မတ်(၇)
မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရများလက်ထက် လယ်ယာမြေသိမ်းဆီးမှုတွေ
ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါ တယ်။ နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းမှုများ
စတင် လုပ်ဆောင်လာပြီးနောက်ပိုင်းမှာလည်း နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူများကလည်း မြန်မာနိုင်ငံကို မျက်စေ့ကျလာနေပါတယ်။ အကျိုးဆက်တခုအနေနဲ့ မြန်မာနိုင်ငံမှာ ဓားမဦးချ လယ်ယာလုပ်ငန်းကို လုပ်ကိုင်လာသူတွေက လယ်ယာမြေ သိမ်းဆီး ခံရမှုတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုမှုတွေ၊ ပြန်လည်ကာ လယ်ယာမြေ ပြန်လည် ရလိုမှုတွေနဲ့ အစိုးရ အာဏာပိုင် လုံခြုံရေးတပ်ဖွဲ့တွေ၊ မြေယာရှင်ကြီးများအကြား တင်းမာမှုတွေ ဆက်တိုက်ရှိလာနေပါတယ်။
ဒါကြောင့် လယ်ယာမြေ သိမ်းဆီးခံရမှု ပြဿနာတွေ ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာကို ၈၈ မျိုးဆက်
ကျောင်းသား များအဖွဲ့က လယ်ယာမြေကိစ္စတွေနဲ့ လယ်သမားရေးရာတာဝန်ယူထားသူ တဦး ဖြစ်တဲ့ ဦးထွန်းမြင့်အောင်နဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် လင်းသန့်တို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ မေးမြန်းထားပါတယ်။
မေး။ ။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ လယ်ယာမြေသိမ်းဆီးခံရမှု ပြဿနာတွေ ပြေလည်ချောမွေ့စေဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှာရော သီးခြားအမြင်နဲ့ ကူညီဖြေရှင်းပေးဖို့ မဟာဗျူဟာ ချမှတ်ထားတာ ရှိပါသလား။
ဖြေ။ ။ အခု လောလောဆယ်ဆောင်ရွက်နေတာကတော့ ကျနော်တို့ အပိုင်း ၂ ပိုင်းရှိတယ်။ တပိုင်းကတော့ လတ် တလောဖြစ်နေတဲ့ ပြဿနာလေးတွေကို ကုစားဖြေရှင်းရတာပေါ့။ ဒါကတော့ တကယ့် အရင်း အမြစ်ကြီးကို ကုစားဖြေ ရှင်းပေးနိုင်မှာတော့ မဟုတ်ဘူး။ ဥပမာ လတ်တလောမှာ မြေယာသိမ်းလို့ အပြန် အလှန် ပြဿနာ ဖြစ်တဲ့နေရာတွေကို ကျနော်တို့က ဖြေသာအောင်၊ ခုသာအောင်သွားရတယ်။ အင်း၊ အိုင်၊ ချောင်း၊ မြောင်းတွေထဲမှာ တရားမ၀င် ငါးဖမ်းတဲ့ အတွက်ကြောင့် လယ်တွေထဲကို ရေမရောက်ဘူး။ ဒီလိုကိစ္စမျိုးတွေဆိုရင် ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ၀င်ညှိပေါ့။
