သြဂုတ်လ(၇)ရက်

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဝန်းကျေးရွာနေ အသက် (၄၀)နှစ်အရွယ် ဦးလော်အေးသည် နေမကောင်းဖြစ်နေ၍ ဆေးဝါးကုသရန်အတွက် အကူအညီလိုအပ်နေသည်ဖြစ်ရာ မဇ္ဈိမလူမှုကူညီရေးအသင်းသို့ ဆက်သွယ်အကူအညီတောင်းခံလာသည့်အတွက် သြဂုတ်လ ၃ရက်နေ့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသစေခဲ့ပါသည်။
ဆေးဝါးကုသမှုခံယူနေသော ဦးလော်အေးသည် သြဂုတ်လ ၅ရက်နေ့က ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် ဆေးရုံမှ နေအိမ်သို့ ဆင်းခွင့်ရခဲ့ပါသည်။
ဆေးဝါးကုသရန်အတွက် အခက်အခဲဖြစ်သော ဦးလော်အေးအား မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဆေးရုံတက်နေစဉ်ကာလအတွင်း ဆေးဝါးသကုစရိတ်အဖြစ် ထိုင်းဘတ်ငွေ ၂၁၉၉ဘတ်အား အကုန်အကျခံကာ နာမှုကူညီရေးအဖြင့် ကူညီထောက်ပံ့ခဲ့ပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း