ဇူလိုင်လ(၃၀)ရက်
အနုပညာအလုပ်ကိစ္စနဲ့ဖြစ်စေ၊ လူမှုရေးကိစ္စအဝဝနဲ့ဖြစ်စေ၊ အနု ပညာရှင်တွေဟာ ခရီးဝေးထွက် ကြရသလို မိမိနေထိုင်ရာ မြို့နယ်ဒေသ မှာလည်း ခရီးသွားဆောင်တာအဖြစ် ကိုယ်ပိုင်မော်တော်ယာဉ် ထားရှိပြီး ကားဒရိုင်ဘာကိုယ်စီထားရှိကြပါတယ်။
ဒါကြောင့် အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်မော်တော် ယာဉ်တွေကို မောင်းနှင် ခဲ့ကြတဲ့ ကားဒရိုင်ဘာတွေရဲ့ လမ်းခရီးအတွေ့အကြုံတွေ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကိုယ်တွေ့ကြုံတွေ့ရမှုတွေကို စုစည်းဖော်ပြလိုက်ပါသည်။
►ဒါရိုက်တာ ကြည်ဖြူသျှင်ယာဉ်မောင်း-ကိုအေးကျော်
"အနုပညာရှင်ဆိုတာက သာမန်လူနဲ့မတူတော့သူတို့ကို ယာဉ်မောင်း ပို့ရတဲ့အခါမှာ ပိုပြီး တော့ သတိထားရတယ်။ ဂရု စိုက်ပြီးတော့မောင်းရ တယ်။ ပြီး တော့ ကိုယ့်ကြောင့် တစ်ခုခုဖြစ် သွားရင် သူတို့ ရဲ့အလုပ် ကိစ္စမှာ နှောင့်နှေးမှာစိုးတဲ့အတွက် အတတ် နိုင်ဆုံးသတိထားရပါတယ်။ ယာဉ် မောင်းတစ်ယောက်အနေနဲ့ အမြဲ တမ်းတော့ သတိကပ်ထားရ တယ်။ မျက်စိ၊ နား၊ လက်၊ ခြေ အကုန်လုံးကိုသတိထားရတယ်။
ဘာပဲဖြစ်လာဖြစ်လာ ကိုယ့် ဘက်က အဆင်သင့်ဖြစ်အောင် တော့ သတိထားရတယ်။ နယ် ဘက်တွေကိုသွားရတဲ့အခါမှာ ဆိုပိုသတိထား ရတယ်။ ဘာ ဖြစ်လို့လဲဆို တော့ ရန်ကုန် တွင်း မှာ လို မျက်စိ၊နား သိပ် ပြီးမရှုပ်တော့ မောင်းရတာ တအား လွတ်လပ်တယ်။ အဲဒီအတွက် ပိုပြီးသတိထားမောင်းရတယ်။ ကိုယ့်ရဲ့စိတ်ကလည်း ပိုပြီးလွတ် လပ်သွားတဲ့အတွက် အတွေးလွန် တာမျိုးတွေရှိတတ်တယ်။ မောင်းရ တာကတော့နေ့ပဲဖြစ်ဖြစ်၊ ညပဲဖြစ် ဖြစ် ကိုယ့်ဘက်က သတိရှိဖို့က အရေးကြီးတယ်။နယ်ကို သွားရ မယ်ဆိုရင်အဓိကအနေနဲ့ စစ်ဆေး ဖြစ်တာက အင်ဂျင်ဝိုင်၊ ရေတွေ ဘာတွေ ပြန်ပြီးကြည့်ရတယ်။
ပြီးတော့နောက်တစ်ခုက တာရာလေ ပေါင်ကို ထွက်ခါနီးကို ကပ်ပြီး တော့ လေပေါင်တွေကို စစ်ဆေး တယ်။နယ်ကို သွားမယ်ဆို ရင် လေ ပေါင်လေးကိုတော့ အဓိကထားပြီး ချိန်တယ်။ဟိုင်းဝေးဆိုရင် အဓိက ကတော့လေပေါင်လေးချိန်ပြီး ထွက်ကြပါလို့အကြံပေးပါတယ်"