Friday, September 7, 2012

ပြည်လမ်းမှာ ကားတစ်စီးမီးလောင်

0 comments
ယနေ့(စက်တင်ဘာ၇ရက်) ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်တွင် Suzuki Wagon R+ ယာဉ်တစ်စီး မတော်တဆမီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)














Read more...

မန္တလေးအခြေစိုက် ဓာတ်ပုံမဂ္ဂဇင်း မကြာမီထွက်ရှိမည်။

0 comments
ဓာတ်ပုံ CJMyanmar

မန္တလေးအခြေစိုက် သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်းကို အောက်တိုဘာလထုတ်အဖြစ် မကြာမီထွက်ရှိတော့မည်ဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်း၏ FB စာမျက်နှာနှင့် မန္တလေးမြို့တွင်းတွင် ကြော်ငြာထားသော ကြော်ငြာဘုတ်များအရသိရှိရသည်။

“သဘာဝ” ကို သဘာဝအတိုင်း ကလောင်စုံ၊ ရသစုံနှင့် စွဲစွဲနစ်နစ်ခံစားဖတ်ရှုနိုင်သလို “သဘာဝ” ကို သဘာဝအတိုင်း အရောင်စုံ၊ မြင်ကွင်းစုံ၊ နေရာစုံ ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖန်တီးထားကြောင်း အဆိုပါ မဂ္ဂဇင်း၏ FB စာမျက်နှာတွင် ဖော်ပြထားသည်။

ယခု လက်ရှိ မြန်မာပြည်တွင် ထုတ်ဝေနေသော မဂ္ဂဇင်း အမျိုးအစားများတွင် ဓာတ်ပုံ ဦးစားပေး မဂ္ဂဇင်း ပြတ်လပ်နေစဉ် အချိန်ကိုက် ထွက်ရှိလာသောကြောင့် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်းပေးရာ
ရောက်ကြောင်း ဓာတ်ပုံပညာရှင် ကိုစစ်သွေးကျော် က CJ Myanmar ကို ပြောကြားသည်။ ယခင်က ဓာတ်ပုံ ဦးစားပေး မဂ္ဂဇင်းအဖြစ် ရှုမငြီး မဂ္ဂဇင်း ထွက်ရှိ ခဲ့ဖူးသည်။


သတင်း
CJMyanmar
Read more...

အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး

0 comments
အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး
သရုပ်ဆောင်လွင်မိုး၏ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက သူမကို ဆယ်ကျော်သက် မိန်းကလေး ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အဖြစ်သာ ပရိသတ်ကမြင်စေ ချင်ကြောင်း ယွန်းဝတီလွင်မိုးကပြောသည်။ "ဆယ်ကျော်သက်တစ်ယောက်ပေါ့။ သူဝါသနာပါတာကို အောင်မြင်အောင်လုပ်ချင်တဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို့ပဲ မြင်စေချင်တယ်။ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက် လို့ပဲ မြင်စေ ချင်တယ်။ အမှန်တိုင်းပြောရရင် ဓာတ်ပုံမော်ဒယ်လ် ယွန်းဝတီလို့ပြောပေမယ့် ဦးလွင်မိုးသမီး ယွန်းဝတီလို့ပြောတာ ပိုကြိုက်ပါတယ်" ဟု ယွန်းဝတီလွင်မိုး ကပြောသည်။ မော်ဒယ်လ်တစ်ယောက်ဖြစ်လိုပြီး သရုပ်ဆောင်ရန်အတွက်မူ သူမအတွက်ခက်ခဲကြောင်းလည်း ဖွင့်ဟသည်။ "ဓာတ်ပုံမော်ဒယ်လ်မှာဆို အကုန်လုံးရတယ်။ ဘာမှအခက်အခဲမရှိဘူး။ ဒါပေမဲ့ သရုပ်ဆောင်ရတာဆို သမီး အဲဒီလောက်ကြီး မတော်သေးဘူးပေါ့နော်။ ဒါရိုက်တာတို့၊ ဖေဖေ၊ မေမေတို့ဆီက အကူအညီလိုတုန်းပဲ။ ဓာတ်ပုံမော်ဒယ်လ်ဆို သူများအကူအညီမယူဘဲနဲ့ ကိုယ့်ဟာကိုယ်လုပ်လည်း ရတယ်။ သရုပ်ဆောင်တာတွေကျတော့ သူများအကူအညီလိုတယ်။ သမီးအတွက် နည်းနည်းခက်ခဲတယ်။ အဲဒီအတွက် ဓာတ်ပုံမော်ဒယ်လ်ကိုပဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပါ" ဟု သူမကပြောသည်။ ဖခင်ကဲ့သို့ အောင်မြင်သော သရုပ်ဆောင် တစ်ယောက်ဖြစ်ရန် ရည်ရွယ်ထားခြင်းမရှိသော်လည်း တီဗီကြော်ငြာ၊ MTV ရိုက်ကူးခြင်းများကို ပိုမိုပြုလုပ်သွားမည်ဟုပြောသည်။ လက်ရှိတွင် အဋ္ဌမတန်း၌ ပညာသင်ယူနေပြီး လာမည့်နှစ်တွင် အထက်တန်းတက်ရမည်ဖြစ်သောကြောင့် အနုပညာအလုပ်ကိုလျှော့၍ ပညာရေးကို ပိုမိုအားစိုက် မည်ဖြစ်ရာ ဖခင်ကလည်း ပညာရေးကို အားပေးကြောင်း ယွန်းဝတီလွင်မိုးကပြောသည်။ ချမ်းချမ်း၊ ၀ိုင်းစုခိုင်သိန်းတို့၏ တစ်ကိုယ်တော်အခွေ VCD များတွင် ယွန်းဝတီလွင်မိုး သရုပ်ဆောင်ထားသည်။ref- Planet
Read more...

