Wednesday, June 26, 2013

မိုင်းရယ်မြို့နယ်အတွင်းရှိ တောင်သူ(၂၂၂)ဦးအား စိုက်ပျိုးရေးစရိတ် သိန်းသုံးထောင်ကျော်ထုတ်ချေးပေး

6 comments
ဇွန်လ ၂၆ ရက်

ဇွန်လ၂၄ရက်နေ့ကလားရှိုးခရိုင်မိုင်းရယ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မန်နေဂျာ မြန်မာစီးပွားရေးဘဏ်ခွဲမန်နေဂျာမြန်မာ့စိုက်ပျိုးရေးဘဏ်မန်နေဂျာတို့ပါဝင်သောအဖွဲ့သည်မိုင်းရယ်မြို့နယ်ရှိတောင်သူများအားမိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခဲ့ရာစပါးစိုက်တောင်သူတစ်ဦးလျှင်တစ်ဧကငွေကျပ်(၁)သိန်း ပာင်းစိုက်တောင်သူတစ်ဦးလျှင်တစ်ဧကငွေကျပ်(၂)သိန်းနှုန်းဖြင့်မိုင်းရယ်မြို့နယ်ရပ်ကွက်(၁)မှတောင်သူ(၅၇) ဦးအား(311,000,000)ကျပ်၊ရပ်ကွက်(၂)မှတောင်သူ(၂၁)ဦးအား(8,500,000)ကျပ်ရပ်ကွက်(၃)မှ တောင်သူ (၃၁)ဦးအား(16,500,000)ကျပ်နားဗျိုင်းကျေးရွာအုပ်စုမှတောင်သူ (၄၉)ဦးအတွက် (15,420,000)ကျပ်၊ လုတ်ခိုက်ကျေးရွာမှတောင်သူ(၆၄)ဦးအားထုတ်ချေးငွေ(25,800,000)ကျပ်၊တောင်သူစုစုပေါင်း (၂၂၂)ဦး အတွက် (377,220,000)ကျပ်တို့အား တောင်သူများသို့ ထုတ်ချေးခဲ့ကြောင်း သိရသည်။

လားရှိုးသား

6 Responses so far.

  1. Unknown says:

    ကျေးဇူးပြု၍တင်ပေးပါခင်ဗျာ
    ရှမ်းပြည်တောင်ပိုင်း။တောင်ကြီးမြို့ နယ်။ရွှေညောင်မြို့  အနောက်ပိုင်း လွိုင်မင်းစဉ် ဘုရားအနောက်ပိုင်း။ဖက်နမ်ရွာသွားလမ်းဘေးတွင်ရှိသော အရက်ချက်စက်ရုံ ကြီးမှ နေ့ စဉ် အနံ့ ဆိုးများ ထွက်လျက်ရှိပြီး ပတ်ဝန်းကျင်အားညစ်ညမ်းစေလျက်ရှိပါသည်။မိုးရွာခြင်းနှင့်လေအနည်းငယ်တိုက်ပါက မိုင်ဝက်ခန့် ဝေးသောရွှေညောင်ဘူတာရပ်ကွက်သို့ ပါအနံ့ ဆိုးများရောက်ပါသည်။အနီးရှိ ရွာသူရွာသားများမှာ အိပ်ချိန်ဆိုလျင် ပုဝါ တဘက်စသည်များ ကိုယ်စီစည်းနှောင်ကာ အိပ်စက်ရပါသည်။ ရွာသားများမှာ သက်ဆိုင်ရာရုံးများသို့ တိုင်တန်းထားသော်လည်းမည်သည့်အရေးယူမှုမျှလုပ်ဆောင်ခြင်းမရှိခဲ့ပါ။ထို့ ကြောင့် ရွာသူရွာသားများ မှစုပေါင်းဆန္ဒ ဖေါ် ထုတ်ရန်တောင်းဆိုထားရာတွင်လည်း ခွင့်မပြုခဲ့ပါ ထို့ အတွက်ရှမ်းပြည်နယ် လေထုသန့် စင်ရေးနှင့် ပြဿနာများ မကြီးထွားရေးအတွက်အကူအညီတခုခုကိုမျှော်လင့်စွာဖြင့် ဤစာကိုပို့ လိုက်ပါသည် ခင်ဗျာ လိုအပ်ပါက ဓါတ်ပုံများပေးပို့ ပါမည်
    မိမိစာမိမိတာဝန်ယူပါသည်
    ရွာသူရွာသားများအားလုံးကိုယ်စား

  2. Unknown says:

  3. Unknown says:

  4. Unknown says:

  5. Unknown says:

  6. Unknown says:

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here