အလုပ်ပြောင်းရွှေ့ရန်အတွက်မှာ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက်တော့ ထပ်တူကျ ညီမျှသော ပုံစံမျိုးဖြစ်မလာနိုင်ပါ။ လက်ရှိအခြေကျနေသော နေထိုင်မှုပုံစံမှ အခြားတစ်ခုသို့ အလွယ်တကူပြောင်းရွှေ့ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ မြန်မာစကားပုံမှာလည်း “တစ်ရွာမပြောင်း...သူကောင်းမဖြစ
ဒါကြောင့် အလုပ်သစ် (ဒါမှမဟုတ်) နေရာဒေသသစ်မှာ အလုပ်ပြောင်းလုပ်မယ့်သူတွေ မရွှေ့ပြောင်းခင်ဘာတွေ စဉ်းစားဖို့လိုလဲ ဆိုတဲ့ အချက် ၂၀ ကို Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အတိုင်း ဆီလျော်အောင် ဘာသာပြန်ဆို ဝေမျှပေးလိုက်ပါတယ်။
(၁) အခုပြောင်းလုပ်မယ့်အလုပ်ကို ငါတကယ် သဘောကျ နှစ်သက်ရဲ့လား ?
မစဉ်းစားလို့မဖြစ်တဲ့ မေးခွန်းတစ်ခုပါ။ ကိုယ်ဝါသနာပါ သဘောကျတဲ့ အလုပ်ဆို တိုးတက်ဖို့ အခွင့်အရေးဆိုတာ လက်တကမ်းမှာပါပဲ။
(၂) ငါအဲ့ဒီဒေသမှာ ရေရှည်နေထိုင်နိုင်ပါ့မလား ?
တချို့အလုပ်တွေဆိုရင် ရေရှည်နေထိုင်ရနိုင်ပါတယ်။ ဥပမာ Project တစ်ခုကြောင့် ကုမ္ပဏီက စေလွှတ်ခံရခြင်းမျိုး၊ အစိုးရဋ္ဌာန အပြောင်းအရွှေ့ကြောင့် ပြောင်းရမယ့်သူမျိုးတွေစဉ်းစားရ
(၃) ပြောင်းရွှေ့စရိတ်အတွက် ဘယ်သူ အကုန်အကျခံပေးမှာလဲ ?
ကိုယ်တစ်ယောက်ထဲသွားရမှာဆိုရင်
(၄) အလုပ်ပြောင်းရွှေ့လုပ်ကိုင်မယ့်ေ
အရမ်းကို အရေးကြီးပါတယ်။ “အိတ်ပေါက်နဲ့ဖားကောက်” ဆိုတဲ့ စကားပုံကြားဖူးတယ်ဟုတ်၊ နိုင်ငံခြားသွားမယ့်သူတွေစဉ်းစာ
(၅) ပြောင်းရွှေ့လုပ်ကိုင်မယ့် ကုမ္ပဏီနဲ့ ရရှိမယ့်ရာထူးက တက်လမ်းရှိရဲ့လား ?
တက်လမ်းဆိုတာ လူတစ်ယောက်အတွက် အရေးကြီးတဲ့ အချက်တစ်ခုပါ။ အခွင့်အရေး အများကြီး ရှိမယ်။ အဆင်ပြေမယ်ဆိုရင်တော့ အကောင်းဆုံးပါ။
(၆) ပြောင်းရွှေ့လုပ်ကိုင်မယ့် အလုပ်ကြောင့် ကိုယ်ဘာတွေ အကျိုးရှိမလဲ ?
နံပါတ် ၅ လိုပါပဲ။
(၇) ကုမ္ပဏီအသစ် (သို့မဟုတ်) ဒေသအသစ်မှာ ကိုယ်ကိုတိုင်နဲ့ ကိုယ့်မိသားစု အဆင်ပြေပါ့မလား ?