ပြည်တွင်း၌ ဖြေဆိုမှုများပြားသော MCITP လက်မှတ်များ ၂၀၁၃ တွင်ရပ်နားမည်

0 comments
Microsoft မှပေးအပ်သော Professional Certified တစ်ခုဖြစ်သည့် Microsoft Certified IT Professional လက်မှတ်များအား ၂၀၁၃ ဇူလိုင်လ (၃၁) ရက်တွင် ရပ်နားမည်ဖြစ်ကြောင်း Microsoft မှ တရားဝင်အတည်ပြု ကြောညာခဲ့သည်။ MCITP တွင် SA (Server Administrator) နှင့် EA (Enterprise Administrator) ဟူ၍ခွဲခြားထားပြီး

Server Administrator တွင် 70-680, 70-640, 70-642, 70-646 တို့ကို ဖြေဆိုရမည်ဖြစ်သည်။ Enterprise Administrator တွင် 70-680, 70-642, 70-640, 70-643, 70-647 ဟူ၍ ငါးဘာသာဖြေဆိုရမည်ဖြစ်သည်။ အဆိုပါ EA နှင့် SA ကို ပြည်တွင်း၌ ဖြေဆိုမှုအများဆုံး ဘာသာရပ်များအဖြစ် စာမေးပွဲဌာနများနှင့် သင်တန်းကျောင်းများမှ ပြောကြားခဲ့သည်။ MCITP စာမေးပွဲများကို ပြည်တွင်းလုပ်ငန်းခွင် ၀င်ရောက်မည့်သူများနှင့် ပြည်ပတွင် ပညာရှင်တစ်ဦးအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသူများမှ ဖြေဆိုမှုများပြားကြောင်းလည်း သိရသည်။ MCITP တွင်ဘာသာရပ်များအနေဖြင့် Microsoft မှသတ်မှတ်ပေးထားသည့် (၁၆) ဘာသာရှိပြီး၊ အဆိုပါ ဘာသာရပ်များထဲမှ ဘာသာရပ် (၁၃) ခုကို ရပ်နားမည်ဖြစ်ကြောင်း Microsoft ၏ တရားဝင် Web Site ဖြစ်သော www.micrsoft.com တွင်ဖော်ပြထားသည်။ ဆက်လက်ကျန်ရှိသွားမည့် ဘာသာရပ်များအဖြစ် Enterprise Messaging Administrator on Exchange 2010 (70-662, 70-663)၊ Lync Server Administrator 2010 (70-664, 70-665)၊ SharePoint Administrator 2010 (70-667, 70-668) တို့ကျန်ရှိမည်ဖြစ်သည်။ ရပ်နားလိုက်သော ဘာသာရပ်ဆိုင်ရာ စာမေးပွဲများနှင့်ပတ်သက်၍ Microsoft Certified ဘာသာရပ်များ သင်ကြားပို့ချလျက်ရှိသော သင်တန်းတစ်ခုမှ နည်းပြတစ်ဦးကလည်း “နိုင်ငံတကာမှာက Microsoft ရဲ့ Product ဖြစ်တဲ့ Server 2008 ပိုင်းကို အသုံးပြုမှု နည်းပါးနေပါတယ်။ လက်ရှိအချိန်ထိ Server 2003 ကိုသာ အဓိကထားပြီး အသုံးပြုနေတာကို တွေ့ရပြီး၊ အကြောင်းရင်းကတော့ Server 2008 ကိုအသုံးပြုရတာ အဆင်မပြေမှုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Microsoft ဟာ Server 2008 နဲ့ပတ်သက်တဲ့ စာမေးပွဲတွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ အသစ်ဖြစ်လာမယ့် 2012 MCSA, MCSE တို့ကို မျှော်လင့်နေကြပါတယ်” ဟု သူ၏အမြင်နှင့် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် သုံးသပ်ပြောကြားသွားခဲ့သည်။

ရေးသားသူ -ကိုစိုင်း
ref: Internet Journal

Read more...

ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ်။

0 comments
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ချေးငွေဌာနသည် အငှားဝယ်ယူ ရောင်းချသော စနစ်ဖြင့် မော်တော်ယာဉ် ဝယ်ယူလိုသူများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲမည်သူမဆို ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

၁။ ရောင်းချသည့်မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိပေးရမည်။

၂။ သက်တမ်းမပြည့်မီ ပြန်လည်ပေးဆပ်သော ချေးငွေများအတွက် ငှားရမ်းခ ပြန်လည်ထုတ်ပေးခြင်း(Refund) နှင့် အရစ်ကျ ပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် ပျက်ကွက်ကြေး (Penalty) စနစ်များလည်း ရှိပါသည်။

၃။ သက်တမ်းနှင့် နှုန်းထားများ -
သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -
ငှားရမ်းခ (Rental Fees)                 ၈%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -
ငှားရမ်းခ (Rental Fees)                 ၇%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၄၀% သတ်မှတ်ပါက -
ငှားရမ်းခ (Rental Fees)                 ၅%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -
ငှားရမ်းခ (Rental Fees)                 ၁၂%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -
ငှားရမ်းခ (Rental Fees)                 ၁၁%
ဝန်ဆောင်ခ (Service Charges)      ၁%

