Monday, April 29, 2013

ကမ္ဘာ့ဈေးကြီး Ferrari FF လည်း ဒူဘိုင်းမှာ ရဲကား ဖြစ်နေ

0 comments

ဧပြီ(၂၉)

အရင်တစ်ခေါက်က Lamborghini LP ကမ္ဘာ့အမြန်ဆုံး၊ ဈေးအကြီးဆုံး ကားတစ်မျိုးက ဒူဘိုင်းမှာ ရဲကား ဖြစ်နေတာကို ပြခဲ့ပါတယ်။ ဒီတစ်ခါ ပြမယ့် ကားကတော့ Ferrari FF ပါ။သူလည်းဈေးကြီးတယ်နော။ အမေရိကန်ဒေါ်လာ ၃ သိန်းအထက်မှာ ရှိပြီး ၂၀၁၁ ခုနှစ်မှာ အစီးရေ ၈၀၀ သာ ထုတ်ရောင်းပြီး နှစ်စဉ် အစီး ၁ ထောင်ထက် ပိုမရောင်းပါဘူး။ တစ်နာရီ မိုင် ၂၁၀ အထက်ပြေးတော့ ဘယ်ပြော
ကောင်းမလဲ။ ကမ္ဘာ့အမြန်ဆုံးကားများ စာရင်းထဲမှာ ပါဝင်တာပါပဲ။


အာရပ်စော်ဘွားနိုင်ငံ ကမ္ဘာ့အလှပဆုံး မြို့ စာရင်းဝင်တဲ့ ဒူဘိုင်းမှာ ရဲများစီးဖို့အတွက် ကန်ထရိုက်နဲ့ ဝယ်ထားတာပါ။ ၂၀၁၁ ခုနှစ် အစီးရေ ၈၀၀ ထုတ်တုန်းက အများစုဟာ ဒူဘိုင်းကိုရောက်သွား တာပါ။
အီတလီ Ferrari ကုမ္မဏီကလည်း အစီးရေအမြောက်အများ မှာယူတဲ့ အတွက် ရဲကား ပုံစံ ဖြစ်အောင် အပြင်မှာ အရောင်အဆင်းနဲ့ အင်ဂျင် တို့ကို သေချာ စီမံပေးပါတယ်။ တစ်နာရီ မိုင် ၂၁၀ ထက်တောင် များအုံးမှာ ကြိမ်းသေပါတယ်။ ဒူဘိုင်းမှာ ခပ်ကြမ်းကြမ်းမောင်းတဲ့ ကားတွေကို အမိဖမ်းဖို့ ဖြစ်ပါတယ်။

Lamborghini, Ferrari အပြင် Bugatti လည်း ဒူဘိုင်းမှာ ရဲကား အဖြစ် အသုံးပြုကြောင်း သိရပါတယ်။
 

Ref: autoblog  ColayOnline:Automobile

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here