
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင်
ငွေကြေးတောင်းခံမှုများရှိနေသည့်အတွက် တရုတ်ပြည်နယ်စပ်မြို့သို့
သွားရောက်အလုပ်လုပ် ကြသည့် မြန်မာနိုင်ငံဖက်မှ အခြေခံလူတန်းစားအများစုမှာ
အခက်အခဲတွေ့နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့်
မန္တလေးမြို့မှအမျိုးသား ကုန်သည်တစ်ဦးက ပြောကြားသည်။
“ တရုတ်ပြည်ထဲသွားဖို့ကို
မြန်မာဖက်ကနေ စာအုပ်အနီရယ် ၊ နေ့စဉ်ဝင်ထွက်ခွင့် လက်မှတ်ရယ်ဆိုပြီး
နှစ်မျိုး
ထုတ်ပေးတယ် ” ဟုအဆိုပါကုန်သည်က ပြောကြားသည်။
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အနီ
ထုတ်ပေးရာတွင် ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ
ထုတ်ပေးပြီးအခြားမြို့များမှ လာရောက်နေသည့် ကုန်သည်များကိုမူ ကျပ်ငွေ
တစ်သောင်းကျော်မှ စတင်ကာ
ငါးသောင်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ဘာသာခြားတွေဆို
ငါးသောင်းလောက်ပေးမှ မြန်မာစာအုပ်အနီကိုင်ခွင့်ရှိတယ် ၊ ရိုးရိုး တစ်ခြား
မြို့ကနေ လာတဲ့
လူတွေကတော့ တစ်သောင်းခွဲနှစ်သောင်းလောက်ဆို စာအုပ်ရတယ် ” ဟု
မူဆယ် မန္တလေး ကုန်သည်တစ်ဦးက
ပြောကြားသည်။
တရုတ်ပြည်ကြယ်ဂေါင်တွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့်
မြန်မာဖက်မှ အခြေခံလူတန်းစား များအနေဖြင့် စာအုပ်အနီအတွက်
အခက်အခဲရှိနေသောကြောင့် နေ့စဉ်ဝင်ထွက်ခွင့်လက်မှတ်အားတစ်ရက်လျှင်
ငွေတစ်ထောင်
နှုန်းဖြင့် ပေးဆောင်သွားလာနေရကြောင်း ကိုလည်း အဆိုပါကုန်သည်
တို့က ဆိုသည်။
“ ငွေသောင်းဂဏန်းလောက်ရှိတဲ့စာအုပ်အတွက်
ဒီမှာလာကုန်ထမ်းနေတဲ့လူတွေက ဘယ်ပေးနိုင်မလဲ ၊ စာအုပ်
အနီက
မူဆယ်မှတ်ပုံတင်ကိုင်ထားမှ ထုတ်လို့ရတယ် ၊ နို့မို့ဆို လိုင်းကြေးပေးပြီး
ထုတ်မှ အဆင်ပြေတယ် ” ဟု ကုန်သည်တစ်ဦးက ပြောသည်။
ကြယ်ဂေါင်မြို့တွင်
မြန်မာဖက်မှလာရောက်အလုပ်ကိုင်နေသူအများစုမှာ ကုန်ထမ်းခြင်းနှင့်
အခြေခံအလုပ်များစွာ
လုပ်ရသည့်အတွက် နေ့စဉ် နံနက် (၇)နာရီမှ ည(၈)နာရီထိ
အလုပ်လုပ် နေကြကြောင်းသိရပြီး၊ မြန်မာဖက်မှနိုင်ငံ
ကူးလက်မှတ်အနီစာအုပ်အား
မြန်မာနိုင်ငံသားတိုင်း ထုတ်ပေးလျှင် ယခုထက် ပိုမိုအဆင်ပြေလာနိုင်ကြောင်း
အဆို
ပါကုန်သည်များက သုံးသပ်သည်။
၂၀၁၀
ဂီရိမုန်တိုင်းအပြီး ရခိုင်လူမျိုးများ
ကြယ်ဂေါင်သို့နေ့စဉ်အသုတ်လိုက်ပြောင်းရွှေ့မှုများရှိခဲ့ပြီး
လက်ရှိအချိန်တွင် ခန့်မှန်းလူဦးရေ သောင်းဂဏန်းရှိနေကြောင်းကိုလည်း
သိရသည်။
မြစ်မခ