၎။ ဝယ်ယူနိုင်သော နေရာများ -

၁။ Fuji Yama Service Co.,ltd
  • အမှတ်(၉)၊အေးရိပ်မွန်လမ်း၊ (၃)ရပ်ကွက်၊လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ ။ ဖုန်း ၀၁-၅၃၁၃၇၃၊ ၀၁-၅၁၂၉၂၁
  • အမှတ် (၁၅၈)၊ ရန်ကုန်-အင်းစိန်လမ်း၊ကမာရွတ်မြို့ နယ်။ (ဆင်ရေတွင်းမှတ်တိုင်အနီး) ဖုန်း ၀၁-၅၃၆၉ ၅၉
  • အမှတ်(၆၈)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့ နယ်၊ ရန်ကုန်မြို့ ။ ဖုန်း ၀၁-၆၈၅၀၄၉* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)
၂။ Aung Gyi Trading Co.,Ltd
အမှတ် ၁၅၃၊ မောင်သန်းလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့ နယ်။ ဖုန်း - ၆၄၃၆၂၁၊ ၆၁၇၁၀၁၊ ၀၉ ၅၅၀၅၈၆၂* ရောင်းချသည့် ပစ္စည်း အမျိုးအစား - မီးစက်နှင့် ကားများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်။

၃။ Garmanit Trading Co.,ltd
အမှတ် ၇၅-စီ၊ အေးရိပ်သာ ၁လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့ နယ်။ ဖုန်း ၅၄၇၅၃၈၊ ၅၅၇၆၇၇
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမောင်တော်ယာဉ် (ယာဉ်ငယ်)

၎။ Shwe Yamone
အမှတ်၂၉၊ ပြည်လမ်း၊ ၇မိုင်၊ မရမ်းကုန်း။
ဖုန်း ၆၈၅၃၂၀၊ ၆၈၅၄၅၀၊ ၆၅၆၇၀၈
* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမောင်တော်ယာဉ် (ယာဉ်ငယ်)


ချေးငွေဌာန
အေဂျီဒီဘဏ်။


Read more...

စင်ကာပူရောက်မြန်မာများ အိမ်/Condo၀ယ်ရေးကိစ္စ FarEastမှဆောင်ရွက်ပေးမည်

0 comments

စင်ကာပူနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားများပါဝင်သောFar East Organization မှစင်ကာ ပူနိုင်ငံတွင် အကြောင်းအမျိုးမျိုး ကြောင့် Condo ၊တိုက်ခန်းများ ၀ယ်ယူရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဆက်သွယ်ဆောင် ရွက်ပေးပြီး ဈေးနှုန်းများမှ အစ အသေးစိတ်အချက်အလက်များ ကို ကုမ္ပဏီမှ လုပ်ကိုင်ဆောင် ရွက်ပေးနေကြောင်း ကုမ္ပဏီမှ Markting Executive တာဝန်ခံ ကိုကျော်စည်သူက ပြောပြသွားခဲ့ သည်။
““လက်ရှိ စင်ကာပူအိမ်ခြံ မြေဈေးကွက်မှာ အင်ဒို၊ တရုတ်၊ မလေးရှားနိုင်ငံတွေက အ၀ယ်ဆုံး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံအနေ နဲ့ကတော့ တော်တော်လေးကို နည်းပါသေးတယ်။ ပြီးတော့ စင်ကာပူမှာက တခြားနိုင်ငံတွေ ထက်တော့ အိမ်ဈေးတွေကနည်း နည်းများတယ်။ Condo တွေဆို ရင် စင်ကာပူဒေါ်လာ (၇)သိန်း အထက်လောက်ရှိတယ်။ အစိုးရ အနေနဲ့ကလည်း သူတို့နိုင်ငံသား တွေအကျိုးကိုကြည့်တဲ့အနေနဲ့ တိုက်ခန်းဝယ်သူတွေက ထပ်ဆင့် မရောင်းနိုင်အောင် ထိန်းချုပ် ထားတယ်။ ဈေးမမြောက်အောင် ပေါ့။ ပြီးတော့ အခွန်အနေနဲ့က နိုင်ငံခြားသားဆို ၁၃ ရာခိုင်နှုန်း၊ သူတို့နိုင်ငံပြည်တွင်းကဆိုရင် တိုက်ခန်း ၃လုံးအထက်ဆိုရင် ၆ ရာခိုင်နှုန်း၊ ၃လုံးအောက်ဆိုရင်  ၃ ရာခိုင်နှုန်းပေးဆောင်ရပါတယ်။ စင်ကာပူမှာကတော့ နိုင်ငံခြား သားအနေနဲ့က ခြံတွေဝန်းတွေ ၀ယ်လို့မရပါဘူး။ Condo ၀ယ် လို့ရမယ့် အိမ်ဈေးနှုန်းတွေက စင် ကာပူဒေါ်လာ ၆ သိန်းခွဲကနေ ၃ သန်းကြားလောက်ရှိပါတယ်။ မြန်မာနိုင်ငံသားတွေက စင်ကာ ပူမှာ အိမ်တွေဝယ်ယူရာမှာ အဆင်ပြေအောင် ကျွန်တော်တို့ ကို ဆက်သွယ်ပြီး ဆောင်ရွက်နိုင် ပါတယ်””ဟု ရှင်းပြခဲ့သည်။

နေမင်းညို
Read more...

