Tuesday, November 26, 2013

နိုင်/ကျဉ်း သားသမီးများ၏ ပညာရေးအတွက် သိန်းနှစ်ရာကျော် ထောက်ပံ့မည်ဟု AAPPပြော

0 comments
26-11-2013

နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများကို ပညာရေးထောက်ပံ့မှုများ ပြုလုပ်သည့်အနေဖြင့် ကျပ်သိန်းနှစ်ရာကျော် ထောက်ပံ့သွားမည်ဟု AAPP ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မျိုးကျော်က မဇ္ဈိမ ကို ပြောသည်။

ယင်းသို့ ထောက်ပံရာတွင် ၂၀၁၁ခုနှစ် နောက်ပိုင်း လွတ်လာသည့် နိုင်/ကျဉ်းများ၏ သားသမီးများအတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် အခြေခံပညာအထက်တန်းကလေးများကို ပညာသင်ထောက်ပံ့ကြေး ပေး မည်ဖြစ် ပြီး ကလေးတဦးလျှင် ကျပ်ငွေ ၁သိန်း ၃သောင်း ခန့်ရရှိမည်ဖြစ်သည်။ လက်ရှိတွင် အခြေခံပညာ သင်ကြားနေသော နိုင်/ကျဉ်းများ၏ ကလေးစုစုပေါင်း၂၂၀ ဦးခန့်ရှိပြီး ၄၀နီးပါးကို ထောက်ပံ့ စရိတ် ပေး ပြီးဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

ယခုအကြိမ်တွင် ကျန်ရှိနေသေးသည့် ကလေး ၁၆၆ယောက်အတွက် ပေးမည်ဖြစ်ပြီး တစ်နှစ်အတွင်း နှစ် ကြိမ်ထောက်ပံ့ခြင်းဖြစ်သည် ဟု ကိုအောင်မျိုးကျော်က ဆက်လက်ရှင်းပြသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အများစုသည် ပြင်ပတွင် အထီးကျန်ဆန် မှုများ၊ အလုပ်အကိုင် ရှာဖွေရ ခက်ခဲမှုများကြုံတွေ့နေရကြောင်း ထောင်တွင်း၌ ၁၁ နှစ်ကျော်နေလာခဲ့ ရသူ နိုင်ငံရေးအကျဉ်းသား ကိုစိန်အေးက ပြောသည်။

၎င်းက “မိသားစုတွေနဲ့ အခက်အခဲတွေ တစ်ပုံကြီးတွေ့ရတယ်။ ကလေးတွေ ပညာသင်စာရိတ် ထောက် ပံ့ပေးတော့ ကောင်းတာပေါ့ဗျာ။ အနည်းဆုံးတော့ စိတ်ဓါတ်ခွန်အား ဖြစ်တာပေါ့ဗျာ” ဟု ပြောသည်။

အလားတူ ထောင်ကထွက်လာချိန်တွင် နေထိုင်စရာ အိမ်မရှိတော့ဘဲ မိတ်ဆွေ သူငယ်ချင်းများထံတွင် ခိုကပ်နေထိုင်ရသည့် အခြေအနေများပင်ရှိကြောင်း ထောင်တွင်း ၁၂ နှစ်ကျော်နေထိုင် လာရသူ နိုင်ငံရေး အကျဉ်းသား တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

နိုင်ဘာလ ၂၄ ရက်က အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးစခန်းတွင် ကျဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများအား ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတစ်ရပ် ကို ပြုလုပ်ခဲ့သည်။ ကျဆုံးသူ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုအား ကျပ်ငွေ ၁၀ သိန်းခန့်စီ ထောက်ပံ့ မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here