Monday, April 1, 2013

အောင်ပန်းမြို့တွင် အရက်အတူသောက်ရာမှ ရန်ဖြစ်ပြီး ပုလင်းကွဲဖြင့် ထိုးမှုဖြစ်ပွား

0 comments


ဧပြီ(၁)

 
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ရပ်ကွက်(၃)ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မတ်လ(၃၁) ရက်နေ့က တစ်ရက်ကွက်တည်း အတူနေသူနှစ်ဦး အရက်သောက်ရာမှ စကားများရန်ဖြစ်ပြီး ပုလင်းကွဲဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်နေသူ မျိုးမင်း(ဆံသလုပ်ကိုင်သူ)နှင့် တစ်ရပ်ကွက်တည်းနေ အေးကို (ကျပန်း လုပ်ကိုင်သူ)တို့သည် မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းတွင် ရပ်ကွက်(၃)ရှိ `ခေတ်လိုက်´ စားသောက်ဆိုင် တွင် အရက်အတူသောက်ပြီး စကားများကြရာမှ မျိုးမင်းသည် အရက်ပုလင်းအား ရိုက်ခွဲကာ ပုလင်းကွဲစဖြင့် ထိုးသွင်းခဲ့သဖြင့် အေးကို ၀မ်းဗိုက်နှင့် ကျောကုန်းတို့ ဒဏ်ရာများ ရရှိသွား ခဲ့ခြင်း ဖြစ်သည်။

စားသောက်ဆိုင်မှ လူများက အေးကိုအား တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ပုလင်းကွဲဖြင့် ထိုးသွင်းခဲ့သူ မျိုးမင်းအား အောင်ပန်းရဲစခန်းမှ ဖမ်းဆီးကာ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here