESR ကရရှိတဲ့ အချက်တွေစုဆောင်းပြီး လွှတ်တော်မှာ ကော်မတီ အမျိုးမျိုးကနေ ဒါတွေကိုဆွေးနွေးမှာပါ' လို့ပြောပါတယ်။

CESR နဲ့ပတ်သက်ပြီး ဆက်သွယ်ရေးပိုင်းမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်လို့ ဗြိတိသျှ ကောင်စီရဲ့ မြန်မာမှ ပညာရေးဒါရိုက်တာ Susan Galvan က ပြောပါတယ်။ CESR ကိုဆက်သွယ်ပညာ ပေးဖို့အတွက် အားလုံးကဆက်သွယ်ရေး အစီအစဉ်တစ်ခုရေးဆွဲနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအနှံ့ ဆက်သွယ်ပညာပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။

လက်ရှိမှာ CESR နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုလုပ်နေပြီး မကြာခင် လေ့လာနိုင်မယ်လို့ သိရ တယ်။

မော်ဒန်သတင်းဂျာနယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here