ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းခင်မောင်စိန် ရှမ်းသင်ရိုးဖတ်စာအုပ်ကို ပြသနေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
အဖိုးအနဂ္ဃထိုက်သည့် ပြဋ္ဌာန်းစာအုပ်တစ်အုပ်၏ မိတ္တူတစ်ခုကြောင့် မြန်မာတိုင်းရင်းသား ရှမ်းလူမျိုး များ၏ ဘာသာစာပေသည် အခက်အခဲများအမျိုးမျိုးကြားတွင် နှစ်ပေါင်း ၅၀ တိုင်တိုင် ရှင်သန်လာ ခဲ့သည်။
ကျောင်းသားများ၏ မိမိတို့ ဘာသာစာပေသင်ယူလိုစိတ်လည်း တဖွားဖွား ထက်သန်ပြင်းထန်လာခဲ့သည်။
ဆယ်စုနှစ်များနှင့်ချီ၍ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ပွဲများနောက်ပိုင်းတွင် ယနေ့အာဏာရလာသည့် ပြုပြင်
ပြောင်းလဲရေးအစိုးရလက်ထက်၌ လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့အား အစိုးရက ဖိတ်ခေါ်ညှိနှိုင်း
လာသောကြောင့် စေ့စပ်ဖျန်ဖြေရေးအထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ပြည်နယ်များ
ရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားတို့၏ ဘာသာစာပေ များ ပြန်လည်သင်ကြားခွင့်ပြုရန်
တောင်းဆိုမှုများ ပေါ်ထွက်လာသည်။
"ရှမ်းစာပေဟာ ရှမ်းလူမျိုးတွေရဲ့ အသက်သွေးပါပဲ။
ဒီစာပေပျောက်ရင် ဒီလူမျိုးစုတစ်စုလုံးလည်း ပျောက်သွား နိုင်ပါတယ်"ဟု ရှမ်းပြည်နယ်မြို့တော်တောင်ကြီး
မြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (SLCA) ဥက္ကဋ္ဌ စိုင်းခမ်းဆင့်က ပြောသည်။
နိုင်ငံအတွင်း ယဉ်ကျေးမှုကွဲပြားနေမှုကို ချေဖျက်လိုသောအစိုးရက အဆိုပါမူလရှမ်းစာပေစာအုပ်ကို သင်ရိုး
ညွှန်းတမ်းမှထုတ်ဖယ်လိုက်ပြီးနောက် ရှမ်းတိုင်းရင်းသားများအမြတ်တနိုးတန်ဖိုးထားကြသည့် ယင်းစာအုပ်
ကို မိတ္တူများပွား၍ သီးခြားသင်ခန်းစာအဖြစ် ရှမ်းပြည်နယ်တွင်နှစ်ပေါင်းများစွာ သင်ကြားပို့ချပေးခဲ့ကြပါ
သေးသည်။
စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်ခေတ်များကိုကျော်လွန်ခဲ့သည့်မြန်မာနိုင်ငံ၌ ယခုနှစ်တွင် ရှမ်းရေးရာဦးစီးဆောင်
ရွက်သူများအနေဖြင့် ယင်းပြဋ္ဌာန်းစာအုပ်ကို အသစ်တစ်ဖန်တည်းဖြတ်ရိုက်နှိပ်ခွင့်ရရှိနိုင်သည့် အခြေအနေ
များရှိနေသည်။
SLCA အဖွဲ့သည် နွေရာသီကျောင်းများဖွင့်ပြီး ကျောင်းသူကျောင်းသားများကို အခြေခံရှမ်းစာပေနှင့်စကား
သင်ကြားပေးသည့်အပြင် (ချစ်သူနှစ်ဦး သေဆုံးပြီးနောက် ကြယ်ပွင့်ကလေးများ ဖြစ်သွားကြသည့်) 'ခွန်
စံလောနှင့် နန်းဦးပြင်' ကဲ့သို့သော ရှမ်းဒဏ္ဍာရီပုံပြင်များနှင့်လည်း အကျွမ်းဝင်စေခဲ့သည်။
ရှမ်းစာပေသင်တန်းများကို အစိုးရကျောင်းများ၌ ဆရာ၊ ဆရာမများအား ကြောင့်ကြမှုကင်းစွာဖြင့် သင်ကြား
ခွင့် ပေးခြင်းဖြင့် ရှမ်းစာပေ ရေရှည်ရှင်သန်ဖွံ့ဖြိုးသွားမည်ဖြစ်ကြောင်း စိုင်းခမ်းဆင့် က ပြောကြားသည်။
နယ်စပ်အနီးတစ်ဝိုက်တွင်ပြောကြသည့် ထိုင်းစကားနှင့်ဆင်တူသော ရှမ်းစကားသည် မြန်မာနိုင်ငံ အတွင်း
ပြောကြသည့် ဘာသာပေါင်း ၁၀၀၀န်းကျင်တွင်ပါဝင်သည်။
မွန်၊ ချင်း၊ ကရင် အပါအ၀င် မြန်မာ တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၀ ကျော်ထဲမှအချို့သည် ၎င်းတို့၏ မိရိုးဖလာ ဘာသာစကားများကို သင်ရိုးညွှန်းတမ်းတွင် တရားဝင်ထည့်သွင်းပေးရန် အစိုးရအားတင်ပြလာ
