ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနှင့်တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးလုပ်
ငန်းကော်မတီတို့သည်ပန်းတိုင်တခုတည်းဖြစ်သော်လည်းကိုယ့်နည်းကိုယ့်ဟန်ဖြင့်ခရီးဆက်သွားနေသည်ဟု ယမန်နေ့ ကျင်းပသော သတင်းစာဆွေးနွေးပွဲတွင် UNFC ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ် မွန်ပြည်သစ်ပါတီ အထွေ ထွေအတွင်းရေးမှူးလည်းဖြစ်သော နိုင်ဟံသာက သတင်းထောက်များအားပြောဆို လိုက်ပါသည်။
“WGEC ဟာ working group ပါဘဲ။ လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ အဖွဲ့ဖြစ်တယ်။ တိုင်းရင်းသား တွေစုစည်းဖို့ အစိုးရနဲ့ဆွေးနွေးဖို့ အစီအစဉ်တွေကိုညှိနှိုင်းချမှတ်နိုင်အောင် ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ်။အမြင်မတူ တာတွေ အနည်းအကျဉ်း ရှိတဲ့အတွက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားနေကြပါ
တယ်။” ဟု ပြောသည်။
UNFC မှကမကထပြုသောတိုင်းရင်းသားညီလာခံကို ဂျူလိုင်လ ၂၉ မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ကျင်းပခဲ့သည်။
ယမန်နှစ်ကကဲ့သို့တိုင်းရင်းသားညီလာခံကိုUNFC နှင့်WGECတို့ပူးပေါင်းလုပ်ဆောင်ခြင်းမရှိတော့သည့်

အပေါ် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွင်ထိခိုက်နိုင်မလားဟူသည့်သတင်းထောက်များမေးမြန်းချက်ကို
နိုင်ဟံသာက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ကျနော်တို့က အခုဆိုရင် အစိုးရနဲ့ဆွေးနွေးဖို့မူဘောင်လဲရေးဆွဲပြီးကြပြီ ။ ဒီတော့ UNFC အနေနဲ့ အရင်ကဆွေးနွေးလာခဲ့တဲ့ လုပ်ငန်းတွေ အပေါ် ရှေ့ဆက်ပြီးတော့ ဆွေးနွေးလုပ်ဆောင်သွားမှာဘဲ။ အဲဒီလိုလုပ်ဆောင် နေတဲ့အပေါ် အမြင်မတူတာတွေရှိတယ်။ ဥပမာ KNU တို့ တချို့ပုဂ္ဂိုလ်တွေ ဥပမာ RCSS တို့ ဘက်ကအမြင်မတူတာ တွေရှိခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စဟာ ကြီးကြီးမားမားပြဿနာမဟုတ်ပါဘူး။ အစိုရနဲ့နိုင် ငံရေး ဆွေးနွေးတဲ့အချိန်ကြရင် စုစုစည်စည်း နဲ့ ဆွေးနွေးကြမှာပါ ” ဟု ဩဂတ်စ်လ ၂ ရက် ချင်း မိုင်မြို့ ဝင်းပဲလေ့စ်တွင်ကျင်းပ
သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာက ပြောဆိုပါသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC သည် မိမိကိုယ်တိုင် ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် တိုင်းရင်းသားပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်း ကော်မတီ WGEC မှ နှုတ်ထွက်ကြောင်း ဂျွန်လအစောပိုင်းက အသိအလင်းထုတ်ပြန်ကြေငြာခဲ့သည်။
သျှမ်းသံတော်ဆင့်