ရွာသားတွေဘက်ကိုလည်း နားထောင်ပေါ့။ အဆင်ပြေသွားတဲ့ အခါမျိုးတွေလည်း ရှိတာပေါ့။ နောက် တပိုင်းကတော့ ဒီ လယ်ယာမြေသိမ်းတဲ့ ပြဿနာတွေကို အကုန်လုံးပြေလည်ဖို့က ဒီအတိုင်းသွားလို့ မရဘူး။ မူဝါဒ ပြောင်းလဲသွားမှ ဖြစ်မှာ။ အဲဒီမူဝါဒ ပြောင်းလဲဖို့ ကျနော်တို့ စဉ်းစားထားတာက မကြာမီမှာ လယ်သမားတွေရဲ့ အသံကို နားထောင်ဖို့ တနိုင်ငံလုံးက လယ်သမားတွေကို ကိုယ်စားပြုပြီး ကိုယ်စား လှယ်တွေရွေးလိုက်မယ်။
လယ်သမားတွေရဲ့ အသံတွေကို ကျနော်တို့ ၈၈ က နားစွင့်ခြင်းဆိုတဲ့ အစီအစဉ်တခု ရှိပါတယ်။ ဆိုလိုတာက လယ်သမားတွေ ရဲ့ အသံတွေကို ဖော်ထုတ်တာပါ။ အဲဒီမှာ အစိုးရတာဝန်ရှိသူတွေလည်း ဖိတ်မယ်၊ နိုင်ငံတကာကိုလည်း ဖိတ်မယ်။ လယ်သမားရေးဆောင်ရွက်နေ သူတွေ၊ နိုင်ငံရေးပါတီတွေ ဖိတ်မယ်။ လယ်သမားတွေရဲ့ အသံကိုနားထောင်ပြီး သူတို့ အသံတွေကို စုစည်းမယ်။ ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေပါ ပါတဲ့ ဆွေးနွေးမှုတွေလုပ်မယ်။ အဲဒီကျရင် အားလုံး လက်ခံ သဘောတူညီတဲ့ လယ်သမားအရေး မူဝါဒ တခုကျရေး ကျနော်တို့ ကြိုးစားမယ်။
ဒါဟာ တနည်းအား ဖြင့် လွှတ်တော် ပြင်ပမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုနဲ့ ပညာရှင်တွေ တစုတစည်းတည်းကနေ လုပ် ဆောင်တဲ့ နည်းလမ်းပါ။ လယ်သမား တွေရဲ့ အသံတွေ၊ ဆန္ဒတွေကို ခုနက ပညာရှင်တွေပါ ပါတဲ့ အားလုံးကနေ လယ်သမားတွေအတွက် မူဝါဒတွေ တိုင်းပြည်မှာ ဘယ်လို ချမှတ်မယ်ဆိုတာ ကျနော်တို့အဲဒါကို လုပ်ကြမှာဖြစ်တယ်။
မေး။ ။ ဒီလို မူဝါဒ ချမှတ်ပြီးရင် အခု ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာမှာ ဘယ်လိုပြုပြင် ထည့်သွင်း သွားမလဲ၊ ဘယ် လောက်ထိ အချိန်ယူရမလဲ။
ဖြေ။ ။ ကျနော်တို့တော်တော်တော့ ကြိုးစားရဦးမယ်။ ၂ ပိုင်းရှိတယ်။ အခုအပိုင်းက ကျနော်တို့ လယ်သမားနဲ့လယ်ယာမြေသိမ်းဆီးခံရမှုတွေကိုပဲ ပြောနေတာ။ တကယ်တော့ အားလုံးရဲ့ အချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေမှာ ပြည်သူလူထု အကျိုးစီးပွားကို လောက်လောက်လားလား အကောင်အထည်ဖော်ပေးနိုင်မယ့်၊ အကာ အကွယ်ဖော်ပေးနိုင်မယ့် ဥပဒေတွေ မပြဋ္ဌာန်းနိုင်သရွေ့ ကျနော်တို့ ကျန်တဲ့ဟာတွေကို ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်တွင်းကနေ ပြင်ဘို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့အပါ အ ၀င် လွှတ်တော်ထဲကို ရောက်သွားတဲ့ နိုင်ငံရေး အင်အားစုတွေလည်း ရှိတယ်။ သူတို့ကလည်းသူတို့ ကြိုးစားတဲ့ အပိုင်းပေါ့ဗျာ။ ကျနော်တို့ကလည်း လွှတ်တော်ထဲမှာ မဟုတ်ဘဲ လွှတ်တော်ပြင်ပမှာ ရှိတဲ့ လူထုနဲ့ အရပ်ဖက် လူ့အဖွဲ့ အ စည်းတွေကနေ တဆင့် ပြင်ဆင်ဖို့ ကြိုးစားနေတယ်။