နေရာဒေသ အသစ်ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်နိုင်ငံတွင်းမှာ ကိုယ်ဆိုရင်တော့ ကိစ္စသိပ်မရှိပါဘူး။ ကျွန်တော်တို့ လူမျိုးတွေကိုယ်တိုင်ကိုက ခင်ခင်မင်မင်နေထိုင်တတ်တဲ့ စရိုက်ရှိလို့ပါ။ ဒါပေမယ့် နေထိုင်မှုပုံစံ လုံးဝကွာခြားတဲ့ နေရာဒေသမျိုးဆိုရင်တော့ စဉ်းစားရမှာပါ။ ပြီးတော့ လုံခြုံရေး အခြေအနေ၊ ဟိုတလောက မောင်တောမှာ စာသင်ကျောင်းတွေ့ ပြန်ဖွင့်တာတောင် တာဝန်ကျ ဆရာဆရာမ တွေ သွားဖို့ငြင်းဆန်တဲ့ အနေအထားမျိုးပေါ့၊ သတိထားဖို့ အချက်က ပိုက်ဆံဆိုတာ မသေမချင်း ရှာလို့ ရပါတယ်။ ကျန်းမာရေး နဲ့ အသက်ကတော့ အစားထိုးပြန်မရနိုင်ပါဘူး။
(၈) ပတ်ဝန်းကျင် အသစ်မှာ မိတ်ဆွေ အပေါင်းအသင်းသစ်ရဖို့ လွယ်ပါ့မလား ?
ဒါလဲခုနက ကျွန်တော်ရှင်းပြတဲ့ အချက်နဲ့ အတူတူပါပဲ။
(၉) အလုပ်သစ်မှာ လုပ်ကိုင် ခြင်းကလက်ရှိ လုပ်ကိုင်နေတဲ့ ရာထူး၊အလုပ်ထက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးနိုင်ပါ့မလား ?
နံပါတ်-၅ အချက်နဲ့ သိပ်မကွာတဲ့ မေးခွန်းတစ်ခုပါပဲ။
(၁၀) အလုပ်သစ်ကို ပြောင်းလုပ်လို့ ရရှိလာမယ့် အကျိုးကျေးဇူး
လူဆိုတာ ကိုယ်ကျိုးကို အရင်စဉ်းစားရမှာ ထုံးစံပါ။ ဥပမာ အလုပ်သစ်က ပိုကောင်းသလို ထင်ရပေမယ့် တက်လမ်း မရှိတဲ့ အလုပ်မျိုးများ ဖြစ်နေမလား။ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့လိုတဲ့ အချက်တစ်ခုပါ။
(၁၁) အလုပ်သစ်ကိုပြောင်းရွှေ့ပြီး အဲ့ဒီမှာ ထူးချွန်ထင်ရှားအောင် လုပ်ပြနိုင်ပါ့မလား ?
တကယ်တမ်းဆိုရင် အလုပ်သစ်ဆိုတာ စိန်ခေါ်မှု တစ်ခုပါ။ ကိုယ်ပြောင်းရွှေ့သွားပြီဆို ကုမ္ပဏီဟောင်းက လူတွေကလဲ တွေ့ရင်မေးမယ်၊ အလုပ်သစ်က လက်ရှိလူဟောင်းတွေကလဲ လူသစ်ဆိုပြီး အာရုံစိုက်လေ့လာ ကြမယ်ပေါ့။ အဲ့လို ဖိအားများတဲ့ အခြေအနေမျိုးမှာ အဆင်ပြေပြေ လုပ်ပြနိုင်မလား။ ဒါမျိုးပေါ့.။
(၁၂) ဒေသပြောင်းရွှေ့မယ်ဆို အဲ့ဒီဒေသမှာ အလုပ်အပြင် ဘာတွေ လုပ်လို့ ရသေးလဲ ?
Outside တော့မဟုတ်ဖူးပါ့ဗျာ။ အလုပ်အပြင် တခြားသွားစရာ၊ လည်ပတ်စရာ၊ အပမ်းဖြေစရာ နေရာမျိုးပေါ့။ ဒါမျိုးကိုဆိုလိုတာပါ။
(၁၃) ကိုယ်ထားခဲ့ရမှာ ဘာတွေလဲ၊ ပြန်ရမှာ ဘာတွေလဲ ?
