Monday, September 10, 2012

ကချင်ပြည်နယ်၌ ရှမ်းမျိုးနွယ်စုများသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိကြောင်းခန့်မှန်း ငြိမ်းချမ်းရေးရရှိရန် လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ စဉ်းစားရမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူးပြောကြား

0 comments
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအနက် ရှမ်းလူမျိုးစုဦးရေသည် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် ပြည်နယ်တွင်းမှ တိုင်းရင်းသား လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ ဆွေးနွေးရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။


ကချင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများ၊ ငြိမ်းချမ်းရေးရရှိရန် လိုအပ်နေမှုများ စသည်တို့နှင့် ပတ်သက်၍ သဘောထားအမြင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဆက်သွယ်မေးမြန်းရာတွင် တိုင်း လိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။ 

"အခုလက်ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရယ် လက်ရှိအစိုးရပေါ့ဗျာ၊ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကချင်အဖွဲ့အစည်းပေါ့။ သူတို့ရဲ့ သဘောတူညီချက်ရရင်၊ ငြိမ်းချမ်းရေးရရင် အကောင်းဆုံးပေါ့။ သို့သော်လည်း အမြဲတမ်း တည်တံ့တဲ့ ငြိမ်းချမ်းရေးရ ဖို့ဆိုရင်တော့ ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးပေါ့။ ဒေသခံ လူမျိုးအားလုံးတို့ရဲ့ သဘောထားဆန္ဒကို လည်းထည့် သွင်းစဉ်းစားပေးမယ် ဆိုရင်တော့ ဒါဟာပိုမိုပြီး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်လို့ အမြဲတမ်း ယုံကြည်ထားပါတယ်"ဟု ဦးစောဝင်းထွန်းက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ကာ လက်ရှိတွင် တစ်နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) မှ တာဝန်ရှိသူများသည် ပြည်နယ်အဆင့်သုံးကြိမ်၊ ပြည်ထောင်စုအဆင့် သုံးကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ဆွေးနွေး ပြေလည်ခြင်း မရှိခဲ့သေးကြောင်း သိရှိရသည်။ 

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ စက်တင်ဘာလဆန်းပိုင်း အထိ ဆက်လက်ဖြစ်ပွားမှု ရှိနေသည်။

"ပါတီ အမြင်ဆိုတာထက် ကျွန်တော့်ရဲ့ အမြင်ပေါ့။ ကျွန်တော်လည်း ဒေသခံပါ။ ဒေသခံလူမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်မြေကိုယ့်ရေ အကြောင်း ပိုသိပါတယ်။ အဓိက မရနိုင်ရခြင်း အကြောင်းက တစ်ဖက်နဲ့ တစ်ဖက်ရယ်လို့ မပြောလိုပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတဲ့အထဲမှာ သူ့အယူအဆ၊ ကိုယ့်အယူအဆဆိုတာ ရှိကြမှာပါ"ဟု ဦး စောဝင်းထွန်းက ပြောကြားသည်။ 

"သို့သော်လည်း ဆွေးနွေးနေကြတဲ့ နှစ်ဖွဲ့လုံး အဓိကအားဖြင့် ပြောရင်တော့ ပြည်သူလူထုရဲ့ မျက်နှာ၊ ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေအားလုံးရဲ့ မျက်နှာကို အဓိကထား ကြည့်ပြီးမှ စဉ်းစားကြမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးရမယ်၊ ထာဝရငြိမ်းချမ်းရေးလည်း ဖြစ်မယ်။ ငြိမ်းချမ်းရေးမရနိုင်တဲ့ အချက်ကတော့ ဆွေးနွေးနေကြတဲ့ အချက်တွေမှာ အဓိကက အရေးတကြီးအဖြစ် သူတို့ မထည့်သွင်း မစဉ်းစားသေးတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး မရခြင်းလို့ပဲ ယူဆပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
From -ElevenMediaGroup
Read more...

အနုပညာကို ထိပ်ဆုံး ရောက်တဲ့အထိ ကြိုးစားမှာ ဖြစ်ကြောင်း ပြောတဲ့ ရှမ်းတိုင်းရင်းသားလေး မင်းလူလူ

0 comments
အနုပညာကို ချစ်မြတ်နိုး ဝါသနာပါတဲ့ အတွက် ကချင်ပြည်နယ်၊ ဟိုပင်မြို့ကလာပြီး  အနုပညာ အလုပ်တွေ လုပ်ဖြစ်နေသူက မင်းလူလူ ပဲဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ရန်ကုန် ကိုရောက်လာပြီး မတင်မိုးလွင်ရဲ့ မော်ဒယ်အေဂျင်စီမှာ သင်တန်းတက် ဖြစ်ခဲ့ပါတယ်။ မန္တလေး  Manhunt ပြိုင်ပွဲမှာ 1st Runner Up နဲ့ Best Talent ဆုကို ရရှိ ပိုင်ဆိုင် ခဲ့ပါတယ်။ ရန်ကုန်မှာ Manhunt ပြိုင်ပွဲ ကျင်းပချိန်တုန်းက စဥ့်ကူးမြို့မှာ ဇာတ်ကား သွားရိုက်နေတဲ့ အတွက် မပြိုင်ဖြစ်ခဲ့ဘဲ မန္တလေးမှာ သွားပြိုင် ခဲ့ တာဖြစ်ကြောင်း မင်းလူလူက ပြောပါတယ်။ အခုဆိုရင် မင်းလူလူ က ဗီဒီယို ၂၃ ကား၊ ဒီဗီဒီ ၁ ကား သရုပ်ဆောင် ထားပါတယ်။ မော်ဒယ် အလုပ်နဲ့ သရုပ်ဆောင် အလုပ်ရဲ့ ကွာခြားချက်တွေကို မေးတော့ မင်းလူလူက”မော်ဒယ်ကတော့ လျှောက်လမ်းပေါ် မှာ၊ Catwalk ပေါ်မှာပဲ ကုန်ပစ္စည်း တစ်ခုနဲ့ လျှောက်ပြမယ် ဆိုရင် သူတို့ရဲ့ ပစ္စည်းကို ပေါ်လွင်အောင် လျှောက်ပြရတာပေါ့။ ဇာတ်ကား ရိုက်တာကတော့ ပိုပြီး ခက်ခဲသွားတယ် လို့ထင်တယ်။ သရုပ်ဆောင်တဲ့အခါ ငိုရမယ် ဆိုရင် ပရိသတ် အရှိန်တွေ ရှိတော့ ခက်ခဲတယ်။ ကျွန်တော် အိမ်မှာ သရုပ်ဆောင် လေ့ကျင့်တော့ အဆင်ပြေတယ်။ မျက်ရည် ထွက်တယ်။ တ ကယ်တမ်း သွားရိုက်ဖြစ်တဲ့ အချိန်ကျတော့ မျက်ရည်က မထွက်တော့ဘူး။ မျက်ရည် အတု သုံးလိုက်ရတယ်။ ကိုယ့်ဘာသာကိုယ် ကျင့်တာတော့ ဟုတ်နေပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ။ တကယ်တမ်း လုပ်ကြည့်လိုက်တဲ့ အချိန်ကျတော့ ရှက်နေတာမျိုးကြုံရတယ်” လို့ပြောပြီး သရုပ်ဆောင်ပိုင်းမှာ လက်တွဲခေါ်သူက ဒါရိုက်တာ လွင်ဗို ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်း သား ဖြစ်တဲ့ အတွက် သ နဲ့ တ မပီတာမျိုး၊ စကားပြော မပြတ်သားတာတွေကို လေ့ကျင့်နေရကြောင်း၊ ဇာတ်ကားတွေကို ကြည့်ပြီး အိုက်တင်ပိုင်းတွေ ကို လည်း လေ့လာ ဖြစ်ကြောင်း မင်းလူလူ ကပြောပါတယ်။ သရုပ်ဆောင် လောကထဲရောက်တာ လေး နှစ်လောက် ရှိနေပြီ ဖြစ်တဲ့အတွက် လုံးဝ နောက်မဆုတ်ဘဲ ထိပ်ဆုံးရောက်တဲ့ အထိ ကြိုးစားမှာဖြစ် ကြောင်း ဆက်လက် ပြောပြပါတယ်။ အခု နောက်ပိုင်းမှာ မော်ဒယ် ရှိုးပွဲတွေမှာ ပါဝင်ဖြစ်သလို “တို့နှစ်ယောက်ရဲ့နေ့ Group အခွေထဲမှာလည်း သီချင်း ဆိုထားကြောင်း၊ တစ်ကိုယ်တော် အခွေလည်း ထွက်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း မင်းလူလူ ကပြောပါတယ်။
ခိုင်ဝေလွင်
Read more...