အမေရိကန် ပြည်တွင်းစစ် အတွင်းက သင်္ဘောအပျက် အစီးများ အယ်လာဘားမား ကမ်းခြေသို့ ရောက် ရှိလာ

0 comments

မွန်ဂိုမရီ စက်တင်ဘာ ၆
ဟာရီကိန်းမုန်တိုင်း အိုင်စက် တိုက်ခတ်မှုကြောင့် ပြည်တွင်းစစ် အတွင်းက မီးရှို့ဖျက်ဆီး ခံရသည့် သင်္ဘော တစ်စင်း၏ အပျက် အစီးများဟု ယူဆရဖွယ် ရှိသည့်  အပျက် အစီးများ သည်  အယ်လာဘား မားကမ်း ခြေသို့ ရောက်ရှိလာ ခဲ့ကြောင်း  သိရသည်။

ယင်းအပျက် အစီးများသည် ပြည် တွင်းစစ် အတွင်းက Union တပ်ဖွဲ့များ၏ မီးရှို့ဖျက်ဆီး နှစ်မြှုပ်ခံ ရသော  Confederateတပ်ဖွဲ့မှMonticello သင်္ဘော၏ အပျက်အစီးများ ဖြစ်ကြောင်း အချို့က ယူဆလျက်ရှိသည်။

အယ်လာ ဘားမား  ကမ်းခြေသို့ အပျက် အစီးများ ရောက်ရှိ လာခြင်းမှာ ယခု အကြိမ်ဆိုပါက  စတုတ္ထ အကြိမ်ဖြစ် ကြောင်း၊ ၁၉၆၉ ခုနှစ်က ဟာရီ ကိန်းမုန် တိုင်း  ကာမီးလီ တိုက်ခတ်စဉ်က တစ်ကြိမ်၊ ၂ဝဝ၄ ခုနှစ်   အိုင်ဗန် ဟာရီကိန်း မုန်တိုင်း တိုက်ခတ်စဉ်က တစ်ကြိမ်နှင့် ၂ဝဝ၈ ခုနှစ် အစ်ခ်မုန်တိုင်း တိုက်ခတ် စဉ်က တစ်ကြိမ် အပျက် အစီးများ ကမ်းခြေ သို့ မျောပါလာ ခဲ့ကြောင်း သိရသည်။  

 သို့သော် အဆိုပါ အပျက် အစီးများသည် မည်သည့်ခေတ်က ဖြစ်ကြောင်း ကိုမူ  အတိအကျ မသိရှိရသေး ကြောင်း ဘာမင်ဂမ် သတင်းဌာန၏   ဖော်ပြချက် အရသိရသည်။           
ref: MWD 
Read more...

ရွှေတိဂုံ စေတီတော်ကြီး၏ (၅၂၁) ကြိမ်မြောက် ရွှေစင် ရွှေပြား အလှူတော်ငွေ ပေးအပ်ပွဲ ကျင်းပ

0 comments

ရန်ကုန်   စက်တင်ဘာ   
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၅၂၁) ကြိမ်မြောက် ရွှေသင်္ကန်းတော် ရွှေစင်၊ ရွှေပြား ကပ်လှူ ပူဇော်ခြင်း၊ ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ခြင်း အလှူတော်ငွေ ပေးအပ်ပွဲနှင့် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကို စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီက ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ် ရှိ ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ရာ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် သိင်္ဂီဦး (ခြောက်ထပ်ကြီး) ကျောင်းတိုက် သြဝါဒါ စရိယ ဆရာတော်၊ ဂေါပက အဖွဲ့ဝင် များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး အလှူရှင် များက ရွှေစင်၊ ရွှေပြားနှင့် အလှူတော် ငွေများ အသီးသီး ပေးအပ် လှူဒါန်းရာ အလှည့်ကျ သဘာပတိ ဂေါပက အဖွဲ့ဝင် ဦးစိန်ဝင်းအောင်နှင့် အဖွဲ့ဝင် များက လက်ခံ ရယူ၍ ထုတိ အနုမောဒနာ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် လှူဒါန်းမှု အစုစု တို့အတွက် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် သိင်္ဂီဦး (ခြောက်ထပ်ကြီး) ကျောင်းတိုက် သြဝါဒါ စရိယ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒော ဘာသထံမှ ရေစက်ချ အနု မောဒနာ တရား နာကြား၍ ရေစက်သွန်းချ အမျှ ပေးဝေကာ ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။ အဆိုပါ အလှူတော် မင်္ဂလာ အခမ်း အနားတွင်  စေတနာရှင်  အလှူရှင် ၃၈၄၈ ဦးမှ ရွှေစင်၊ ရွှေပြားနှင့် အလှူ တော်ငွေ စုစုပေါင်း တန်ဖိုးငွေကျပ် ၄၈၂၂, ၃၁၂၅ဝ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
ref: MWD
Read more...

