Sunday, May 26, 2013

ပြည်သူလူထု အထင်အမြင် လွဲမှားစေမည့် ကိစ္စရပ်များအား အထူးရှောင်ကြဉ်ကြရန် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

0 comments

မေလ ၂၆ ရက်

ပြည်သူလူထု အထင်အမြင် လွဲမှားစေမည့် ကိစ္စများကို အထူးရှောင်ကြဉ်ကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၂၁ ရက်တွင် ကျောက်ပန်းတောင်းတပ်နယ်မှ အရာရှိ စစ်သည်မိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စစ်ရေးအရ အောင်မြင်မှုသည် တပ်တစ်တပ်၏ မှတ်ကျောက်ပင်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရေးအတွက် လေ့ကျင့်သား ပြည့်ဝအောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ပညာရည်မြင့်မားမှ နည်းပညာ မြင့်မားသော စစ်အသုံးအဆောင် ပစ္စည်းများအား ကိုင်တွယ်အသုံးပြု နိုင်မည်ဖြစ်၍ စစ်သည်များ ပညာရေးမြင့်မားရေး အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်၍ ပြည်သူနှင့် တစ်သားတည်း ဖြစ်နေအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိအောင် ဆောင်ရွက်ပြီး လိုက်နာစောင့်ထိန်း သွားကြစေလိုကြောင်းလည်း . . . . .
ထို့နောက် မေ ၂၂ ရက်က မကွေးတပ်နယ်ရှိ အောင်နိုင်ဟိန်းခန်းမ၌ အမှတ် (၈၈) ခြေမြန်တပ်မ ဌာနချုပ်မှ အရာရှိစစ်သည် မိသားစုများနှင့် တွေ့ဆုံရာတွင်လည်း နိုင်ငံတော် ကာကွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ပြီး ပြည်သူလူထုက အားကိုးသော တပ်မတော်တစ်ရပ်ဖြစ်အောင် လုပ်ဆောင်သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်၍ ပြည်သူနှင့် တစ်သားတည်း ဖြစ်နေအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိအောင် ဆောင်ရွက်ပြီး လိုက်နာစောင့်ထိန်း သွားကြစေလိုကြောင်းလည်း ၎င်းက ပြောကြားသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်သော လုပ်ငန်းတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်မည် ဟူသောစိတ်အား အမြဲမွေးမြူ သွားကြစေလိုကြောင်း၊ အဆင့်အတန်းအားလုံး ကိုယ်စီတာဝန် သိရှိပြီး မိမိ၏ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြစေလိုကြောင်းလည်း ဆက်လက်ပြောကြားသည်။

တပ်မတော်သားများ အနေဖြင့် အရက်သောက်သုံးမှု မပြုကြရန်နှင့် ကွမ်း၊ ဆေးလိပ် သုံးစွဲမှုတို့အား လုံးဝရှောင်ရှားကြပြီး ကျန်းမာရေး လိုက်စားကြရန်လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here