အိမ်ထောင်ကျ ပြီးသွားရင် ချစ်သူ မကြိုက်တဲ့ ကာရိုက်တာမျိုး အရိုက်နည်းသွားမှာလို့ ချောရတနာ ဆို

0 comments
မကြာခင်မှာ အပျိုကြီး ဘဝက စွန့်လွှတ်တော့မယ့် အနုပညာရှင် တစ်ယောက်ကတော့ ချောရတနာ ပဲဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲ အတွက် ကြိုတင်ပြင် ဆင်နေ ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။ မင်္ဂလာပွဲ အတွက် ကြိုပြီး  ရင်ခုန်နေ ရကြောင်းပြောတဲ့ ချောရတနာက လတ်တလော အချိန်မှာ ဇာတ်ကား ရိုက်ကူးမှုတွေကို ခဏ နားထားကြောင်း ပြောပြပြီး အိမ်ထောင်ကျပြီး သွားတဲ့အခါ ဇာတ်ကား ရိုက်ကူးမှုတွေ ဘက်မှာ အားလျော့ သွားမလား ဆိုတာကို မေးကြည့်တော့ “လောလောဆယ် မှာတော့ အိမ်ထောင်ကျပြီး သွားရင် ဘာလုပ်ရမလဲ ဆိုတာ မစဉ်းစားရ သေးဘူး။ လက်ရှိ ကိစ္စတွေကိုပဲ အကောင်းဆုံး ဖြစ်အောင် လုပ်နေတာ။ အဲဒီအခါကျရင် အနုပညာ အလုပ်မှာ အားလျော့သွား ကောင်း အားလျော့ သွားပါလိမ့်မယ်။ ဒါပေမဲ့ အခုချိန်မှာ အသေအချာတော့ ပြောလို့ မရသေးဘူး။ ဘယ်လိုလာမလဲ မသိသေးဘူး။ ဒီဘက်မှာလည်း အလုပ်ကို မလစ်ဟင်းစေချင်ဘူး။ ကျွန်မကိုယ် ကျွန်မတောင် ပြောရခက်နေတယ်။ သေတော့ မသေချာသေးဘူး”လို့ ချောရတနာ ကပြောပြသလို အိမ်ထောင်ကျ ပြီးသွားရင် အနုပညာ အလုပ်ကို ဆက်လုပ်ဖို့ မသေချာသေးကြောင်း ထပ် ပြောပြဖြစ်ခဲ့ပါတယ်။ ချစ်သူ က အနုပညာ အလုပ်ကို ဆက်လုပ်ဖို့ မတိုက်တွန်း တာကြောင့်လားလို့ ဆက်မေး ကြည့်တော့..
“အလုပ်က ပါးတော့ပါးသွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်တစ်ခု တည်ထောင်ပြီ ဆိုရင် မိသားစု အရေးကိုပဲ ဦးစားပေးကြတော့မှာပါ။ ချစ်သူ ကတော့ အနုပညာ အလုပ်ကို ဆက်လုပ်ဖို့ အားလည်း မပေးဘူး။ မလုပ်ပါနဲ့လို့လည်း မတားဘူး ဆိုတဲ့လူမျိုး ပါပဲ။ အဲဒီကိစ္စကို ကျွန်မတို့နှစ်ယောက် ဆွေးနွေး ညှိ နှိုင်းရဦးမယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲမှုတွေ ရှိသွားမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ အိမ်ထောင်ကျ ပြီးသွားရင် အပျိုဘဝကလို ကိုယ့်ရဲ့ စိတ်တိုင်း ကျ သွားလာပြီးတော့ လုပ်ချင်သလို လုပ်လို့မရတော့ဘူးလေ။ နှစ်ဦး နှစ်ဖက်အတူတူ ပေါင်းဖက် ရမှာဖြစ်တဲ့ အတွက်နှစ်ဦး နှစ်ဖက်တိုင်ပင် ရတော့ မှာပေါ့။ ကျွန်မ အတွက်တော့ အိမ်ထောင် ကျပြီးသွားရင် တာဝန် ပိုကြီးသွားမှာ။ ကိုယ့်ဆန္ဒကိုပဲ အမြဲတမ်း ဦးစားပေးနေလို့ မရတော့ဘူး။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေတော့ နည်းသွားမယ်။ တစ်ယောက် မကြိုက်တာကို တစ်ယောက် မလုပ်မိအောင် ကြိုးစားရမှာပေါ့” လို့  ပြောပါတယ်။ အိမ်ထောင် ကျပြီးရင် အနုပညာ အလုပ်ကို ဆက်လုပ်ဖြစ် ရင်တော့ ချစ်သူ မကြိုက်တဲ့ ကာရိုက်တာ တွေ အရိုက် နည်းသွားမှာ ဖြစ် ကြောင်းလည်း ပြောပါတယ်။
တွယ်တာ
Read more...