ဒီနည်းနဲ့ ကျနော်တို့ဟာ ခုနပြောတဲ့ လယ်ယာမြေကဏ္ဍဆိုရင် လယ်သမားတွေရဲ့ အသံအစစ်အမှန်ကို ရအောင်ဖော်ထုတ်မယ်။ ဒီအသံတွေကို တတိုင်းတပြည်လုံးက အားလုံး ကြား နာပြီးတော့ လယ်သမားတွေ ကတော့ ဒီလိုပြောနေပြီ။ လယ်ယာမြေ ဥပဒေနဲ့ပတ်သက်လို့ ဒီလို ဆောင်ရွက်ပေးသင့် ပါတယ်။ ဒီလို ဥပဒေတွေတော့ ပြင်ဆင်သင့်ပါတယ်ဆိုပြီး မူဝါဒတွေ အားလုံး ဘုံသဘောတူညီချက်တွေ ချမှတ်ပြီးဒီဖိုရမ် ကြီးက ထွက်လာတဲ့ မူဝါဒတွေကို လွှတ်တော်ထဲကို တင်ပြမယ်။
မတင်ပြခင်မှာ နိုင်ငံတကာရဲ့ မြေယာဥပဒေတွေက ဘယ်လိုရှိတယ်။ အစိုးရတွေက ဘယ်လို အထောက်အပံ့တွေ ပေးတယ်။ လယ်သမားတွေရဲ့ အခက်အခဲတွေကဘယ် လို ရှိတယ်ဆိုတာကျနော်တို့ လိုက်လေ့လာနေတယ်။ ပြည်သူ့အသံ လွှတ်တော်က နားထောင်တယ်ပြောတယ်။ ပြည် သူ့ ဆန္ဒ လွှတ်တော်က အကောင်အထည်ဖော်ပေးမယ်ပြောတယ်။
ဒါတကယ် စစ်မှန်ဖို့လိုပါတယ်။ ပြည်သူကို ကိုယ် စားပြုတဲ့ လွှတ်တော်၊ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတရပ်အနေနဲ့ ဒါကို တကယ်အကောင်အထည်ဖော်နိုင်ပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်၊ အစိုးရဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေပြောတာ နားထောင်တာက တ မျိုး၊ ဒါက တကယ်တမ်းပြောရရင် သွယ်ဝိုက်သောနည်းနဲ့ နားထောင်တာ။ ပြည်သူလူထုကြီးရဲ့ အသံကို တိုက်ရိုက် နား ထောင်တာက တမျိုး၊ အဲဒီလို တိုက်ရိုက်နားထောင်နိုင်ဖို့အတွက် ကျနော်တို့က အဲဒီအသံကို လွှတ်တော်ထဲကို တင်ပြ မှာ။
မေး။ ။ လယ်ယာမြေ ဥပဒေမှာဖော်ပြထားတဲ့ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ စကားရပ်နဲ့ လုပ်လုပ်သူ လယ်ပိုင်ဆိုင်ရမယ်ဆိုတဲ့ လယ်သမားတွေ လိုလားချက်တွေ ကွာဟနေတာ၊ လယ်သမား
အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ပတ်သက်လို့ရော ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ ဟုတ်တယ်။ လယ်ယာမြေ ဥပဒေမှာ ဖွင့်ဆိုထားတဲ့ လယ်သမား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ လယ် လုပ်သူ လယ် လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ စကားရပ်ကို လယ်သမားတွေလည်း မကြိုက်ဘူး။ ကျနော်တို့လို လယ်သမားအရေး ဆောင်ရွက်နေသူတွေလည်း မကြိုက်ဘူး။ လယ်သမားဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ထားလည်းဆိုတော့ လယ်ယာ မြေမှာ တကယ် ဓားမဦးချ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာသူ သို့မဟုတ် လယ်ယာမြေကိုပဲ မှီခိုအားထားပြီးတော့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လယ်သမားတွေ ကိုတင် ဆိုလိုတာ မဟုတ်တော့ပဲနဲ့ ငွေကြေးရှိလို့ ရန်ကုန်လိုမြို့ကြီး တွေမှာထိုင်ပြီးတော့ ဒီလုပ်ငန်းကို လုပ်ကိုင်နေသူတွေကိုလည်း သူတို့က လယ်သမားလို့ အကျုံးဝင်အောင် သူတို့က လုပ်ထားတယ်။
မေး။ ။ နိုင်ငံတကာမှာလည်း လက်မှု လယ်ယာကနေ စက်မှုလယ်ယာအဖြစ်ကို တိုးတက်ပြောင်းလဲတဲ့ ကာလမှာ လယ်ယာမြေ ဧက ထောင်ချီပြီးပိုင်ဆိုင်တဲ့ လယ်သမားကြီးတွေဆိုတာ ရှိကြတာပဲ။ မြန်မာနိုင်ငံ မှာ လည်း အလားတူ ရှိ လာနေတယ်။ ဒါကို တနိုင်တပိုင်လယ်သမားတွေ က ခေတ်သစ် မြေရှင်စနစ်တွေ ဆိုပြီး မလိုလားဘူးလို့ ဆိုတယ်။ ဒီ တော့ မြန်မာ လယ်သမားတွေ မကြိုက်တဲ့ ခေတ်သစ်မြေရှင်စနစ်လို ရှိနေရင် ဘယ်လို ပပျောက်အောင်လုပ်သွားမယ် စဉ်းစားထားလဲ။
ဖြေ။ ။ အဲဒီအတွက် မှန်ကန်တဲ့ ဥပဒေတွေချမှတ်နိုင်ဖို့ ကျနော်တို့ အဲဒါကို ပြောနေတာပဲ။ လယ်ယာမြေနဲ့ပဲ အ သက် မွေးဝမ်းကျောင်းပြီး လယ်ယာမြေပေါ် မှီခိုအားထားလုပ်ကိုင်စားသောက်နေသူတွေကိုပဲ ကျနော် တို့က လယ် သမားလို့ ပြောနိုင်မယ်။ ခုနလို မြို့ပေါ်နေပြီး အရင်းအနှီးရှိလို့ လယ်ယာမြေလုပ်ငန်းကို ၀င်လုပ်နေတဲ့သူတွေကို ကျနော်တို့ လယ်သမားလို့ မသတ်မှတ်နိုင်ဘူး။
မေး။ ။ အဲဒါဆိုရင် တိုးတက်တဲ့ စက်မှု လယ်ယာကဏ္ဍကို အောင်အောင်မြင်မြင်သွားနိုင်ပါ့မလား၊ ဆိုလို တာက နိုင် ငံ ၀င်ငွေတိုးအောင် လယ်မြေတွေ အများကြီးပိုင်ဆိုင်ပြီး ကုမ္ပဏီတွေအဖြစ်နဲ့ လယ်ယာမြေနဲ့ပဲ လုပ်ကိုင်နေတဲ့ သူ တွေ ကို လယ်သမားအဖြစ် အသိအမှတ်မပြုနိုင်ဘူးလား။ တနိုင်တပိုင် လယ်သမားတွေ မလုပ်နိုင်တဲ့ လယ်ယာ ကုန်ထုတ် လုပ်မှုကြီးတွေ လုပ်နိုင်တဲ့သူတွေမရှိရင် စက်မှု လယ်ယာကဏ္ဍ ကို ရောက်ပါ့ မလား၊
