Monday, April 1, 2013

ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့မှ လူသစ်အဓမ္မစုဆောင်း မှုကြောင့် ဒေသခံများ တန့်ယန်းမြို့ပေါ်သို့ ပြောင်းရွှေ့နေ

0 comments
ဧပြီ(၁)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့ပေါ်သို့ မတ်လ လကုန်ပိုင်းတွင် ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း) အဖွဲ့မှ လူသစ်အဓမ္မစုဆောင်းမှုများကြောင့် လွယ်စေး၊ မိုင်းကောင်နှင့် ဟိုမန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်စေး၊ မိုင်းကောင်းနှင့် ဟိုမန်းဒေသများတွင် ပြီးခဲ့သည့် မတ်လအတွင်း ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း) အဖွဲ့မှ စစ်စခန်းများ ကျူးကျော်ဆောက်လုပ်လာမှုကြောင့် နယ်မြေခံ စစ်ကြောင်း များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ကြောက်လန့်နေခဲ့ကြရသည်။ ၎င်းဒေသမှ တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးလာသောအရေအတွက်မှာ မတ်လ(၃၁)ရက်နေ့အထိ အယောက် (၄၀၀)ကျော် သွားပြီဖြစ်ကြောင်း တန့်ယန်းမြို့ဒေသခံများထံမှ သိရသည်။

``ကျွန်တော်တို့ ဒေသတွေမှာ ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့တွေ ရောက်လာပြီးကတည်းက နယ်မြေခံတပ် တွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ အလုပ်လုပ်ဖို့လည်း ဟိုမသွားရ၊ ဒီမသွားရ၊ အမိန့်တွေ ထုတ်ထားတယ်၊ ဆန်တောင်းလိုက်၊ ကျွဲ၊ နွား တွေ လာဖမ်းသွားလိုက်၊ ရွာမှာရှိတဲ့ လူငယ်တွေကို တပ်သားသစ်ခေါ်သွားလိုက်နဲ့ အားလုံး စိတ်ပျက်ကြောက်လန့်နေကြတယ်။ မြို့ပေါ်က လူတွေပြောသံ ကြားတာကတော့ အရှေ့မြောက်ပိုင်း တိုင်းမှူးက ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း) အဖွဲ့က ဆက်ဆံရေး အရာရှိတွေကို ခေါ်ပြီးပြောတော့ သူတို့အဖွဲ့က လုံးဝနောက်မဆုတ်နိုင်ဘူးလို့ ပြန်ပြောတဲ့သတင်းကို ကြားရပါတယ်။ ဒါကြောင့်မို့လို့ ဒီဒေသတွေမှာ ဆက်နေရင် တိုက်ပွဲတွေကြားမှာ သေရင်သေ၊ မသေရင် ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့ဝင် ဖြစ်သွားမှာပါ´´ဟု ထွက်ပြေးတိမ်းရှောင်လာသော မိုင်းကောင် ရွာ မှ ဒေသခံတစ်ဦးက ပြောပြပါသည်။

တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံ(၄၀၀)ကျော်ထဲမှ အချို့မှာမြို့ပေါ်ရှိ ဆွေမျိုး များနှင့် မိတ်ဆွေများထံတွင် နေထိုင်နေကြပြီး ဆွေမျိုး၊ မိတ်ဆွေမရှိသောသူများကို မြို့နယ်အစီ အစဉ်ဖြင့် ရပ်ကွက်(၉)၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးထားပြီး ထွက်ပြေး လွတ်မြောက်လာသော အဖွဲ့များအတွက် အလှူခံဌာနကိုလည်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့မှ လူသစ်အဓမ္မစုဆောင်း
မှုကြောင့် ဒေသခံများ တန့်ယန်းမြို့ပေါ်သို့ ပြောင်းရွှေ့နေ
Monday, April 1, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့ပေါ်သို့ မတ်လ လကုန်ပိုင်းတွင် ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့မှ လူသစ်အဓမ္မစုဆောင်းမှုများကြောင့် လွယ်စေး၊ မိုင်းကောင်နှင့် ဟိုမန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်စေး၊ မိုင်းကောင်းနှင့် ဟိုမန်းဒေသများတွင် ပြီးခဲ့သည့် မတ်လအတွင်း ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း) အဖွဲ့မှ စစ်စခန်း
များ ကျူးကျော်ဆောက်လုပ်လာမှုကြောင့် နယ်မြေခံစစ်ကြောင်း များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ကြောက်လန့်နေခဲ့ကြရသည်။

၎င်းဒေသမှ တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးလာသောအရေအတွက်မှာ မတ်လ(၃၁)ရက်နေ့အထိ အယောက်(၄၀၀)ကျော် သွားပြီဖြစ်ကြောင်း တန့်ယန်းမြို့ဒေသခံများထံမှ သိရသည်။

ကျွန်တော်တို့ ဒေသတွေမှာ ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့တွေ
ရောက်လာပြီးကတည်းက နယ်မြေခံတပ် တွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ အလုပ်လုပ်ဖို့လည်း ဟိုမသွားရ၊ ဒီမသွားရ၊ အမိန့်တွေ ထုတ်ထားတယ်၊ ဆန်တောင်းလိုက်၊ ကျွဲ၊ နွား တွေ လာဖမ်းသွားလိုက်၊ ရွာမှာရှိတဲ့ လူငယ်
တွေကို တပ်သားသစ်ခေါ်သွားလိုက်နဲ့ အားလုံး စိတ်ပျက်ကြောက်လန့်
နေကြတယ်။ 

မြို့ပေါ်က လူတွေပြောသံကြားတာကတော့ အရှေ့မြောက်ပိုင်း တိုင်းမှူး
က ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)အဖွဲ့က ဆက်ဆံရေးအရာရှိတွေကို
ခေါ်ပြီးပြောတော့ သူတို့အဖွဲ့က လုံးဝနောက်မဆုတ်နိုင်ဘူးလို့ ပြန်ပြော
တဲ့သတင်းကို ကြားရပါတယ်။ ဒါကြောင့်မို့လို့ ဒီဒေသတွေမှာ ဆက်နေရင် တိုက်ပွဲတွေကြားမှာ သေရင်သေ၊ မသေရင် ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)
အဖွဲ့ဝင် ဖြစ်သွားမှာပါ´´ ဟု ထွက်ပြေးတိမ်းရှောင်လာသော မိုင်းကောင်ရွာ
မှ ဒေသခံတစ်ဦးက ပြောပြပါသည်။

တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံ(၄၀၀)ကျော်ထဲ
မှ အချို့မှာ မြို့ပေါ်ရှိ ဆွေမျိုးများနှင့် မိတ်ဆွေများထံတွင် နေထိုင်နေကြပြီး
ဆွေမျိုး၊ မိတ်ဆွေမရှိသောသူများကို မြို့နယ်အစီအစဉ်ဖြင့် ရပ်ကွက်(၉)၊
အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးထားပြီး ထွက်
ပြေးလွတ်မြောက်လာသော အဖွဲ့များအတွက် အလှူခံဌာနကိုလည်းဘုန်း
တော်ကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

လွယ်ဆေးတောင်တစ်လျှောက်ရှိ ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း) အဖွဲ့၏ ကျူးကျော်စခန်းတစ်ခု 
လွယ်ဆေးတောင်တစ်လျှောက်ရှိ ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း) အဖွဲ့၏ ကျူးကျော်စခန်းတစ်ခု
Myanmar Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here