ကြယ်စင်မော်ကွန်း ဇာတ်ကားက အကြီးမားဆုံး စစ်ကားတစ်ကားပါ

0 comments
နေတိုးက စက်တင်ဘာ ၉ရက်နေ့မှာ ဒါရိုက်တာဝင်းထွန်းထွန်းနဲ့အတူ ပြင်ဦးလွင်မြို့မှာ ‘စုန်းပြူး’ ဇာတ်ကားကို သွားရောက် ရိုက်ကူးနေပြီး ရက်၂ဝ လောက်ကြာမယ်လို့ သိရပါတယ်။ ‘စုန်းပြူး’ ဇာတ်ကားလေးထဲမှာတော့ ခပ်ဆိုးဆိုး လူတစ် ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မိသားစုထဲမှာ စရိုက်ကြမ်းပြီးတော့ နှလုံးသားနုတဲ့ လူတစ် ယောက်ဖြစ်ပြီး မိသားစုထဲမှာဆိုးတယ်လို့ နာမည်ထွက်ပေမယ့် မိသားစုအပေါ်မှာ သိတတ်နေတာကို မိသားစုကမသိဘဲ ပရိသတ်ကိုသာ သိသာမြင်စေတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ထားကြောင်း ပြောပြခဲ့ပါတယ်။  စက်တင်ဘာ ၇ရက်နေ့ညပိုင်းမှာ တွေ့ခဲ့ရတဲ့ နေတိုးက ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးခဲ့တဲ့ ‘ကြယ်စင်မော်ကွန်း’ ဇာတ်ကားကို ပြန်လည် ရိုက်ကူးနေတဲ့အတွက် အနုပညာသက်တမ်း တစ်လျှောက်မှာ ဇာတ်ကားတစ်ကား ကောင်းဖို့အတွက် နှစ်ခါပြန်ရိုက်ရတဲ့ အပေါ် နေတိုးရဲ့အမြင်ကို မေးကြည့်တော့.. ”ဘယ်ကားကိုမဆို အကောင်းဆုံးတော့ တည်ဆောက်ကြရတာပေါ့။ ပရိသတ်ကိုချပြတဲ့အခါမှာ ဒီကားရဲ့ ကြိုးစားထားမှုတွေ ကို အသိအမှတ်ပြုတယ်။ နောက်ဇာတ်အိမ် ဖွဲ့စည်းမှု၊ တပ်မတော် သမိုင်းကြောင်းရဲ့ ကားဖြစ်တော့ ဒီလိုကားမျိုးလေးကတော့ သရုပ်ဆောင်တွေ အနေနဲ့ တော်တော်လေးလည်း အားစိုက်ပြီးတော့ လုပ်ထားတဲ့ ဇာတ်ကားလည်းဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ဒီကားလေးကို ပရိသတ် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”လို့ သူ့ရဲ့အတွေ့ အကြုံ၊ အမြင်သဘောထားကို ပြောပြသွားခဲ့ပါတယ်။
သမိုင်းဝင်ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘ကြယ်စင်မော်ကွန်း’ ဇာတ်ကားမှာ ကိုယ်ကျရာ ဇာတ်ရုပ်မျိုးကို တတ်သမျှပညာနဲ့ ကြိုးစားပြီး သရုပ်ဆောင်ထားခဲ့ပါတယ်လို့ ပြောပြ လာတဲ့ နေတိုးက..”ဇာတ်ညွှန်းအပေါ်မှာ ကျွန်တော်တို့ရဲ့ သရုပ်ဆောင်မှုတွေလုပ်ကြရတာပေါ့။ ဇာတ် ညွှန်းရဲ့ခိုင်းစေမှုအပေါ်မှာ ကျွန်တော့်ရဲ့လေ့ လာမှု၊ ကျွန်တော့်တို့ရဲ့ တတ်ကျွမ်းမှု၊ ဇာတ်ညွှန်းရဲ့စကားလုံးတွေနဲ့ တည်ဆောက်ထားတာပါ။ အဓိကက တစ်ဦးချင်းစီမှာတော့ တာဝန်ရှိကြတာပေါ့။ ကျွန်တော့်ရဲ့ တာဝန်ကိုတော့ အတတ်နိုင်ဆုံး ကျေပွန်အောင် ကြိုးစားထားပါတယ်”လို့ပြောပြခဲ့ပါတယ်။
‘ကြယ်စင်မော်ကွန်း’ ဇာတ်ကားဟာလည်း ရိုက်ခဲ့သမျှ စစ်ကားတွေထဲမှာတော့ အကြီးမားဆုံးစစ်ကားလို့ပြောခဲ့တဲ့ နေတိုးက… ”ဒီကားက ကျွန်တော်ရိုက်ခဲ့တဲ့ ကားတွေထဲမှာ အကြီးမားဆုံးစစ်ကားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်အိမ်ဖွဲ့စည်းမှုရော၊ ရိုက်ကူးမှုတွေမှာပါ တော်တော်များများကို ကြိုးစားပြီးတော့ လုပ်ထားတဲ့ ဇာတ်ကားတစ်ကားပါ”လို့ ပြောပြသွားခဲ့ပါတယ်။
သိမ့်သိမ့်၊ဓာတ်ပုံ-ထွဋ်မြတ်
ref: Popular Myanmar
Read more...

တီထွင်ဆန်းသစ်သော မင်္ဂလဝတ်စုံပြပွဲတွင် D//2 နဲ့ Nino Fashion မှ Main Sponsor အဖြစ်ပါဝင်

0 comments
Global Model Agency က ကြီးမှူး ကျင်းပတဲ့ Celebratory Calture Wedding Fair 2012 “တီထွင် ဆန်းသစ်သော မင်္ဂလာဝတ်စုံ ပြပွဲ” ကို စက်တင်ဘာ ၂ ရက်   နေ့၊ မနက်၉နာရီကနေ ညနေ ၆ နာရီအထိ ယုဇနဂါးဒင်းဟိုတယ် မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို Main Sponsor အဖြစ် D//2 ၊ Nino Fashionနဲ့ Diamond Sponsor အဖြစ် စိန်မင်းသမီး (Great Diamond Princess) တို့က ပံ့ပိုးကူညီပေးထားကြပြီး ဆံပင်နဲ့မိတ်ကပ်ကိုမေဦးမောင်(တော်ဝင်သူ)၊ Photo & Viedo ကို Forever Wed -ding Dress၊Photo Studio & Video တို့က ကူညီခဲ့ကြပါတယ်။ အခမ်းအနားကို Global Model Agencyမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးပြည့်ဖြိုးဘို၊ D//2 ကိုယ်စား လှယ် သရုပ်ဆောင် စည်ဖြိုး၊ စိန်မင်းသမီးမှ ဒေါ်သင်းသင်းနဲ့ မိတ်ကပ်မေဦးမောင် (တော်ဝင်သူ) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ D//2၊ Nino Fashionရဲ့   ခေတ်မီ လှပတဲ့ ဖက်ရှင်များကို သရုပ်ဆောင်များ ဖြစ်ကြတဲ့ နေတိုး၊ ဟိန်းဝေယံ၊ အောင်ရဲလင်း၊ မိုးယုစံ၊ နန်းသူဇာတို့နဲ့ မော်ဒယ်များက တင်ဆက်ပြသခဲ့ပြီး စိန်မင်း သမီး(Great Diamond Princess) ရဲ့ ခေတ်မီလှပတဲ့ လက်ဝတ်ရတနာ ဒီဇိုင်းများကို ဝတ်ဆင် ပြသခဲ့ကြပါတယ်။ အဲဒီနောက် မိတ်ကပ် မေဦးမောင် (တော်ဝင်သူ) ရဲ့မြန်မာ့ရိုးရာ ဘိသိက် မင်္ဂလာအခမ်းအနား၊ မိတ်ကပ်လင်းလင်း (အောင်အောင်(တောင်ကြီး))ရဲ့ မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံနဲ့  Forever၊ Aroma မှ မလိမ္မာ (မြန်မာစာ) တို့ရဲ့ အနောက်တိုင်း မင်္ဂလာဝတ်စုံများကို တင်ဆက် ပြသခဲ့သလို ဒီဇိုင်နာ ၁ဝဦးရဲ့ တီထွင်ဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်း များကိုလည်း သရုပ်ဆောင်မော်ဒယ် များမှ တင်ဆက် ပြသခဲ့ကြပါတယ်။
P- 060
Read more...

မိသားစုနဲ့ရော၊ သူငယ်ချင်းတွေနဲ့ပါ စုံစုံညီညီဆင်နွှဲခဲ့တဲ့ ယွန်းနန္ဒီလွင်မိုးရဲ့မွေးနေ့ပွဲ

