Saturday, October 27, 2012

ရင်ကြားစေ့ရေး ငြိမ်းချမ်းရေးက လက်ငင်းအဓိက လိုအပ်ချက်ဟု SNLD ထုတ်ဖော်

0 comments
ယနေ့ မြန်မာနိုင်ငံ၏ အဓိက လက်ငင်း လိုအပ်ချက် သည် အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်းစဉ် ဟု ခံယူကြောင်း ရှမ်း တိုင်းရင်းသား များ ဒီမိုကရေ စီအဖွဲ့ချုပ် (SNLD) က ပါတီ တည်ထောင်ခြင်း ၂၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အောက်တိုဘာ လ ၂၆ ရက်နေ့ က သဘော ထား ကြေညာ ချက် ထုတ်ပြန်သည်။

အဆိုပါ သဘောထား ကြေညာချက် တွင် အချက် (၈) ချက် ပါဝင်ပြီး ငြိမ်ချမ်းရေး ဖော်ဆောင်မှု အတွက် သဘောထား နှင့် ဒေသအပေါ် အခြေခံသော အမည်သစ် များဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စု ပုံသဏ္ဍာန်ကို SNLD အနေဖြင့် တိကျ ပြတ်သားစွာ ဆန့်ကျင်သည့် အချက်များ ကို ထည့်သွင်း ဖော်ပြထားသည်။


ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲချုပ် အနေဖြင့် နိုဝင်ဘာလ နောက်ဆုံး အပတ်တွင် တိုင်းရင်းသား အဖွဲ့အစည်း များ၊ အပစ်ရပ် အဖွဲများ အပါဝင် အဖွဲ့ကိုးဖွဲ့ ပါဝင်သော ဖိုရမ် တစ်ခု ကျင်းပသွားရန် ရှိပြီး ပညာ ရှင် များ၏ သဘောထားများ တောင်းခံခြင်း နှင့် အပြန်အလှန် ဆွေးနွေးခြင်း များ ပြုလုပ်မည် ဖြစ်ကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောကြားသည်။

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) သည် ၁၉၈၈ ခုနှစ် အောက်တိုဘာ လ ၂၁ ရက် တွင် နိုင်ငံရေး ပါတီ မှတ်ပုံ တင်ခဲ့ပြီး အောက်တိုဘာ လ ၂၆ ရက်နေ့ တွင် ခွင့်ပြုချက် ကျ၍ ပါတီ ထူထောင်ခြင်း နေ့အဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် ၂၃ နေရာ အနိင်ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ တက်ရောက် ခဲ့ကာ တိုင်းရင်းသား များကို လစ်လျူ ရှုထားသည် ဆိုကာ ၁၉၉၆ ခုနှစ်တွင် အမျိုးသား ညီလာခံမှ နုတ်ထွက် ခဲ့သည်။

ရှမ်းပြည် ပညာရှင်များ အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရန် ကြိုးပမ်းစဉ် ခွဲထွက်လိုမှု နှင့် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင် တစ်ချို့ ၂ဝဝ၅ ခုနှစ်၌ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ခံရသည်။ ယခုနှစ် နှစ်ဆန်းပိုင်း တွင်မှ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပါတီ ခေါင်းဆောင်များ ပြန် လည် လွတ်မြောက် လာပြီးနောက် ပါတီ ပြန်လည် မှတ်ပုံတင်ရာ တရားဝင် နိုင်ငံရေး ပါတီ မှတ်ပုံတင် ကျထားသည့် ပါတီတစ်ခု ဖြစ်သည်ဟု ပါတီခေါင်းဆောင် တစ်ဦးက ဆိုသည်။



The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here