အဓိက က နှစ်ခုယှဉ် စဉ်းစားစေချင်တာပါ။ ဘာတွေ ကွာခြားချက်ရှိလဲဆိုတာမျိုးပေါ့
(၁၄) အပြောင်းအလဲမှာ လိုက်လျောညီထွေ နေနီုင်ပါ့မလား ?
အပြောင်းအလဲဆိုတာက တစ်ချိန်မဟုတ်တစ်ချိန်တော့ လူတိုင်းကြုံရမှာပါပဲ။ ရှောင်လွှဲလို့ မရရနိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲမှာ ကိုယ်က အဆင်ပြေပြေ နေသွားနိုင်မှာလား… ဒါမျိုးပေါ့။
(၁၅) မိသားစုလိုက် ပြောင်းရွှေ့ရမယ်ဆိုရင် ကလေးတွေကို ကျောင်းထားဖို့ အဆင်ပြေပါ့မလား ?
မိသားစုလိုက်ပြောင်းမယ့်သူတွေ ထည့်သွင်းစဉ်းစားရမယ့် အခြေအနေပါ။
(၁၆) အိမ်နီးနားချင်း အသစ်တွေနဲ့ အဆင်ပြေပါ့မလား ?
ဒါကတော့ ကိုယ့်အပိုင်းပေါ့။ လူတိုင်းနဲ့ တည့်အောင်ပေါင်းလို့ အကျိုးယုတ်တယ် ဆိုတာ မရှိပါဘူး။
(၁၇) နေရာဒေသစ်ရဲ့ ရာသီဥတု အနေအထား ?
ရာသီဥတု....သိပ်တော့ အရေးကြီးလှတာ မဟုတ်ပါဘူး။ ကြာရင်တော့ နေသားကျသွားမှာပါ။
(၁၈) တကယ်လို့သာ အလုပ်သစ်မှာ အဆင်မပြေရင် ဘာဆက်လုပ်မလဲ ?
မစဉ်းစားလို့ မဖြစ်တဲ့ ကိစ္စပါ။ အလုပ်သစ်မှာ အဆင်မပြေတော့မှ အလုပ်ဟောင်းဆီ ပြန်သွားလို့ ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ Plan B ဆိုတာမျိုးပေါ့။ နိုင်ငံခြားကားတွေထဲမှာ မကြာမကြာ ကြားဖူးနေတဲ့ စကားတစ်ခုပါ။ ဒီတစ်ခု အဆင်မပြေရင် နောက်ဘာ ဆက်လုပ်မလဲပေါ့။
(၁၉) ကိုယ့်မိသားစု ပျော်ရွှင်မှာလား ?
(၂၀) ကိုယ်ကိုတိုင်ရော ပျော်ရွှင်မှာလား ?
ဒီ၂ချက်လုံးက လည်းအရေးပါ ပါတယ်။ ပျော်ရွှင်မှ အလုပ်လုပ်ရတာ အဆင်ပြေမှာပါ။ ကိုယ်ကိုတိုင်က မပျော်ရင်တော့ ဘယ်လောက်ပဲ လစာကောင်းကောင်း ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
နိဂုံးချုပ်
ဒါတွေအားလုံးဟာ နည်းပေးလမ်းပြ သဘောမျိုးပါပဲ။ အထောက်အကူ ဖြစ်စေတာမျိုးပါပဲ။ စဉ်းစားဆုံးဖြတ်ရမှာ ကိုယ်ကိုတိုင်ပါ။ အချက်အများစုနဲ့ မကိုက်ညီတာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် အဆင်ပြေမယ်လို့ ယုံကြည်ရင်တော့ ရှေ့ဆက်တိုးသင့်ပါတယ်။ အချက်အများစုနဲ့ ကိုက်ညီရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ။
အားလုံးအဆင်ပြေ ချောမွေ့ကြပါစေ။