အိန္ဒိယရှိ မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှု လူ ၄၀ သေဆုံး

0 comments
အိန္ဒိယ နိုင်ငံ တောင်ပိုင်းရှိ တမီးလ်နာဒူး ပြည်နယ်တွင် ရှိသည့် မီးရှူးမီးပန်း စက်ရုံ တစ်ခုတွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု
တစ်ခု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံးလူ ၄၀ သေဆုံးခဲ့ရကာ ၆၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။ အဆိုပါ မီးလောင် ကျွမ်းမှုမှ တစ်ဆင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ပြီး မီးရှူးမီးပန်း ပုံးများမှ ပေါက်ကွဲခဲ့သဖြင့် ယခုလို သေဆုံးမှု မျုားပြားခဲ့ရခြင်းလည်း ဖြစ်သည်။
Om Siva Shakti ခေါ် မီးရှုးမီးပန်း စက်ရုံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုကြောင့် စက်ရုံ တစ်ခုလုံး မီးလောင် ကျွမ်းခဲ့ရကာ မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း သိရသည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အိန္ဒိယ သတင်း အေဂျင်စီ တစ်ခုဖြစ်သည့် Press Trust တွင် ဖော်ပြရာ၌ သေဆုံးသူ ဦးရေမှာ ၅၂ ဦး ရှိပြီး ယင်းစက်ရုံထဲတွင် မီးလောင်မှု ဖြစ်ပွားချိန်က လူပေါင်း ၃၀၀ခန့် ရှိနေခြင်း ဖြစ်ကာ အများစုသော ထိခိုက် သေဆုံးသူများမှာ ဒေသခံ ကျေး ရွာမှ ဖြစ်ကြောင်လည်း ဖော်ပြခဲ့သည်။
ယခုလို ဖြစ်ရပ်ကြောင့် မီးသတ်ကား တစ်ဒါဇင်ခန့်ဖြင့် ငါးနာရီကြာ ငြိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။ မီးလောင်မှု မဖြစ်ပွားမီ ရက်အနည်းငယ်က လုံခြုံရေး စစ်ဆေးမှု ပြုရာတွင် အရည်အသွေး မပြည့်မီသဖြင့် စက်ရုံလိုင်စင်ကို ပိတ်ထားခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ အဆိုပါ မြို့တွင် မီးရှုးမီးပန်း စက်ရုံများ ရှိကာ နိုင်ငံ အတွင်းရှိ ထုတ်လုပ်မှု အားလုံး၏ ၉၀ ရာနှုန်းကို ထုတ်လုပ် ပေးနေခြင်း လည်း ဖြစ်သည။်
ref : mrtv4
Read more...

မရန်းကုန်းတွင် အလုပ်သမား ဆန္ဒပြ(ဓာတ်ပုံ)

0 comments





Read more...

တောင်းဆိုတာတကယ်မများပါဘူး

0 comments
ချွေးမလုပ်တဲ့သူက “ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ?”
အမေက သူ့သားပြန်လာတာမြင်တော့ဘာမှမပြောတော့ဘဲ ထမင်းဟင်းကို ပါးစပါထဲသွတ်ထည့် လိုက်တယ်။ သူမသူ့ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လိုက်တယ်။
သားက တစ်လုတ်လောက်မြည်းကြည့်လိုက

်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”
“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ နောက်ကျရင်ရှင်ဘဲချက်တော့”
ချွေးမ ကတော့ ဆောင့်အောင့်ပြီး အခန်းထဲဝင်သွားတယ်။

သားကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်တယ် “အမေ မစားနဲ့တော့၊ သားခေါက်ဆွဲ ချက်ကျွေးမယ်”
“သား မင်း အမေ့ကို ပြောစရာ ရှိတယ် မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။”

“အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊ မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ်ပြောတယ်။ ဒါကြောင့်…”
“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံ ကလဲမကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့ အတိုင်း မိန်းမအလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်းပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ က ကျွေမဲ့သူ ပြုစုမဲ့သူ အဆင်သင့်ရှိပြီးသား ဘဲ။ အိမ်မှာထက်တောင် ပို အဆင်ပြေသေးတယ် မဟုတ်ဘူးလား?” 

“…….”

ရေမိုချိုးပြီး ခေါက်ဆွဲထုတ်ကို ဘဲ ကမန်းကတန်းပြုတ်စားလိုက်တယ်။ သူ အခန်းထဲဝင်သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုဘဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့ အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ် စဉ် အခါက ပင်ပန်းခဲ့ တာတွေ ကို အကြောင်းပြ ပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? သူ့ကိုယ်သူပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။
“မင်းရဲ့ နောက်ပိုင်း ဘ၀ကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်း အမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့ သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင်အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်းကောင်းကောင်း ပြုစု ပါလား? သစ်ပင်သည်ငြိမ်ချင်သော်လည်းလေကမငြိမ်ပေ။ မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေက တော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့

နေမင်းက သူ့ရဲ့ ပူပြင်းလှတဲ့ အရှိန် အ၀ါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခိုသွားပြီ။
မြို့ပြင် စိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….
ဟုတ်တယ်လေ၊ ပိုက်ဆံများများသုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီ ဖန်သားပြင်မှာ ဟာသကား တစ်ကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။
တချို့ အင်္ကျီဆင်တူ ၀တ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘဲ။
နောက် လူအိုတစ်ယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီးမြေကြီးပေါ်ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။
သားကသိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင် ကောင်းကောင်းရတဲ့ အခန်းတစ်ခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြုတွေက လဲ တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအိုတွေ ကလည်း လမ်းလျှောက်နေကြတယ်။ ပတ်ဝန်းကျင် တိတ်ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဖြစ်လာစေတယ်။

ဆည်းဆာ သည်လှပသော်လည်းဘဲ မှောင်ရီပျိုးနေပြီ။
“မေ သားပြန်တော့မယ်။”
အမေကတော့ ခေါင်းလေးတစ်ချက်ဘဲငြိမ့်လိုက်တယ်။
သူလှည့်ထွက်သွားတဲ့ အချိန်မှာ အမေက တော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး ခြောက်ကပ်ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေများစွာနဲ့ ကျန်နေရစ်ခဲ့တယ်။
သားလေးက အဲ့ဒီ အချိန်မှာမှ မိခင်ရဲ့ မီးခိုရောင်သန်းနေတဲ့ ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့ မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင် ကို သတိထားမိတယ်။ အမေတကယ် အိုနေပါပြီလား။