0 comments

လွင်မိုးနဲ့မေသူတို့ရဲ့ သမီးငယ်ဖြစ်တဲ့ ယွန်းနန္ဒီလွင်မိုးရဲ့ ၁ဝနှစ်ပြည့် မွေးနေ့ပွဲကိုတော့ အိမ်မှာပဲ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စက်တင်ဘာလ ၅ရက်နေ့က   ပြု လုပ်ခဲ့ပါတယ်။ မွေးနေ့ပွဲကို အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ လုပ်ချင်တဲ့အတွက် လုပ်ပေးခဲ့တာဖြစ်ပြီး မွေးနေ့မတိုင်ခင် တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာတော့   မွေးနေ့ အကြိုအဖြစ် နေအိမ်မှာပဲ ဘုန်းကြီး ဆွမ်းကပ်ပြီး အလှူလုပ်ခဲ့တယ် လို့လည်း သိရပါတယ်။ လွင်မိုးကတော့ မွေးနေ့ရက်မှာ နေပြည်တော်ကို ခရီးသွားနေတဲ့ အတွက် မရှိပေမယ့် မွေးနေ့ ရက်မတိုင်ခင် မွေးနေ့ကိတ် ခွဲပေးခဲ့တယ်လို့လည်း သိရပါတယ်။ မွေးနေ့ပွဲကို မိသားစုနဲ့ရော၊ သူငယ်ချင်းတွေနဲ့ပါ ပျော်ပျော်ပါးပါး ဆင်နွှဲရ တဲ့အတွက် ပျော်တယ်လို့ပြောတဲ့ မွေးနေ့ရှင် ယွန်းနန္ဒီလွင်မိုးက…”မွေးနေ့လက်ဆောင်ကို အရုပ်လိုချင်တာ။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ကစားရတာကို လည်းပျော် တယ်။ မွေးနေ့ပွဲ လုပ်ရတာကိုလည်း ကြိုက်တယ်။ ဖေဖေနဲ့မေမေက အရုပ်လက်ဆောင် ပေးတယ်။ မမကတော့ ဘာပေးမလဲ မသိသေးဘူး” လို့ ပြောပါတယ်။ မွေးနေ့ပွဲကို သမီးဖြစ်သူ စိတ်ကြိုက် အိမ်မှာပဲသူငယ်ချင်း တွေနဲ့အတူ လုပ်ပေးခဲ့သလို ထုံးတမ်း အစဉ်အလာ အရလည်း အိမ်မှာဘုန်းကြီး ဆွမ်းကပ်ခဲ့တယ်လို့ ပြောပြတဲ့ မိခင်ဖြစ်သူ မမေသူက “ဒီနှစ်မွေးနေ့ ဒီဒီလေး(ယွန်းနန္ဒီလွင်မိုး) ဘယ်မှာ လုပ်ချင်လဲဆိုတော့ အိမ်မှာပဲ လုပ်ချင်တယ်ပြောလို့ လုပ်ပေးဖြစ်တာ။ ကလေးဆိုတော့ သူ့စိတ်ကြိုက် မွေး   နေ့ လည်း လုပ်ပေးခဲ့တယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာ အရရော နောက်ဆိုသူလည်း အလေ့အကျင့် လေးလည်းရအောင် ဘုန်းကြီး ဆွမ်းကျွေးပြီး သင်္ကန်းကပ်ခဲ့တယ်။ သူကျေနပ်ပြီး ပျော်ရွှင်နေတာ မြင်ချင်တော့ သူဖြစ်ချင်တာ လုပ်ပေးတာ။ မွေးနေ့ကို နှစ်တိုင်း ဒီလိုပဲလုပ်ပေးဖြစ်တယ်” လို့ ပြောပြခဲ့ပါ တယ်။        မေမွန်မောင်
ဓာတ်ပုံ-အေးဇော်မိုးဖေးစ်ဘုတ်
Read more...

သျှမ်းနီလူမျိုးတို့၏ အိုးစည်နိုင်ငံတော်

0 comments
တိုင်းလျဲန်ခေါ် သျှမ်းနီ တိုင်းရင်းသား လူမျိုးများသည် မိုးကောင်း ၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို့  သျှမ်းအခေါ် မိန်းကောင်း (ဗုံမြို့)၊ မိန်းယမ်း (ဗျိုင်းမြို့)၊ မိန်းမိတ် (ဓါးမြောင်မြို့) ၀မ်းဆေ (ကျားကွင်းမြို့) စသည့် မြို့ပြ လက်နက်နိုင်ငံငယ် ( City State ) များကို ထောင်လာခဲ့သော သျှမ်းညီနောင် သုံးဦးမှ ဘိုးတော် ဂနာလရာဇ်တိုင်း ရွီးရွှမ်း ဘုရင်မင်းမြတ် ဦးတည်မင်းထံ လူသူလက်နက်များ တောင်ခံကာ စတင်တည်ထောင် လာခဲ့ကြရာမှ ပေါက်ဖွားဆင်းတက် လာသော သျှမ်းမျိုးနွယ်စုများဖြစ်သည်။ (သျှမ်းသမိုင်းက အခိုင်အမှာပြဆိုသည်။)

ရှေးသမိုင်း သက်သေ အထောက်အထား အခိုင်အမာရှိခဲ့သော သျှမ်းနီလူမျိုးများ အကြောင်းကို တင်ပြရပါလျှင်..

သျှမ်းနီနိုင်ငံတော်ကို အချို့သမိုင်းဆရာများက မိုးကောင်းခေတ် ဟုခေါ်ဆို ရေးမှတ်ခဲ့ကြသည်။ မြန်မာ့သမိုင်း တလျှောက်တွင် မိုးကောင်း မိုင်းညှင်း၊ မိုးမိတ်၊ ၀န်းသိုနေ သျှမ်းနီများကို မောသျှမ်းကြီးများဟုလည်း ရေးလေ့ရှိသည်။

ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံ့ နေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)တွင် စကုဒေသသည် AD 1120 မှစ၍ ခန္တီးသျှမ်းတို့ နေထိုင်ရာေ ဒသ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ ရာဇ၀င်တွင် ပုဂံကျောက်စာများ၌ “ခန္တီး”ဟူသော ဝေါဟာရကို အကြိမ် (၂၀)ထက်မနည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်၊

၁၈၃၃ တွင် မဏိပူရသို့ ရောက်ခဲ့သော မေဂျာပင်ဘာတန်သည် သျှမ်းသမိုင်း မှတ်တမ်းတစ်စောင်ကို ရရှိခဲ့ပြီး ဘာသာပြန်ဆိုခဲ့ရာ ၎င်းမှတ်တမ်းအရ ပေါင်မင်းနိုင်ငံ အမည် ပေါ်ထွက်လာရခြင်းဖြစ်သည်။ အဆိုပါ မှတ်တမ်းအရ ၁၃၃၂ တွင် ပေါင်မင်းနိုင်ငံကို အုပ်စိုးသူ (မိုးကောင်းစော်ဘွား ) ကိုဆိုလိုခြင်းဖြစ်သည်။

သျှမ်းအိုးစည်နိုင်ငံ (Country of Drum)


လူ့အဖွဲ့အစည်း၊ လူ့သမိုင်းတိုးတက် ပြောင်းလဲလာမှုကို လေ့လာရာတွင် မိသားစု အစုအဝေးမှ တဖြည်းဖြည်း တိုးတက်လာပြီး မြို့ပြနိုင်ငံ (City State )၊ မင်းပြည်ထောင် (King Dam)၊ လက်နက်နိုင်ငံ (Empire)၊ ဟူ၍ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။

1.သျှမ်းလူ့အဖွဲ့အစည်း (Shan Society)

2.အုပ်ချုပ်သူလူတန်းစား ( Nobility Class)
ဟူ၍လူတန်းစားနှစ်ရှိသည်။

အုပ်ချုပ်သူကို စော်ဘွား (Soahpa) မျိုးရိုးသည် တော်ဝင်မိသားစုဖြစ်သည်။

မျိုးရိုးအမည်ကို နာမည်ရှေ့တွင် (Soa, Hkun, Nang) စေ၀်၊ ခွန်၊ နန်း စသည်ဖြင့် အမည်မှည့်ခေါ်သည်။

Tai Leng သျှမ်းနီ စော်ဘွားများသည် Golden Tiger (Hkam Hso) ရွှေရောင်ရှိသော ကျား အမည်ကို ခံယူသည်။ စော်ဘွား အခြေစိုက်နေထိုင်ရာနေရာကို (Haw) (ဟော်) ၊ ဟုခေါ်သည်။

 မြို့(Mo”ng) ကိုမိန်း ရွာကိုဘန့်  သို့မဟုတ် မှန့် နှင့်  (Bann / Mann) ရွာများကို အုပ်ချုပ်သည်။

အမတ် (Amat) များကို အတွင်း၊ အပြင် ခန့်ထား၍ ၎င်းတို့အောက်တွင် စော်ဘွားခန့်ထားသော ရွာကြီးအမှူး (Paw Maing) ပေါ်မိန်း များကို ၊ ဟိန် (Assistant Administrative Officer) များခန့်ထား အုပ်ချုပ်သည်။

 စော်ဘွားနှင့် အမတ်များသည် မျိုးရိုးစဉ်ဆက် ဆက်ခံနိုင်သည်။

မိုးကောင်းစော်ဘွားပိုင်နယ် (ဥဒေဂရိတိုင်း) တွင် မိုင်း ၉၉ လုံးရည်။ အမှတ်တံဆိပ်မှာ သျှမ်းအိုးစည် ဖြစ်သည်။ မိုင်းညှင်းစော်ဘွားပိုင်နယ် (အာဋ၀ီရတိုင်း) တွင် မိုင်း ၃၃ လုံးရှိသည်။

