Thursday, April 11, 2013

ချင်းတွင်းမြစ်ရေ အလွန်အမင်းကျဆင်းမှု ကုန်သွယ်ရေးအခက်ကြုံ

0 comments

ဧပြီ(၁၁)

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသများအတွက် ကုန်စည်အဓိက စီးဆင်းမှုရှိနေသော ချင်းတွင်းမြစ်တွင် ယခုလအတွင်း၌ မြစ်ရေ အလွန်
အမင်း ကျဆင်းနေမှုကြောင့် ရေလမ်းသွားလာ ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကုန်သွယ်လုပ်ငန်းရှင် များ၏ ပြောကြား ချက်အရ သိရသည်။

နွေရာသီကာလ မရောက်ခင်က စတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့တွင် ရေခန်းခြောက်ပြီး သောင်ထွန်းနေမှု အများအပြား ဖြစ်ပေါ်နေရာ ချင်းတွင်းမြစ် တွင်လည်း မင်းကင်း၊ ကလေးဝ စသည့် မြစ်အထက်ပိုင်း
တွင် မြစ်ရေ လျော့နည်းမှု ကြောင့် သောင်ထွန်းမှု အများဆုံးဖြစ်ကြောင်း၊ သင်္ဘောများ သွားလာရာတွင် အခက်အခဲများ တွေ့ကြုံရပြီး ကုန်စည်တင် ပို့ရာတွင်လည်း ကုန်ကျစရိတ်မြင့်မားစွာ ကုန်ကျခံကာ ကုန်သွယ်နေရမှုများ ရှိကြောင်း မုံရွာဒေသခံတစ်ဦးက The Voice သို့ ပြောကြားသည်။
"လမ်းခရီးလည်း အရမ်းဖင့် (ကြာမြင့်)တယ်။ တချို့သင်္ဘောတွေဆို သောင်
တင်တာတွေရှိတယ်။ ရှေ့မဆက်နိုင်လို့ ကုန်တွေ အခြားသင်္ဘောပေါ် ကဲ့ရတာ တွေရှိတယ်" ဟု ရွှေဘိုမြို့ ဆန်လုပ်ငန်းရှင် တစ်ဦးက မြစ်ကြောင်း
အတွင်း ရေနည်းပြီး သောင်ထွန်းနေမှုများကြောင့် ကုန်စည် သယ်ဆောင်ရေး သင်္ဘောများ အခက်ကြုံ တွေ့ရပုံကို ပြောဆိုသည်။

မြစ်ရေကျဆင်းမှုသည် ဧပြီလ ၁၀ ရက်နေ့ နံနက်တိုင်းထွာချက်များအရ မုံရွာမြို့တွင် ရေနည်းသတိပေး မှတ်အောက် ၅၂စင်တီမီတာသို့ ရောက်ရှိ
နေပြီး ဇလဗေဒ ခန့်မှန်းချက်များအရ ဧပြီလ၂၀ ရက်နေ့ အထိ ရေနည်း
သတိပေးမှတ် ၁၀၀ စင်တီမီတာအောက်အထိ ဆက်လက် ကျဆင်းနေ
ဦးမည် ဖြစ်၍ ရေလမ်းကြောင်း သွားလာရေးတွင် အခက်အခဲကြုံတွေ့မည်
ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဇလဗေဒဌာနခွဲ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အရင် ၄၆ စင်တီမီတာကနေ အခု ၅၂ ဆိုတော့ ရေတောင် ပြန်တက်
လာတယ်လို့ ပြောလို့ရတယ်" ဟု ၄င်းကဆိုသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here