သီလ၀ါအထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် ဇုန်ပြင်ပ၏ အခြေခံ အဆောက်အဦးလိုအပ်ချက်မြန်မာ
အစိုးရမှ ငွေကြေးဖြည့်ဆည်းနိုင်ပါက
ဂျပန်နိုင်ငံမှ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က ပြောသည်။
ဝ ဒဿမ ၀၁ ရာခိုင်နှုန်း အတိုးနှုန်းဖြင့်အနှစ် ၄၀ ချေးပေးမည်ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သော သီလ၀ါအထူးစီးပွားရေးဇုန်သည် ဇုန်တွင်း ရင်းနှီးမြုပ်နှံမှုများဖြစ်ပြီး ဇုန်ပြင်ပ အခြေခံ အဆောက်အဦး များဖြစ်သော လျှပ်စစ်၊ ဆိပ်ကမ်း ၊ လမ်း ၊တံတားများသည် မြန်မာနိုင်ငံအစိုးရမှ ပံ့ပိုးပေးရမည်ဖြစ်သည်။
အဆိုပါ ပံ့ပိုးမှုကို အစိုးရအနေဖြင့် လုပ်ကိုင်ရန် ငွေးကြေးမတတ်နိုင်ပါက ပြင်ပရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်နိုင်ပြီး ရင်းနှီးမြုပ်နှံလိုသူမရှိပါက အဆိုပါကုန်ကျစရိတ်ကို ဂျပန်အစိုးရမှ မြန်မာအစိုးရသို့ ထုတ်ချေးပေးမည်ဟုဆို

ခြင်းဖြစ်သည်။
Popular Myanmar News Journal