Tuesday, June 11, 2013

လားရှိုးမြို့ မန်ပျဉ်ကျေးရွာအုပ်စု မန်ခိုင်ရွာမှ (၁၇)နှစ်အရွယ် သမီးပျိုတစ်ဦး လူကုန်ကူးခံရ

0 comments

ဇွန်လ ၁၁ ရက်
 

လားရှိုးမြို့မန်ပျဉ်ကျေးရွာအုပ်စုမန်ခိုင်ရွာမှဒေါ်အေးနွန်သည်နေအိမ်၌ရှိနေစဉ်ခင်မင်ရင်းနှီးသူဟိုပိတ်အုပ်စု ကောင်းစံရွာနေမအေစံ(၃၇)နှစ်မှမအေးရှန်အားဟိုပိတ်အုပ်စုကောင်းကျဲကျေးရွာအလုပ်လုပ်ရန် ခေါ်ဆောင် သွားကြောင်းသိရပါသည်။ 

မအေးစံသည်ဇွန်လ၂ရက်နေ့ကပြန်လည်ရောက်ရှိပြီးမအေးရှန်မှာ တရုတ်ပြည်၌ ရှောင်ဟန်ဆိုသူနှင့် လက်ထပ်လိုက်ကြောင်းပြောပြီး ၄င်းမိခင်အားငွေကျပ်၁၅သိန်းနှင့်တရုတ်ဖုန်းတစ်လုံးပေး ခဲ့ကြောင်း သိရပါသည်။

မိခင်ဖြစ်သူမှသမီးထံသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာ မအေးစံမှတရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားပြီး ယွမ်(၃၈၀၀)ဖြင့်ရောင်းစားခံခဲ့ရပြီးမည်သည့်နေရာကိုရောက်ရှိနေသည်ကိုမသိကြောင်းနှင့် ပြန်လိုသည်ဟု ပြောသောကြောင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့သို့ တိုင်ကြားခဲ့ကြောင်းသိရပါသည်။ တာဝန်ရှိသူ များမှ မအေးစံအားစစ်ဆေးရာဒေါ်အေးနွန်၏သမီးဖြစ်သူမှအလုပ်ရှာပေးရန်ပြောဆိုထားသဖြင့် တရုတ်နိုင်ငံ တွင်အလုပ်လုပ်လျင်တရက်ယွမ်(၅၀)ရမည်ဖြစ်ပြီးကောင်းကောင်းနေရမည်ဟု ပြောဆိုစည်းရုံး၍ ချင်းရွှေဟော် ခိုးပေါက်မှ တစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်ကာ မိန်းတိန်းမြို့ အနီးရှိ ခရမ်းသီးခြံတွင် ၁၀ ရက် လုပ်ကိုင်နေထိုင်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသား လူပွဲစား နန်းအေးကပ်ဆိုသူမှ ဆက်သွယ်ပေးသဖြင့်မအေးရှန် အားတရုတ်နိုင်ငံသားရှောင်ဟန်နှင့် ပေးစားခဲ့ကြောင်းနှင့် နန်းအေးကပ်မှတရုတ်ငွေယွမ်(၁၅၀၀၀) မြန်မာကျပ်သိန်း(၂၀)ရ၍မအေးစံမှ(၅)သိန်းယူထားပြီးကျန်ငွေ ၁၅သိန်း အား ဒေါ်နန်းအေးနွန်ထံသို့ ပေးခဲ့ ကြောင်းပြောပါသည်။

မအေးစံအား မြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်းသိရပါသည်။ 

ရွှေလားရှိုး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here