သူရုတ်ချည်း တစ်ခုကို သတိရလိုက်တယ်။ သူ ၆နှစ်သား အရွယ်တုန်းက အမေဟာ အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ ခြေထောက်ကိုဖတ်ပြီး ကြောက်လန့်တကြားအော်ငိုပါလေရော 
“မေမေ သားကိုပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။” နောက်ဆုံး အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေပစ္စည်းတွေကို စွန့်ပစ်နေတာ အားရပါးရဘဲ။
၃လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတစ်ခု
ဒါဟာ မူလတန်းတုန်းက စာစီစာကုန်းပြိုင်ပွဲ “ကျွန်တော်၏မိခင်” မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်လေး
ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီးဝယ်ထားပေးတဲ့ ပထမဦးဆုံးသောမွေးနေ့လက်ဆောင်။
နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?

“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ ဒေါသတကြီးအော်လိုက်တယ်။
“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ ပြန်အော်လိုက်တယ်။
“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့ အမွေတွေဘဲ၊ ဘာမှ မထိနဲ့”
“ရှင် ဒါဘာသဘောလဲ?”
“မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ ငါ့အမေကို ကော် နင်ချစ်လို့မရဘူးလား?”

ပြောပြီး သူကားမောင်းထွက်သွားတယ်။

မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊ သူအဆုံးဆုံထိနင်းပြီး မောင်းလာခဲ့တယ်။
ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ဦးတည်လျက်။
ကားကိုရပ်ပြီးဒါနဲ့ လှေခါးပေါ်ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။

သူဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂ဖက်ကို နှိပ်နေရှာတယ်။
သားလက်ထဲက ဒဏ်ကြေလိမ်းဆေးကိုမြင်တော့ ၀မ်းသာအားရနဲ့ပြောလိုက်တယ်။
“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ သားယူလာပေးလို့”
သူဟာ အမေဘေးနားကို တိုးသွားပြီးဒူးထောက်လိုက်တယ်။
“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ မနက်ဖန်ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”

သူ ခဏမှင်သက်သွားပြီး နောက်ဆုံးထိန်းမရတဲ့ မျက်ရည်တွေလျှံထွက်လာပြီး
“သားကိုခွင့်လွတ်ပါ။ သားတောင်းပန်ပါတယ်။ အိမ်ပြန်ရအောင်နော်”

ကိုယ်တွေ တဖြေးဖြေးကြီးလာတာနဲ့ အမျှ မိဘတွေနုနယ်တဲ့ မျက်နှာ တဖြေးဖြေးအိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။ နက်မှောင်တဲ့ဆံကေသာ ဖြူရောင်သမ်းလာတယ်၊ လျင်မြန်ဖျက်လပ်မှုက နေ တုံ့နှေးလာတယ်။ ဘယ်လောက်ထိရင်နာစရာကောင်းလဲ

မိဘဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေကို ထားခဲ့ပေးတယ်။
ဖယောင်းတိုင်မီးလိုဘဲ အဆက်မပျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး သားသမီးတွေ ကို အလင်းရောင်ပေးခဲ့တယ်။ ကျွန်တော်တို့က ရော်?

သူတို့အတွက် နေရာလေးပေးနိုင်လား? ဒါမှ မဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ်မများပါဘူး။ “ဖေ မေ ဒီနေ့နေကောင်းလား ထမင်းစားပြီးပြီလား” ဆိုတဲ့ ရိုးရှင်းတဲ့ စကားသံလေးပါဘဲ။

ref: Facebook

Read more...

UWSA “၀”တပ်ဖွဲ့၏ မူးယစ်ဆေးဝါးလုပ်ဆောင်မှုများကြောင့် RCSS/SSA ကို ထိခိုက်စေလျက်ရှိ

0 comments

ထိုင်း၊ လာအိုတို့မှတစ်ဆင့် အမေရိကန်အပါအ၀င် ကမ္ဘာအနှံ့သို့ပျံ့နှံ့ရောက်ရှိနေသော မူးယစ်ဆေး ၀ါး များ၏ အဓိကအရင်းအမြစ်ကို ရှာဖွေဆန်းစစ်ကြည့်ရာ ၁၉၈၉ ခုနှစ်က  မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သော UWSA ခေါ် “၀”တပ်ဖွဲ့ကို တွေ့ရှိရကြောင်း RCSS /SSA သတင်းရပ်ကွက်က ဆိုပါတယ်။
 