အမှတ်တံဆိပ်မှာ ဗျိုင်းဖြစ်သည်။

2.သာမန်လူတန်းစား (Ordinary Clss)
လူဦးရေ အများဆုံးဖြစ်သော လယ်သမားများ ဖြစ်သည်။ နား (Na) ခေါ် လယ်မြေများကို စိုက်ပျိုးကြသည်။

3. အနှိမ့်ဆုံးလူတန်းစား (Lower Class)
ငါးဖမ်းသူ၊ ၀က်မွေးသူ၊ အရက်ရောင်းသူ၊ သားသတ်သမားများ ပါဝင်သည်။

အမည်မှည့်ခေါ်ပုံနှင့် ရိုးရာ


အမိအဖ မျိုးရိုးနှင့် အကြိမ်အရေအတွတ်ကို လိုက်၍ “လံရေ၊ လအီ၊ လအမ်၊ လအို့၊ လအစ်၊ လပို၊ လမို” ဖြင့်၎င်း၊ နန့်အီ (ဒုတိယသမီး)၊ နန့်အိုင် (စတုတ္ထသမီး) ဟူ၍၎င်း၊ ယောင်္ကျားလေးများကို အိုက်ညီ၊ အိုက်ဆယ်၊ အိုက်ပန် ဟူ၍ ကြီးစဉ်ငယ်လိုက် မည့်ခေါ်သည်။



နှစ်သစ်ကူးကာလသည် နတ်တော်လ (လင်းစိန်း) ဖြစ်ပြီး၊ နောက်ဆုံးလမှာ တန်ဆောင်မုန်းလဖြစ်သည်။ အရှေ့နွယ် တိုင်းလျဲန် (သျှမ်းနီ) အမျိုးသားများသည် သျှမ်းဘောင်းဘီ ရှည်ကို၎င်း၊ အနောက်နွယ် တိုင်းလျဲန်တို့သည် ပုဆိုးကို၎င်း ၀တ်ဆင်သည်။ အင်းကွတ်၊ ထိုးကွင်း၊ မင်ကြောင်ကု အမျိုးသားများတွင် ထိုးကြသည်။


                                                               ရိုးရာနတ်များ


ဆောက်ဆန်လုံနတ် (မိုးကောင်းအရှင်ကြီး) သည် စောမောင်အိုင်နှင့် အကိုစောလုံ ငန်းဘွတို့ တမလွန်တွင် သျှမ်းရိုးရာတန် အဖြစ် ကိုးကွယ်သည်။ နတ်ကွန်းကို တဆောင်စီ သီးခြင်းဆောက်လုပ်၍ ကျွဲကို သတ်ကာ အူ၊ အသဲ အမြှစ်၊ အသားများကို တွဲလောင်းချိတ်ပြီးပူဇော်ပသသည်။ ၎င်းနတ်ကို သျှမ်းပြည် အရှေ့ပိုင်းတွင်လည်း ပူဇော်ပသ၏။

မိုးကောင်းမြို့စောင့်နတ် (Mong nat of Mogaung) များမှာ-
Chow Pya Ho Seng
Chow Su Kap Ha
Chow Sam Loung Hue Mong ဟူသော ညီအကို ၃ ပါးကို ၀ါးနှင့် ပြုလုပ်သော နတ်စင်သီးခြား စီဆောက်၍ ကိုးကွယ်ကြသည်။ မြို့ကိုကာကွယ် စောင့်ရှောက်သည်ဟု ယုံကြည်လက်ခံ ထားသည်။

သျှမ်းတို့ရွှေ့ပြောင်းရခြင်းအချက်များ


၁. နေရာသစ်ရှာ၍ အခြေတကျနေထိုင်လိုခြင်း။


၂. ပင်ကိုယ်စိတ်၌ စစ်တိုက်ခိုက်လိုစိတ်ရှိခြင်း။


၃. မြောက်ဖက်အရပ်မှ တိုက်ခိုက်လာမည့် ရန်ကြောင့် ယူနန်တောင်ဖ်နုင့် အနောက်ဖက်ကို ရွှေ့ပြောင်းသည်။ ပထမအကြိမ်ရွှေ့ပြောင်းသော (Tai Long/ Great Tai) သျှမ်းကြီးများ၊ နောက်အကြိမ် ရွှေ့ပြောင်းသော ( Tai Noi/ Little Tai) သျှမ်းကလေးများဟူ၍ နှစ်မျိုးအနက် သျှမ်းကများရွှေ့ပြောင်းမှုက သမိုင်းတွင် ပို၍အရေးပါသည်။



တရုတ်သမိုင်းဦးဖော်ပြချက်အရ 128.BC တွင် မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်၍ အန္ဒိယ- ယူနန် သွားရန် လမ်းကြောင်းကို ဖော်ပြသည်။ AD.69 ၌ Yung Ch’ang ကို ယူနန်နယ်တွင် ထူထောင်သည်။

AD.342 ၌ Yung Ch’ang ကို  (Han dynasty) တရုတ်တို့သိမ်းသည်။

 ယူနန် အနောက်ပိုင်း ဖြစ်သော မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှ ကြံ၊ ဆင်၊ လိပ်ခွံ၊ ကျောက်စိမ်း၊ ပယင်း၊ ရွှေ၊ ငွေ၊ ဆား၊ သစ်ကြပိုး၊ ၀ါဂွမ်း တို့ထွတ်ရှိသည်။

AD.650 ၌ နန်ချောင် (Nan Mao) မြို့တော်ကို တာလီ (Tali)  တွင် Hsi-Nu-Lo ကထူထောင်သည်။

AD.750 ၌ နန်ချောင်ဘုရင် ကူလူဖန် (Ko-lo-feng) လက်ထက်တွင် ပျူနိုင်ငံကို ဖြတ်သော အန္ဒိယ၊ ယူနန်သွားရာလမ်း များစွာပွင့်သွားသည်။

၎င်းလက်ထက်တွင် ခန္တီးလုံဒေသကို တိဘက်ရန်ကာကွယ်ရန် ခံမြို့အဖြစ်တည်ထောင်သည်။ AD.1000 ၀န်းကျင်၌ ခန္တီးလုံသည် နန်ချောင်တို့၏ လက်အောက်ခံပြည်နယ် တခုဖြစ်လာသည်။



AD.832 ၌ နန်ချောင်တို့ ပျူ (သရေခေတ္တရာ) နှင့် AD.835 မွန်(ပဂေါ်) ကိုဝင်ရောက်ဖျက်ဆီးသည်။
AD.1010 ၌ သျှမ်းများသည် ရမည်းသင်း၊ ပျဉ်းမနား၊ မိတ္တီလာ၊ မကွေး၊ ကျောက်ဆည်၊ မန္တလေးနှင့် မြောက်ဖက်နယ်များကို လွှမ်းမိုးခဲ့သည်။

AD.1253 တွင် ကူဗလိုင်ခန် (Kublikhun) သည် နန်ချောင်နှင့် AD.1287 ပုဂံ (Pagn Dynaty) ကို ၀င်ရောက်သိမ်းပိုက်သည်။

ထိုအချိန်မှ သျှမ်းတို့တောင်ဖက်နှင့် အနောက်ဖက်သို့ ရွှေ့ပြောင်းရာ 
AD.1285 တွင် ဗန်းမော် (Man Maw) ကို၎င်း၊ မိုးမိတ် (Mong Mit)၊ အုန်းဘောင် (On Baung)၊ Hsenwi မြို့များကို တည်ထောင်သည်။ ထိုမှ မိုးကောင်း (Mong Kawng)၊ မိုးညှင်း (Mong Yang)၊ ၀န်းသို (Waing Hso)၊ ကသာ (Kat Hsa) မြို့များ တည်ထောင်သည်။ 

AD. 1296 ခန့်လောက်တွင် မိုးညှင်းသို့ သံစေလွှတ်ခြင်းကို တရုတ်မှတ်တမ်း များတွေ့ရှိရသည်။
Tai Leng စော်ဘွားဆက်များ

