“မောင်တိုးလေး... မင်းဖေဖေနဲ့ မေမေ ညကျရင် ဘယ်လိုအိပ်သလဲကွ...
မင်းသိလား...“
“ဟီး...ဟီး...သိတာပေါ့ဗျာ.... ကျွန်တော်နဲ့ တူတူအိပ်တာပဲဟာ....
“ဟုတ်လား...အဲဒါဆို အစ်ကိုတို့ကို ပြောပြပါလား...“
“ဟာဗျာ... ပြောစရာလားဗျ...မပြောချင်ပါဘူး. ...“
“ပြောပါကွ... မောင်တိုးလေးက လိမ္မာပါတယ်....“
“ဟာဗျာ... မပြောရဲပါဘူးဗျာ... သွားတော့မယ်...ဗိုက်ဆာလာပြီ.... .“
“နေပါဦး မောင်တိုးလေးရ...ကိုကြီးတို့ မုန့်ဝယ်ကျွေးမှာပေါ့...
မင်းကြိုက်သလောက်စား....“
....
“ကဲ.. မောင်တိုးလေး.. စားပြီးပြီဆို ပြောပြတော့လေ...ဟီး..ဟီး..“
“ပြောဆိုလည်း ပြောပြရတာပေါ့ဗျာ... အမေက စောင်လေးခြုံပြီး အိပ်တယ်ဗျ...အဖေကတော့
လက်နှစ်ဘက်ကို ပေါင်ကြားထိုးပြီး ကွေးကွေးလေး အိပ်တယ်ဗျ....“
“ကောင်းကွာ...“

“ဟာဗျာ... ပြောစရာလားဗျ...မပြောချင်ပါဘူး.
“ပြောပါကွ... မောင်တိုးလေးက လိမ္မာပါတယ်....“
“ဟာဗျာ... မပြောရဲပါဘူးဗျာ... သွားတော့မယ်...ဗိုက်ဆာလာပြီ....