 “၀”တပ်ဖွဲ့ခေါင်းဆောင် ပေါင်းယိုချမ်း
RCSS/SSA မှ ၄င်းတို့နှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လက်တွဲဆောင်ရွက်ရန် “၀”တပ်ဖွဲ့ အားကမ်းလှမ်း ထားသော်လည်း “၀”တပ်ဖွဲ့မှ လိုလိုလားလား တုန့်ပြန်ခြင်းမရှိဟု RCSS /SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
မိမိတို့ရဲ့ ဆောင်ရွက်မှုများမှာ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံတကာသိရှိစေရန် လုပ်ဆောင် သင့်ကြောင်း၊ ယင်းသို့ ပူးပေါင်းခြင်းမရှိပါက အမေရိကန်နှင့် ထိုင်းတို့မှ ဖမ်းဝရမ်းထုတ် ထားသော “၀”တပ်ဖွဲ့ ခေါင်းဆောင်များ ပြစ်ဒဏ်မှ လျော့ကျသွားလိမ့်မည်မထင်ကြောင်း၊ မိမိတို့သည် “၀”ခေါင်းဆောင်များ၏ နောက်ကြောင်းကို ပြန်လည်ဖော်ထုတ်နေခြင်းမဟုတ်ကြောင်း၊ လက်တွေ့ကျပြီး ထင်သာမြင်သာသော လုပ်ဆောင်ချက်များအတွက် ကမ်းလှမ်းခြင်းသာဖြစ်ကြောင်း၊ မိမိတို့  RCSS /SSA ၏ လုပ်ဆောင်ချက်များကို ထိုင်းအစိုးရမှအသိအမှတ်ပြုပြီး  Golden  Eagle  Award  ချီးမြှင့်ခဲ့သလို “၀”တပ်ဖွဲ့အပေါ်လည်း ဖြစ်စေလိုပါ ကြောင်း၊ ဥက္ကဋ္ဌကြီး ယွက်စစ်၏ ပြောကြားချက်များကိုကိုးကား၍ သျှမ်းသတင်းဌာနများက ဖော်ပြကြပါတယ်။
RCSS /SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်
RCSS/SSA မှ ၎င်းတို့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်မှုများအပေါ် “၀”တပ်ဖွဲ့များ ပူးပေါင်း ပါဝင်လာစေရန် မည်သည့်အတွက်ကြောင့် ကြိုးပမ်းနေရပါသနည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍  RCSS ခေါင်းဆောင်တစ်ဦးက ယခုလို ပြောပါတယ်။ “ အရင်အချိန်က မူးယစ်ဆေးဝါးနဲ့ နာမည်ကျော် ခဲ့တဲ့ “၀”နဲ့ MTA တို့ဟာ သမိုင်းကြောင်းအပြောင်းအလဲမှာ နာမည်ဆိုးတွေနဲ့ ဆက်ပြီးမရပ် တည် သင့်တော့ဘူး၊ “၀”တွေ မူးယစ်ဆေးဝါးထုတ်နေတာ လူတိုင်းသိတယ်၊ သူတို့ကြောင့် ကျွန်တော် တို့ အဖွဲ့ကိုပါ “၀”တပ်ဖွဲ့လိုပဲလို့  မမြင်စေချင်ဘူး၊ ဒါကြောင့် ကျွန်တော် တို့လျှောက်တဲ့လမ်းမှာ သူတို့ကိုပါဝင်ဖို့ ကမ်းလှမ်းတာဖြစ်တယ်၊ ပွင့်ပွင့်လင်းလင်းပြော ရရင် “၀”တွေ ဘိန်းဖြူလုပ် တာကြောင့် RCSS ပါ ရောပြီး နာမည်အပျက် မခံနိုင်ဘူး...”
“၀”တပ်ဖွဲ့က RCSS/SSA နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းမဆောင်ရွက်ဘူးဆိုရင် RCSS/SSA အနေနဲ့ ဘယ်လိုဆက်လုပ်မလဲလို့ မေးတဲ့အခါ သူက ဒီလိုပြောပါတယ် “ လက်ရှိ ကျွန်တော်တို့ မြန်မာအစိုးရနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကောင်အ ထည်ဖော်နေ တယ်၊ သူတို့အဖွဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းမှု မရှိလည်း အစိုးရနဲ့ ဆက်လုပ်သွားမယ်၊ သူတို့ကြောင့် RCSS ပါ မူးယစ်ဆေးဝါးထုတ်လုပ်နေတယ်လို့မဖြစ်ရအောင် လုပ်နိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမယ် “လို့ ပြောပါတယ်။
“၀”တပ်ဖွဲ့ဟာ ပန်ဆန်းကို မူးယစ်ဆေးဝါးပပျောက်သောဒေသအဖြစ် ကြေညာနိုင်ရေး ကြိုးပမ်းနေပေမယ့် တကယ် လက်တွေ့မှာ ရှမ်းပြည်နယ်ထဲက ဘိန်းတွေကို  ဒေသပေါက်ဈေးထက် အဆမတန်ပေး ၀ယ်ယူနေတာ ဖြစ်ပါတယ်၊ ဒါကိုလည်း RCSS အဖွဲ့က သိထားတယ်၊ အရင်နှစ်က ဘိန်းဈေးဟာ တစ်ပိဿာကို ဘတ် ၂၅၀၀၀ လောက်ပဲ ရှိနေတာကနေ “၀”တွေရဲ့ ပေါက်ဈေးမဟုတ်တဲ့ ၀ယ်ယူမှုတွေကြောင့် ဘိန်းဈေးက ဒီနှစ်မှာ တစ်ပိဿာကို ဘတ် ၃၃၀၀၀ အထိ မြင့်တက်နေပါတယ်။