(AD. 1340-1371) Sao Hso Khan Pha/ Hso Kip Hpa (Si Ke- Chinese text) မိုင်းမောကို အုပ်စိုးသည်။

 ကျောက်ဆည်နယ်တွင် အခြေချသော သျှမ်းညီနောင်သုံးဦးကို ဇင်းမယ်ကကူသလို၊ မိုင်းမောသည် စစ်ဆောင်ပန္နားနှင့် မဟာမိတ်ဖွဲ့သည်။ ၎င်း၏ညီဖြစ်သူ Sao Hsam Long Pha သည်

ဗန်းမော်မှတဆင့် မိုးကောင်းတွင် တပ်မကို အခြေချပြီး ဒုတိယမြို့တော် တည်ထောင်သည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ကို ဖြတ်ပြီး ကဘောချိင့်ဝှမ်း (Kabaw Valley)၊ ချင်းနယ်မြောက်ပိုင်း၊ မဏိပူရ၊ ကချာ၊ အာသံ (Ahon) ကို သိမ်းသွင်းအခြေချ နေထိုင်ခဲသည်။

Sao Hsam Long Pha လက်ထက် မိုးကောင်းကို ဗဟိုပြု၍ မိုင်း ၉ ၉  လုံးအုပ်ချုပ်သော မြောက်ပိုင်းသျှမ်းများသည် ၎င်းတို့ကိုယ်ကို TAI LENG ( သျှမ်းနီ) ဟုခေါ်သည်။

အခြားသူများက  မြန်မာဆန်သော Tai Leng သျှမ်းနီများကို ၁၉၆၂ နေ၀င်းအစိုးရမှ သျှမ်းဗမာ (Shan B’mah) ဟုခေါ်သည်။ ၎င်းမျိုးနွယ်စုမှ မြောက်ဖက်စွန်းသို့ ရွှေ့ပြောင်းနေထိုင်ကြသူများကို Tai Khamti တိုင်းခန္တီးဟုလူသိများသည်။


Tai Long, Tai Mao နှင့် Tai Nu စသော သျှမ်းမျိုးနွယ်များသည် ဗန်းမော် (Man Maw)၊ မိုးမောက် (Mong Mauk)၊ ၀ိုင်းမော်(Waing Maw)၊ ခပ်ချို (Kat Kiao)၊ နမ္မား(Nan Ma)၊ နမ္မတီး(Nan Ti)၊ မိုးကောင်း၊ မိုးညှင်းစသည့် ဒေသများတွင် နား(Na)ခေါ် လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ကြသည်။



AD.1364 တွင်  ပင်းယဘုရင်မှ တိုက်ခိုင်းသဖြင့် စော်ဘွား၏ညီဖြစ်သူ သိုချည်ဘွား (Sao Hsam Long Pha) သည် စစ်ကိုင်းကိုတိုက်သည်။ မကူညီသောကြောင့် တဆက်တည်း ပင်းယကို တိုက်၍ ဘုရင် မိုးကောင်းသို့ ခေါ်ဆောင်သည်။ မှန်နန်းတွင် မောပါနရသူ ဟုခေါ်သည်။ ထိုနှစ်တွင် သတိုးမင်းဖျား အင်းဝ ကိုတည်ထောင်သည်။ 



AD.(1413-1445/6) တွင် မိုးကောင်းစော်ဘွား (စော်ဘွားဟူသော စကားသည် သျှမ်းလို စောက်ဖှ မြန်မာပြန်သော မြေကြီးနဲ့ကောင်းကင်ကို စိုးမိုးသောသခင်) သိုငံဘွား (Sao Ngan Pha/ Hso Wen Hpa) ဖြစ်သည်။ ၎င်းလက်ထက်တွင် ယူနန်အနာက်ပိုင်းကို ထိပါးသဖြင့် တရုတ်တို့နှင့် စစ်ဖြစ်သည်။ မင်မင်းဆက် (Mai Dynaty) သမိုင်းအရ ၀မ်ချီ (ဆင်ရွှေဝင်း- မှန်နန်း) စစ်သူကြီးသည်

သိုငံဘွား (Sa Ren Fa-Chinese text) နှင့် သားဖြစ်သူ သိုချည်ဘွား (Si Ji Fa-Chinese text) ကိုယူနန်၊ မြန်မာနယ်ခြားဒေသမှ ဧရာဝတီမြစ် အနောက်ဖက်ကမ်း မိုးညှင်းနယ်အတွင်း (AD.1445မှ 1450) ထိအောင်တိုက်ခိုက်ကြသည်။

AD(1445/6-1449) တွင် သားဖြစ်သူ သိုချည်ဘွား (Sao Ki Pha / Chau Si Pha) သည် ဖခင်ကျဆုံးပြီး စော်ဘွားအရာကို ရသည်။
တရုတ်တို့နှင့် စစ်ဆက်လက်တိုက်ခိုက်ရာတွင် ကျဆုံးသည်။

AD.(1449-?စီစစ်ဆဲ)တွင် မိုးကောင်းစော်ဘွားအဖြစ် Si Bu Fa (Chinese-text) ဟော်နန်း ဆက်ခံသည်။

AD.(1475-?စီစစ်ဆဲ)တွင် မိုးကောင်းနှင့် မိုးညှင်းစော်ဘွားများ စစ်ဖြစ်သည်။

AD.(?စီစစ်ဆဲ-1532)တွင် ကျွမ်းစည်စား မိုးညှင်းစလုံး (Sawlon) (Hso Long Hpa) (Si Lun Fa-Chinese text) သည်။

မိုးကောင်းမင်းတရားကြီးဘွဲ့ ကိုခံယူ၍ မိုးကောင်းစော်ဘွားအဖြစ် ဟောနန်းဆက်ခံသည်။

ညီဖြစ်သူကို ကျမိုင်းရာထူး (Heir Apparent) အပ်နုင်းထားသဖြင့် သားဖြစ်သူ အရွယ် ရောက်သောအခါ ဟောနန်းပေးစရာမရှိပေ၊ စစ်တိုက်ရာတွင် ဗျိုင်းအာင်လံကို အသုံးပြုသည်။ အခြားစော်ဘွား ပြည်နယ်များနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ် (Feudal Federation) ဖြင့် သျှမ်းအိုးစည်နိုင်ငံအား မိုးကောင်းကို ဗဟိုပြု၍ တည်ထောင်သည်။



AD.(1503-1507,1518)တွင် မြေဒူးကို၎င်း၊ (AD.1512)၌ ဗန်းမော်၊ (1520)တွင် ကလေး၊ (1522)၌ မင်းကင်း စသည့် စောဘွားများကို၎င်း၊ (1525)တွင် စစ်ကိုင်း၊ AD.1527တွင် အင်းဝကို သိမ်းပိုက်ပြီး သားဖြစ်သူ သိုဟန်ဘွား (Thohanbwa) အား အင်းဝထီးနန်းကို ဆက်ခံစေသည်။  AD.1532၌ သားဖြစ်သူ သိုဟန်ဘွားနှင့်အတူ ပြည်ဘုရင်ထွေးကို သွားရောက် ဖမ်းဆီးပြီးနောက် စစ်ကိုင်းတွင် လွှတ်ပေးသသည်။

ယင်းမှအပြန်လမ်း အမတ်များ လုပ်ကြံခြင်းခံရသည်။

 AD.1543တွင် အင်းဝ ဘုရင် သိုဟန်ဘွား လုပ်ကြံခံရသည်။  AD.1555တွင် မိုးကောင်းစော်ဘွားနှင့် အုန်းဘောင်စော်ဘွား စစ်ဖြစ်သည်။

AD.(1557) မိုးကောင်းစော်ဘွား Sao Peng လက်ထက်တွင် ဘုရင့်နောင် (Bayinnaung)သည် မိုးကောင်းအပါအ၀င် သျှမ်းပြည်အားလုံးကို သိမ်းသွင်းသည်။ စော်ဘွား Sao Peng ကိုပင် စော်ဘွားအရာ ဆက်ပေးသည်။



