Monday, April 1, 2013

တာချီလိတ်မြို့ မယ်ယန်း စစ်ဆေးရေးဂိတ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

0 comments


ဧပြီ(၁)

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မတ်လ(၃၀) ရက်နေ့က တာချီလိတ် (မူးယစ်)အဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များမှ ဘိန်းစိမ်း အထုပ်များ ဖမ်းဆိးရမိခဲ့ကြောင်း သိရသည်။

မတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်(မူးယစ်)အဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့များနှင့် သက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမြို့ဘက်မှ ယာဉ်မောင်း အားပြည့် မောင်းနှင်လာသော ဟွန်ဒါဝေ့ဖ်နက်ပြာရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရာမှ ဘိန်းစိမ်းအထုပ်များ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တရားခံ အားပြည့် လွယ်ထားသည့် ဆင်စွယ်ရောင် ဘေးလွယ်အိတ်အတွင်း ကြွပ်ကြွပ်အိတ် (အဖြူရောင်)ဖြင့် ထုပ်ပိုးထားသည့် ဘိန်းစိမ်း(၂၄၀) ဂရမ်ခန့်ရှိသော ဘိန်းလုံး(၂)လုံး၊ (၁၉၀)ဂရမ် ခန့်ရှိသော ဘိန်းလုံး(၇)လုံး၊ စုစုပေါင်း အလေးချိန်(၂)ကီလိုဂရမ်ခန့် ကာလတန်ဖိုး သိန်း(၂၀)ဖိုးခန့် သိမ်းဆည်းရမိခဲ့သည်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားပြည့် (လွယ်တော်ခမ်း ရွာ)  နေသူအား တာချီလိတ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here