များမကြာသေးမီက ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်နဲ့ ချင်းမိုင်ခရိုင်များအတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ Amphetamine အမြောက်အများဟာ “၀”တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေဖြစ်ကြောင်း ထိုင်းရဲသတင်းတွေအရ သိရှိရ ပါတယ်။ ဒီလိုဖမ်းဆီးခံရမှုတွေ မကြာခဏ ဖြစ်လာတာဟာ RCSS/SSA က ထိုင်းရဲကို သတင်းပေးလို့ ဖြစ်တယ်လို့ “၀”အဖွဲ့အတွင်း သံသယများဖြစ်ပေါ်နေပါတယ်၊ RCSS/SSA အဖွဲ့ဟာ “၀”အဖွဲ့ရဲ့ မူးယစ်ဆေးဝါးပို့ဆောင်မှု သတင်းတွေရယူပြီး ထိုင်းရဲတွေကို ပေးခဲ့ခြင်းအားဖြင့် ထိုင်းအစိုးရဆီက ရွှေလင်းယုန်ဆုကို ရယူသွားခြင်း ဖြစ်ကြောင်း “၀”တပ်ဖွဲ့က ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ကာလအတွင်း “၀”တပ်ဖွဲ့ဟာ RCSS /SSA အပေါ် ကျူးကျော်ရန်စမှုများစွာဆောင် ရွက်ခဲ့ပါ တယ်။ မိုင်းကန်းဒေသက RCSS /SSA တပ်ဖွဲ့ဝင်တွေကို ဖမ်းသွားခဲ့ပြီး များမကြာမီ မိုင်းတုံမြို့နယ် တာဝန်ခံဖြစ်သူ ဗိုလ်ကြီး စောစိန္ဒာအဖွဲ့ကိုလည်း ထပ်ပြီးဖမ်းဆီးသွားခဲ့ပြန်ပါတယ်။ ဗိုလ်ကြီးစောစိန္ဒာ ရဲ့အောက်က တပ်ကြပ်ကြီး စိုင်းအေး ကတော့ “၀”အဖွဲ့တွေ ရိုက်နှက်စစ်မေးလို့ သေဆုံးသွားပြီဖြစ်ကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ရပ်က ဆိုပါတယ်။ လက်ရှိအချိန်အထိ “၀”တပ်ဖွဲ့က ဖမ်းထားတဲ့ RCSS /SSA အဖွဲ့ဝင် ၃၀ ဦးထက် မနည်းရှိနေကြောင်း၊ RCSS /SSA မှ တာဝန်ရှိသူတွေ စေ လွှတ်ညှိနှိုင်းေ သ်ာလည်း “၀”တပ်ဖွဲ့က လက်ခံတွေ့ဆုံမှုပင် မရှိကြောင်း သိရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး RCSS/SSA အောက်ခြေပိုင်း အနေနဲ့ အထက်လူကြီးတွေကို ဝေဖန်ပြစ်တင်မှုတွေ ရှိနေသလို RCSS နဲ့ “၀”တပ်ဖွဲ့တို့အကြား တင်းမာမှုတွေလည်း မြင့်တက်လာနေကြောင်း သိရပါတယ်။ နောက်ဆုံးသတင်းတွေ အရ“၀”အောက်ခြေ တပ်ဖွဲ့ဝင်တစ်ချို့ဟာ နီးစပ်ရာ RCSS /SSA အဖွဲ့တွေကို ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RCSS/SSA ခေါင်းဆောင်ပိုင်းတစ်ဦးကို မေးကြည့်တဲ့အခါ သူက “ ၂၀၀၅ ခုနှစ်တုန်းက “၀”တွေဟာ စစ်အစိုးရတပ်တွေနဲ့ပေါင်းပြီး ကျွန်တော်တို့ လွယ်တိုင်းလျဲန်း အထိ လာတိုက်ခဲ့ဖူးတယ်၊ လွန်ခဲ့တဲ့ ၇ နှစ်ကကိစ္စကို ကျွန်တော်တို့မေ့လို့မရသေးဘူး၊ “၀”တွေဟာ ကျွန်တော်တို့ကို စစ်ရေးနဲ့ ထိပါးခဲ့သလို မူးယစ်ဆေးဝါးကိစ္စနဲ့လည်း စော်ကားနေကြတယ်၊ ဖမ်းထားတဲ့ ကျွန်တော်တို့အဖွဲ့တွေကို အချိန်အတိုင်းအတာ တစ်ခုအတွင်း အမြန်ဆုံးလွှတ်ပေး ဖို့ တောင်းဆိုထားတယ်၊ ဒီထက်မက ဆိုးရွားလာရင်တော့ ၂၀၀၅ တုန်းကလို မဖြစ်ရအောင် လက် ဦးမှုယူပြီး လုပ်သင့်တာဆက်လုပ်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ရပါမယ်”လို့ ဖြေပါတယ်။
စိုင်းနော်ခမ်းကို တရုတ်ရဲများ စစ်ဆေးချက်အရ “၀”တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးလုပ်ဆောင် မှုသတင်းတွေ ပြည့်ပြည့်စုံစုံရရှိထားကြောင်း သိရှိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်မှ ၎င်းသတင်း များရရှိရေး အပူတပြင်း ကြိုးပမ်းလျက်ရှိပါတယ်၊ “၀”အဖွဲ့ကို ကိုင်တွယ်နိုင်ရေးမှာ စိုင်းနော်ခမ်း ရဲ့ ထွက်ဆိုချက်တွေက ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို များစွာအထောက်အကူပြုမှာဖြစ်ပါတယ်၊ ၎င်းအပြင် ထိုင်းနဲ့ လာအို နယ်စပ်အာဏာပိုင်  အဖွဲ့အစည်းများရဲ့ “၀”အဖွဲ့နဲ့ မူးယစ်ဆေးဝါးပူးပေါင်းဆောင် ရွက်မှုသတင်း များကိုပါရယူပြီး သက်ဆိုင်ရာ အစိုးရများသို့ပေးပို့ခြင်းဖြင့် RCSS/SSAအား မူးယစ်ဆေးဝါး တိုက် ဖျက်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ် အဖြစ် ပီပြင်စွာပုံဖော်နိုင်ရန်  ကြိုးပမ်းနေကြောင်း သျှမ်းသတင်းရပ်ကွက်များရဲ့ အဆိုအရ သိရှိရပါတယ်။





Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here