ကြသည်။
"တိုင်းရင်းသားပြဿနာဟာ အနာဂတ် မြန်မာနိုင်ငံအတွက် အဓိကအကျဆုံးကိစ္စ ဖြစ်ပါတယ်"ဟု စာရေး
ဆရာနှင့် Christian Solidarity Worldwide အဖွဲ့မှ လူ့အခွင့်အရေးဦးစီးဆောင်ရွက်သူ ဘဲနဒစ်ရော်ဂျာက ဆိုသည်။
"မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးရာအဖွဲ့အစည်းတွေ စနစ်တကျရှိနေတယ်ပဲထား၊ ၀ိရောဓိတွေနဲ့ တိုင်းရင်း
သားလူနည်းစုအပေါ်ဖိနှိပ်မှုတွေရှိနေရင်တော့ အင်ပြည့်အားပြည့်နဲ့ ဘယ်တော့မှလှုပ်ရှားနိုင်မှာမဟုတ်ဘူး"
ဟုလည်း သူကဆိုသည်။
"မြန်မာစာကို အများသုံးအဖြစ် ကျွန်တော်တို့လုပ်ထားပါတယ်။
ဒါကြောင့် တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ မြန်မာစာကို ဆန္ဒရှိရင်သင်ယူသင့်တာပေါ့" ဟု ငြိမ်းချမ်းရေး
အတွက် ဦးဆောင်လှုပ်ရှားနေသောထိပ်တန်းအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းထောက်အား ပြော
သည်။ သူက "တိုင်းရင်းသားဘာသာစာပေကိုပါ သင်ယူချင်ကြရင်လည်း အချိန်ရရင်ရသလို သင်ယူနိုင်ကြ ပါတယ်" ဟုလည်း ရှင်းလင်းပြောကြားသည်။
ကျောင်းပိတ်ရက်များတွင် တိုင်းရင်းသား ဘာသာစာပေများ သင်ကြားရေးအတွက် ကြိုတင်ပြင်ဆင် မှုများ
ပြုလုပ်ထားကြောင်း၊ စာသင်ချိန်အတွင်းသင်ကြားပေးရန်အတွက်မှာ အလွန်ခက်ခဲကြောင်း ရှမ်းလူမျိုးဖြစ်
သည့် ဒုတိယသမ္မတ စိုင်းမောက်ခမ်းက စက်တင်ဘာလတွင် ပြောကြားခဲ့သည်။
တောင်ကြီးမြို့၌ မူလ ရှမ်းဘာသာပြဋ္ဌာန်းစာအုပ်ကိုပြုစုခဲ့သည့် တန်ကဲလ်သည် ဘာသာစာပေဆိုင်ရာ ကြိုး
ပမ်းဆောင်ရွက်မှုများအတွက် လေးစားဂုဏ်ပြုခြင်းခံရနေရဆဲဖြစ်သည်။
အသက် ၉၀ ကျော်အရွယ် အင်အားချည့်နဲ့နေဟန်ရှိသော တန်ကဲလ်သည် အနည်းငယ်မျှသော နိုင်ငံကျော် ရှမ်းရိုးရာ ဗိန္ဒောဆရာကြီးများစာရင်းတွင်လည်း ပါဝင်နေရာ၊ သူ့စာအုပ်ကို အသုံးပြုနေသေးကြောင်း ပြောပြ
လိုက်သောအခါ စွမ်းအားပြည့်ကျားတစ်ကောင်ပမာ ရယ်ပြုံးပြုံးလုပ်၍နေသည်။
ယနေ့ ကျောင်းသူကျောင်းသားများအား ရှမ်းစာပေသင်ကြားရေး ပြန်လည်ကြိုးပမ်း ဆောင်ရွက်နေခြင်း
အပေါ် ၀မ်းမြောက်ကျေနပ်မှုရှိ မရှိမေးမြန်းရာတွင်လည်း သူက "ကောင်းတာပေါ့ကွာ" ဟု ဖြေကြားသည်။ မူလပြဋ္ဌာန်းစာအုပ်ကို ၁၉၆၁ ခုနှစ်တွင် ပထမအကြိမ် ရိုက်နှိပ်ပြီး စာသင်ကျောင်းများ၌ သင်ကြားခဲ့သည်။
ထိုစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည့် မြွေများ၊ ဆင်များနှင့် သပိတ်ကိုယ်စီပိုက်ထားသော သံဃာ
တော်များ၏ လှပသည့်ပန်းချီသရုပ်ဖော်ပုံများမှာ စိမ်းလန်းစိုပြည်သည့် တောရိပ်တောင်ရိပ်ပြွမ်းသော ကျေး
လက်ဘ၀ကို ပိုမိုထင်ဟပ်စေခဲ့သည်။
အသစ်တည်းဖြတ်ရိုက်နှိပ်သည့်စာအုပ်တွင် ယခင်ပန်းချီသရုပ်ဖော်ပုံများကို ဓာတ်ပုံများဖြင့်အစားထိုးထား
သော်လည်း စာအုပ်၏အဓိကစာသားများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးသားထားခြင်းမရှိသေးပေ။
"ဒီခေတ်မှာ ကျွန်တော်တို့ဆီမှာ ကွန်ပျူတာတွေရှိနေပေမယ့် ပြဋ္ဌာန်း စာအုပ်ထဲက စာလုံးတွေကို ရိုက်နှိပ်ဖို့ ကွန်ပျူတာ ရှမ်းစာလုံးတွေ မရှိသေးပါဘူး။ ရေဒီယို ဆိုပါစို့။ ရေဒီယိုကို ရှမ်းလိုရေးဖို့ စာလုံးမရှိသေးဘူး"
ဟု SLCA အဖွဲ့ဝင် စိုင်းစောလှိုင်က ပြောသည်။
ဖူ့တာမိက် (အင်းဟှးလင်ဖ၀်)