ဖြေ။ ။ တိုင်းပြည်မှာ ဒီကနေ့ အခြေအနေမှာ ဥပမာပြရရင် ဒဂုံ ဆိပ်ကမ်းမြို့တွေမှာ အကျိုးတူ ကန်ထရိုက် လယ် ယာ မြေစိုက်ပျိုးရေး လုပ်တယ်။ ကုမ္ပဏီတွေကပဲ အကျိုးစီးပွားတွေ ဖြစ်ပြီး လယ်တွေ ကုမ္ပဏီတွေ လက်ထဲ ရောက် သွားခဲ့တာပဲ ရှိတယ်။ လယ်သမားတွေက ဥပဒေ လက်တလုံးခြားနဲ့ လယ်မဲ့ ယာမဲ့ ဘ၀ ရောက်ကုန်တယ်။ သူတို့ဟာ အာဏာပိုင်တွေနဲ့ပေါင်းပြီး ဖိနှိပ်ခံရတာတွေ ရှိတယ်။ သူတို့ဘ၀က သူတို့လယ်မှာ သီးစား ပြန်လုပ်ရတဲ့အခြေအနေ။ ဘယ်လိုမှ အကျိုးတူ မဖြစ်ပဲနဲ့ လယ်သမားတွေ အကျိုး
တောင် ပျက်ဆီးသွားတယ်။
မေး။ ။ မကြာခင်လည်း လယ်ယာမြေ မှတ်ပုံတင်တာတွေ လုပ်ရတော့မယ်ဆိုတော့ အစိုးရတွေအနေ နဲ့ သော် လည်းကောင်း၊ လူမှု ၀န်းကျင်က တာဝန်သိတဲ့သူတွေအနေနဲ့ လယ်သမားတွေ ဘ၀ တိုးတက်ရေး၊ လယ်သမား တိုင်းပြည် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လယ်ယာထွက်ကုန်တွေကို ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ ၀င်ငွေ တိုးအောင် ဘယ်လိုတွေ လုပ် ဆောင် ပေးသင့်တယ် ထင်လဲ။
ဖြေ။ ။ အခုနေမှာ လယ်သမားတွေဘက်က အကာအကွယ်ပေးတဲ့ ဥပဒေတွေ မရှိတဲ့အပြင် လယ်သမား
တွေ အတွက် အလုပ်ဖြစ်မယ့် အခြေအနေလေးတွေကိုတောင် ပုံစံအမျိုးမျိုးနဲ့ လိုက်ပိတ်နေတယ်။ ဒီကနေ့ လယ်ယာမြေ မှတ် ပုံတင် ဥပဒေအရ မှတ်ပုံတွေ တင်ရတော့မယ်။ ဒါက လယ်သမားတွေအနေနဲ့ ဒီနေရာ မှာ လယ်လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာ တရားဝင် မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်။ အဲဒီလိုမှတ်ပုံတင်ခွင့်ကိုတောင် တကယ်ဆိုလို့ရှိရင် ဧည့်စရင်းတွေ တိုင်ကြ ပါလို့ လိုက်အော်သလိုမျိုး ဒီလို မှတ်ပုံတင်ဖို့ လုပ်တော့မယ်ဆို တာ လယ်သမားတွေကို အသိပေးရမှာ၊လိုက်အော်ရမှာ။ အခုတော့ အဲဒီလို မဟုတ်ပဲနဲ့ တိုးတိုး တိတ်တိတ် ပဲ ပြောတဲ့ပုံစံ လုပ်နေတယ်။
ဒါဟာ ဘာလဲ ဆိုတော့ ငွေရှင်ကြေးရှင် ကြီးတွေကို သူတို့ စစ်အစိုးရခေတ်တလျှောက်လုံး လက်ဦးမှုယူ ထားတဲ့ လယ်ယာမြေတွေကို မှတ်ပုံတင်နိုင်အောင် လုပ် ပေးသလိုဖြစ်နေတယ်။ ပြောမယ်ဆိုရင် အရင် တုန်းက တရားမ၀င် မြေသိမ်းခံရတာ၊ အခုတော့ တရားဝင် လယ် သိမ်းခံရတဲ့ အနေအထားတွေ ကို ရောက်တော့မယ်။
ကျနော်တို့ ပြောတာက စက်မှုလယ်ယာတွေ မသွားရဘူး မပြောဘူး၊ သွားရမယ်။ သို့သော်ခွဲတော့ ခွဲခြားထားရမယ်။ လယ်သမားစစ်စစ်တွေနဲ့ ခုန လယ်ယာလုပ်ငန်းရှင်ကြီးတွေကြားမှာ။ ဘာလို့လည်း ဆိုတော့ လယ်ယာလုပ်ငန်းရှင်ကြီး တွေက လယ်ယာမြေတွေ ၀ယ်ထားတာက လယ်စိုက်ဖို့ မဟုတ် ဘူး။ မြေနေရာတွေ ကောင်းလို့ ရှိရင် တချိန်မှာ ပြန် ရောင်းဖို့ လုပ်ထားတာ၊ ဒါ အရမ်းသိသာတယ်။
ဧရာဝတီ