Sunday, May 26, 2013

မန္တလေး စိန်ဈေးကွက်၌ ဘယ်လ်ဂျီယံစိန်ထက် အိန္ဒိယစိန်ဖြူ အရောင်းအ၀ယ်သွက်နေ

0 comments

မေလ ၂၆ ရက်
 

မန္တလေးမြို့ရှိ စိန်ရွေတနာ အရောင်းဆိုင် တစ်ဆိုင်ရှိ စိန်ထည်လက်ဝတ် ရတနာများအား တွေ့ရစဉ် 
 
မန္တလေး စိန်ဈေးကွက်အတွင်း ၀င်ရောက်လေ့ရှိသည့် ဘယ်လ်ဂျီယံစိန်နှင့် အိန္ဒိယစိန် နှစ်မျိုးအနက် အရည်အသွေးနှင့် ဈေးနှုန်းသင့်တင့်သော အိန္ဒိယစိန်များ ပိုမိုအရောင်းအ၀ယ် သွက်နေကြောင်း စိန်ရွှေရတနာ ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေး စိန်ဈေးကွက် ပျှမ်းမျှပေါက်ဈေးမှာ တစ်ရတီလျှင် ကျပ် ၂ သိန်းမှ ၃ သိန်းခန့် ရှိနေပြီး စိန်ဈေးကွက် အခြေအနေနှင့် ပတ်သက်၍ တံခွန် စိန်ရွှေရတနာဆိုင်မှ မမေစိုးက "မန္တလေး စိန်ဈေးကွက်ကို ဘယ်လ်ဂျီယံနဲ့ အိန္ဒိယ ဘုံဘေက၀င်တဲ့ စိန်တွေရှိရာမှာ ဘယ်လ်ဂျီယံစိန်က အရည်အသွေး ကောင်းသလို ဈေးလည်းကောင်းတာမို့ ဆယ်ဦးတစ်ဦးလောက်ပဲ ၀ယ်လက်ရှိတယ်။ အိန္ဒိယစိန်က ဈေးသင့်တင့်လို့ ပုံမှန်အရောင်းအ၀ယ် ကောင်းတယ်။ စိန်ဖြူ(စံပယ်ရည်) က လူသုံးများပြီး အရောင်းအ၀ယ် ပိုသွက်တယ်" ဟု ပြောသည်။

စိန်ဈေးနှုန်းများမှာ ၁၀ လုံးစီးဆိုပါက အရည်အသွေးပေါ် မူတည်ကာ နှစ်သိန်းဝန်းကျင်မှ ရှစ်သိန်းခန့်၊ ၄၀ စီးမှာ တစ်သိန်းခွဲခန့်မှ ခုနစ်သိန်းခန့်ရှိပြီး ဘယ်လ်ဂျီယံစိန် သုံးလုံးစီးမှာ ၁၃ သိန်းခွဲခန့် ရှိနေချိန်တွင် အိန္ဒိယစိန် သုံးလုံးစီးမှာ သုံးသိန်းခွဲ၊ လေးသိန်းခန့် ရှိသည်။

"အရောင်းအ၀ယ်က အလတ်စားစိန် အမျိုးအစားတွေပေါ့။ အများစုက အညံ့စားစိန်ကိုကျတော့ မကြိုက်ကြသလို အကောင်းစားစိန် ကျတော့လည်း မတတ်နိုင်ကြဘူး။ အရည်အသွေးပေါ် မူတည်ပြီး ပုံမှန်အရောင်းအ၀ယ် ကောင်းတာကတော့ အလတ်စားစိန်ပါ" ဟု စိန်ရွှေရတနာ ရောင်းချသူ တစ်ဦးက ပြောသည်။

အရောင်းအ၀ယ်သွက်သော အိန္ဒိယ စိန်ဖြူ (စံပယ်ရည်) အကောင်းလေးဆယ်စီး (တစ်ရတီ) လျှင် နှစ်သိန်းကျော်၊ အလတ်ပွင့်မှာ နှစ်သိန်းအောက်သို့ ဈေးရှိနေပြီး အညံ့ပွင့်များကို နယ်ဝယ်လက်ရှိသော စိန်ပွဲစားများ အဆွဲများနေကြောင်း သိရသည်။

EMG


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here