အေဒီ
၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ
ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ
Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆
ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန်
ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည်
အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်
နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကို
ဖော်ပြထားသည်။
လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ
ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ
ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင်
အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက်
ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂
လုံးစီ မြှုပ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်
(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍
ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇
ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich
Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ
အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသား
ထားကြောင်း
သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး
ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ
ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး
သိမ်းဆည်း ထားကြောင်း သိရှိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့် ယဉ်ကျေးမှု အဖွဲ့က ဟန်နိုဗာရွှိ
Gottfried Wilhelm Leibniz စာကြည့်တိုက်သို့ ရောက်ရှိစဉ် အဆိုပါ ရွှေပေ
ရွက်လွှာအား ကြည့်ရှု လေ့လာ ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
မြဝတီ
အေဒီ
၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ
ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ
Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆
ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန်
ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည်
အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်
နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကို
ဖော်ပြထားသည်။
လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုပ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်
(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသား
ထားကြောင်း သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့် ယဉ်ကျေးမှု အဖွဲ့က ဟန်နိုဗာရွှိ Gottfried Wilhelm Leibniz စာကြည့်တိုက်သို့ ရောက်ရှိစဉ် အဆိုပါ ရွှေပေ ရွက်လွှာအား ကြည့်ရှု လေ့လာ ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။