Monday, April 1, 2013

မိုင်းဆတ်-တာချီလိတ် ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်ပြီး(၁)ဦး သေဆုံး

0 comments
ဧပြီ(၁)



ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၊ မိုင်းတွမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် မတ်လ(၃၁)ရက်နေ့က လိုင်စင်မဲ့ ယာဉ်တစ်စီး လမ်းဘေးချောက်ထဲကျ တိမ်းမှောက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် မိုင်းဆတ်မြို့မှ ဦးဆမ်ဘလောက် မောင်းနှင်လာသော ယာဉ်အမှတ်၊ ၃ဂ/၂၄၅၇ ဖော်ကျူးနား အဖြူရောင်(လိုင်စင်မဲ့) ယာဉ်သည် မိုင်းတွမ်းဂိတ်အကျော်တွင် ၀ဲဘက်နောက်ဘီး ပေါက်ပြီး လမ်းဘေးချောက်ထဲ ကျသွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင် ပါရှိသည့် အိုက်ဆမ်သည် နဖူးတွင် ဒဏ်ရာရရှိ သေဆုံးသွားခဲ့ကြောင်းနှင့် အိုက်ကြီးနှင့် ဦးဆမ်ဘလောက် တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အထက်ပါ ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်း ဦးဆမ်ဘလောက်အား မိုင်းတွမ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here