18-ရာစု ကုန်းဘောင်းခေတ်တွင် အာသံ (Ahom)၊ ဟူးကောင်းချိုင့်ဝှမ်း (Hukawng Valley)နှင့် ခန္တီးလုံဒေသ တို့ကို မိုးကောင်း စော်ဘွား Chow Ta Khuen Meng ကစုစည်း၍ “Kingdom of Nora” ကိုထူထောင်သည်။



AD(1761-1777) တွင် စော်ဘွား စောရွှေမော်၏သား စောဟော်ခန်း (Haw Hseng)က ၁၆ နှစ်ဖြစ်၏
AD(1761-1783)တွင် စော်ဟော်ခန်း၏ ညီစောခိုင်သည် ဟော်နန်းသက် ၆နှစ်တွင် ဖယ်ရှားခံရသည်။
AD(1783-1787)တွင် စောဝျံခံသား စောဖြူက ဟော်နန်းသက် ၄နှစ်ဖြစ်၏


AD(1787-1795)တွင် စောဖြူညီ စောကျော်က ဟောနန်းသက် ၈နှစ်ဖြစ်၏ 
AD(1795-1810)တွင် စော်ဟော်ခန်း၏ညီ စောခိုင်သည် မိုးကောင်းဟော်နန်းကို သား၊ မြေးများ အကူညီနှင့် ပြန်ဆက်ခံသည်။ ၎င်းလက်ထက်တွင် တတိယမြောက်မိုးကောင်းမြို့ ပျက်စီးသည်။

လွှဲလော ရွှေကျောင်း ဆရာတော်၏ လက်ရေးမှုအရ ယင်းနေရာ မိုင်းကောင်း၊ ကားမိုင်းလမ်းနှင့် မြစ်ကြီးနား၊ မန္တလေး ကားလမ်းဆုံရာတွင် ဖြစ်သည်။ ယနေ့တိုင် မိုးကောင်းမြို့ဟောင်းဟု ခေါ်ဆိုနေကြပါသည်။ ယခုမိုးကောင်းနှင့် ၈မိုင်ခန့်အကွားတွင်ရှိသည်။ မိုးကောင်းစော်ဘွား ၂၉ ဆက် ဆက်ခဲ့သည်။

၁၂ နှစ်ကြာသော စော်ဘွားမရှိခဲ့ပေ။

AD(1822-1827)တွင် စော်ဘွားခွန်ကောင်းဆိုင် (စောငန်းမိုင်းလုံ)က ဘုရင်မှပေးသော စောဆုဆုင်ခက်ဘွ ဘွဲ့တော်ဖြင့် လက်ရှိ မိုးကောင်းမြို့ကို တည်၍ ဟော်နန်းပြန်စိုက်ခဲ့သည်။

၎င်းစော်ဘွားလွန်သော စော်ဘွားဆက်ပြတ်ပြီး မြို့ဝန် (၅၄ ဆက်)ကို မြန်မာဘုရင်က တိုက်ရိုက်ခန့်ထား အုပ်ချုပ်ခဲ့သည်။ 

AD(1883)တွင် စော်ဘွား စော်ဟော်ခန်း၏ အဆက်အနွယ်မှ မောင်ရွှေလီ ဦးဆောင်၍ ပုန်ကန်ရာ တိုင်းလျဲန်မျိုးနွယ် ၀န်းသိုစော်ဘွား ဦးအောင်မြတ် နှိမ်နှင်းနိုင်သဖြင့် သိုဟုံဘွားဘွဲ့ကို သီပေါဘုရင်မှ ချီးမြင့်ပေးအပ်သည်။ ထိုသို့နှိမ်နှင်းမှုကြောင့် မြစ်ကြီးနားဒေသတွင် တိုင်းလျှဲန်ရွာများ ဖျက်ဆီးခံထားရပြီး

AD.(1890) တွင်  အင်္ဂလိပ် စစ်မှတ်တမ်းများအရ တိုင်းလျှဲန်ရွားပေါင်း ၁၈ ရွာကျန်ရှိနေသည်။



အထက်မြန်မာပြည် မြောက်ပိုင်းတွင်နေထိုင်သော  ဒေသခံသျှမ်းအမျိုးအနွယ် များမှာ တိုင်းလျဲန် (သျှမ်းနီ) တိုင်းခန္တီး (ခန္တီးသျှမ်း)၊ တိုင်းနေ (သျှမ်းတရုတ်)၊ တိုင်းလုံ (သျှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာသျှမ်း တို့ဖြစ်သည်။  တိုင်းလုံ (သျှမ်းကြီး) မှလွဲ၍ ကျန်အားလုံးတို့ တိုင်းလျဲန်အုပ်စုဝင် များပင်ဖြစ်သည်။

မိုးကောင်းမြို့ကို ရှေးယခင်းက မိန်းကောင်းဟု ခေါ်ဆိုခဲ့ကြသည်။ “မိန်းကောင်း” (Ming Gawng) သျှမ်းဘာသာ စကားဖြစ်သည်။ မိန်းသည်= မြို့တော် ဟုအဓိပ္ပါယ် ရပြီး ကောင်းမှာ = အိုးစည် ဟုအဓိပ္ပါယ် ရသဖြင့် မိန်းကောင်း ကို“အိုးစည်မြို့တော်” ဟု အဓိပ္ပါယ် ရသည်။ ကာလကြာ လာသောအခါို“မိန်းကောင်းမှ မိုးကောင်းဟို“ တွင်လာခြင်းဖြစ်ပါသည်။

မိုးကောင်း လေးကြိမ် လေးနေရာ ပြောင်း၍ တည်ခဲ့ ကြောင်းမှတ်တမ်း များအရ သိရသည်။   ရှေးလူကြီးများ၏ ပြောကြားချက်ကို ဆက်စပ်ညှိနှိုင်း မှုအရ ပထမ မိုးကောင်းမြို့၏တည်နေရာမှာ သျှမ်းဘာသာ စကားအရ ပူကမ်းမြို့ ခေါ်သော ကားမိုင်းမြို့ ဖြစ်သည်။ ဒုတိယ မိုးကောင်းမြို့ ၏တည်နေရာမှာ ကားမိုင်းမြို့အနီး ပတ်လှော် နေရာဖြစ်သည် ဟုဆိုပါသည်။

တတိယ မိုးကောင်းမြို့ ၏တည်နေ ရာသည် ယခုမြို့ဟောင်းနေရာ ဖြစ်ပြီး၊ စောဘွားကြီး ခွန်ကောင်းဆိုင်း ကတည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာ “မိန်းကောင်းဆိုင်း” ဖြစ်ပါသည်။ ကျောင်းကန် ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာ သာသနာ ရောင်ဝါ ထွန်းလင်းခဲ့ပါသည်။
ညောင်ရမ်းမင်းတရားကြီး လက်ထက် ကောဇာ(၉၆၁) လက်ထက်တွင် “တတိယ မိန်းကောင်း (မိုးကောင်း)” ပျက်သုန်းခဲ့ပါသည်။

စတုတ္ထမိုးကောင်းမြို့ကို ကောဇာ(၁၁၅၃)ခုနှစ် နတ်တော်လဆန်း (၁၂)ရက်၊ အင်္ဂါနေ့ နံနက် အာရုဏ်တက်ချိန် တွင် မြို့ဟောင်း စော်ဘွားကြီး၏သား စောက်မောင်ဆိုင် နန့်ရင်းချောင်းနှင့် နန့်ကောင်းဆုံရာတွင် မြို့စတင် တည်ခဲ့ပါသည်။ မိုးကောင်းမြို့သည် ကောဇာသက္ကရာဇ် (၁၁၅၃)ခုနှစ်ကို မှတ်သားရ လွယ်ကူစေရန် “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟုစပ်ဆိုခဲ့ပါသည်
ရာဇ၀င်မှတ်တမ်းများ၌ တွေ့ရသော သိုဟန်ဘွားမင်းစော(ဆိုခန်ဖှ) သည်တစ် ဦးတည်း မဟုတ်ဘဲ နာမည်တူများ (ဆိုမိသားစုမင်းမျိုးနွယ်စုဝင်များ) ဖြစ်ကြပြီး၊ သက္ကရာဇ်ကာလအားဖြင့် ကွဲပြား၏။ နန်ချို သျှမ်းဧကရာဇ်မင်းဆက်(AD 650-1252 ) နှောင်း၌တစ်ဦး၊ မောသျှမ်းတိုင်းပြည် စယ်လန့် ဧကရာဇ်မင်းဆက်(AD 1300-1772 ) ၌တစ်ဦး၊ မိုးညှင်းမင်းတရားကြီး စ၀်စောလုံ၏သား အာဝနန်းရှင် သိုဟန်ဘွား(AD 1505-1547 ) ကတစ်ဦးဖြစ်ပါသည်။ သူတို့အားလုံးသည် “ဆို” မင်းနွယ်ဝင်များမှ ဖြစ်ကြပါသည်။

နန်ချို ဧကရာဇ်(ရှစ်ရာစု) လည်းရောက်ခဲ့သည်။ (AD 1321 ) ကာလ၊ မောသျှမ်းဧကရာဇ် သိုဟန်ဘွားကိုယ်စား သူ၏ ညီတော် စ၀်ဆမ်လုံး သွားရောက်ခဲ့သည်။ အသွားအပြန် ခရီးသုံးနှစ် ကြာခဲ့သည်။ စ၀်ဆမ်လုံသည် အပြန်ခရီး မိုးကောင်း(Mong Kong )၌ တစ်ထောက်နားစဉ် အဆိပ်မိ၍ ကွယ်လွန်ခဲ့သည်။ သူ၏နောက်လိုက် စစ်တပ်ဗိုလ်ပါ ပေါင်းသည် မောသျှမ်းဧရာဇ်ပြည် စယ်လန့်သို့မ ပြန်ကြတော့ဘဲ ရောက်ရာနေရာ၌ပင် မြို့တည်လယ်လုပ်၍ နေထိုင်လာကြတော့သည်။
ယခု မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို ဟုခေါ်တွင်လျှက်ရှိသော သျှမ်းမျိုးနွယ်စုများ၏ မြို့ပြ နိုင်ငံငယ်များသည် နှစ်ပေါင်းသုံးထောင် နီးပါးရှိပြီ ဖြစ်သဖြင့် ဤနယ်ဒေသတို့ သျှမ်းမျိုးနွယ်စုများ ၀င်ရောက် နေထိုင်လာခဲ့သည်မှာလည်း  နှစ်ပေါင်း သုံးထောင်ထက် မနည်းတော့ကြောင်း သုံးသပ်ရပါသည်။

အာသံသည် ဗမာဧရာဇ်၏ စောင့်ရှောက်ခံ နေရသည့်ကာလ ရှိပါသည်။ သျှမ်း ဧရာဇ်များ၏ စောင့်ရှေက်ခံနေရသည့် ကာလက ပို၍များပါသည်။ ဝေးလံခေါင်ဖျားဒေသဖြစ် သော အာသံ (ဝေသာလီကြီး) သို့ မောသျှမ်း ဧကရာဇ်များ သူ့ခေတ်နှင့်သူ ရောက်ခဲ့ကြသည်။

စာရေးသူ ကျားပေါက် ငယ်စဉ်က ယခုမိုးကောင်းမြို့  ဘုံသားကျောင်း ဆရာတော် ဦးမေဒါမှ ကြီးမှုးကျင်းပသော မိုးကောင်းမြို့ ရာတုလေးလီ ရာလေးလီ ပွဲတော်ကြီးတွင် ရှင်လောင်း အပါးတထောင်ကျော်  ရှင်ပြုရဟန်းခံပွဲတော်ကြီး ကျင်းပပေးခဲ့ပါသည်။

အထက်မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့ပြ နိုင်ငံငယ်များ၊ ရှေးဟောင်း သျှမ်းမင်းပြည်ထောင်များ ဖြစ်သော တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်း၊ မောင်းခမ်း၊ တမန်သီ၊ သောင်သွတ်၊ ဆင်းကလိန်းခန္တီး၊ ဗန်းမော်၊ ခတ်ချို၊ ၀ိုင်းမော်၊ ခမ်းတီးလုန် (ပူတာအို) ဖားကန့် ၊ ကားမိုင်း စသည့် အမည်များမှာ ဒေသခံ သျှမ်းလူမျိုးများ အစဉ်ဆက် သျှမ်းဘာသာဖြင့် အမည်သတ်မှတ်ခေါ်တွင် ခဲ့သည်ကို တွေ့ရှိရပါသည်။

လူ့အဖွဲ့အစည်း၊ လူ့သမိုင်းတိုးတက် ပြောင်းလဲလာမှုကို လေ့လာရာတွင် မိသားစု အစုအဝေးမှ တဖြည်းဖြည်း တိုးတက်လာပြီး မြို့ပြနိုင်ငံ (City State )၊ မင်းပြည်ထောင် (King Dam)၊ လက်နက်နိုင်ငံ (Empire)၊ ဟူ၍ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။

သျှမ်းညီနောင်သုံးဦး တည်ထောင်ခဲ့သော မြို့သုံးမြို့တွင်း မိန်းကောင်း ခေါ် မိုးကောင်းမြို့သည် အကြီးဆုံး မြို့ဖြစ်ပြီး အရံမြို့ငယ် ၉၉  မြို့ရှိကြောင်းသိရသည်။

ရှေ့ခေတ်သျှမ်းလူမှုအဖွဲ့စည်း သျှမ်းနိုင်ငံတော်များ ၀တ်စားဆင်ယင်ပုံ မိုးကောင်းမြို့ တောင်ပေါ်ကျောင်း ဆရာတော်ကြီး က သက္ကရာဇ် ၁၂၆၃ ခုနှစ် ပထမ၀ါဆို လဆန်း ၄- ရက်နေ့တွင်  စတင်ရေးသားသည့် ဥတ္တရဂုရုဥတီရဌ ခေါ် မောကိုးပြည်ထောင် သမိုင်းမှတ်တမ်းတွင် 

- အရှေ့ပိုင်း သျှမ်းနိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းလုံခေါ် တိုင်းဖိတ် တို့သည် အကိုအကြီးဆုံးဖြစ်ပြီး အင်္ကျီဖြူ၊ ဘောင်းဘီဖြူ၊ ခေါင်းပေါင်းဖြူ ၀တ်ဆင်ကြသည်။

- အလယ်ပိုင်း နိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းကမ်ခေါ် တိုင်းခွမ်သည်။ ညီအကိုသုံးဦးတွင် အလတ်ဖြစ်ပြီး အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း အနက်ရောင်ဝတ်ဆင်ကြသည်။

- အနောက်ပိုင်း နိုင်ငံတော်တွင် နေထိုင်သော တိုင်းလျဲန်ခေါ် သျှမ်းနီတို့သည် ညီအကို သုံးဦးတွင် အငယ်ဆုံးဖြစ်ပြီး အသားအရောင် နီစပ်စပ်ရှိ၏ အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း အနက်ရောင် ၀တ်ဆင်ကြသောလည်း အနားပတ်မှာ အနီရောင်တပ် ၀တ်ဆင်ကြခြင်းကြောင့် တိုင်းလျဲန် အမည်တွင်ခဲ့သည်။ အခြားမှတ်တမ်းများအရ တိုင်းလျဲန်တို့သည် စစ်တိုက်ရာနိုင် ရဲရင်ကြပြီး ခေါင်းပေါင်း ခါးစည်း၊ အင်္ကျီဘောင်ဘီ အနားပတ် အနီရောင်ကို ၀တ်ဆင်ကြသည့် သျှမ်းစစ်တပ် တတပ်၏ အမည်နာမှဟုလည်း ဆိုသည်။



၁၉၄၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံမှုကြမ်း ရေးဆွဲစဉ်ကာလက ဦးစောထွန်းရင်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းလျဲန်(ရှမ်းနီ) အမျိုးသား တဦးဖြစ်ပါသည်။

ref: ကျားပေါက်
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here